ဟာသတစ်ခုလိုပါပဲ။

Mary ရဲ့ ဂီတအလုပ်နဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူက သဘောထားကို အခုလို ပြောပြလာပါတယ်။ ဒါပေမယ့် Mary ကတော့ သူ ဝါသနာပါတဲ့ အလုပ်ကို အောင်မြင်အောင်လုပ်ဖို့ စိတ်အားထက်သန်နေသူဖြစ်ပါတယ်။

 

အဆိုတော် Mary က လက်ရှိမှာ ပရိသတ်အချစ်တော် အဆိုတော်မလေးတစ်ယောက်ဖြစ်လို့နေပါပြီ။ သူ့ရဲ့ အနုပညာအလုပ်အပေါ်မှာလည်း မိခင်ဖြစ်သူက သဘောတူတာမျိုးတွေ မရှိဘူးဆိုတဲ့အကြောင်း မီဒီယာတွေကနေတဆင့် ရင်ဖွင့်ပြောပြခဲ့ပါတယ်။

'' အမေကလေ အစက မလုပ်စေချင်ဘူး၊ Mary ကို သီချင်းဆိုလို့ရမယ်လို့လည်း မထင်ဘူး။ အသံကောင်းတယ်လို့လည်း သူကမထင်ပါဘူး။ အသံလည်း မကောင်းပါဘူး။ Mary သီချင်းထွက်ရင်လည်း သူက လိုက်ပြီးတော့ ဟာသလုပ်နေတာ သူက ကျောင်းပြီးအောင်တက်စေချင် တယ်။ ဒါပေမယ့်လည်း Mary က အမေနဲ့ တိုင်ပဲ တိုင်ပင်တာ၊ အမေ လက်ခံခံ၊ မခံခံ လုပ်ဖြစ်တာများတယ်'' လို့ ဆိုပါတယ်။

 

Mary ဟာ သူ ဝါသနာပါရာ အလုပ်အပေါ် မှာလည်း အောင်မြင်ချင်တဲ့ စိတ်ရှိတယ်လို့ ဆိုပါတယ်။ ဒီလို အောင်မြင်ရဖို့ ကြိုးစားနေတဲ့ ရည်ရွယ် ချက်ကိုလည်း နိုဝင်ဘာလ ၂၆ ရက်နေ့က သူ့ရဲ့ အခွေသစ်လေးဖြစ်တဲ့  MIDNIGHT Thoughts တေးစီးရီးမိတ်ဆက်ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

'' Mary က အရမ်းအောင်မြင်ချင်တယ်။ ဒါက Maryလုပ်တဲ့ အလုပ်အပေါ်မှာ အောင်မြင်ချင်တာ။ အနုပညာဆိုလည်း အောင်မြင်ချင်တယ်။ စီးပွားရေးလောကမှာဆိုလည်း အောင်မြင်ချင်တယ်။ တစ်နေ့ အသက်ကြီးလာလို့ ဘာမှ မလုပ်တော့ရင်တောင်မှ Maryကို လက်တွဲမယ့်လူ၊ အမေတော်ရမယ့်ကလေးတွေက မျက်နှာမငယ်ရပဲ ဂုဏ်ယူရတဲ့သူတစ်ယောက်ဖြစ်ချင်တယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။

Fan တွေအတွက်ပဲ မြန်မာပြည်ကိုအပြီးပြန်လာဖို့စဉ်းစားထားတယ်ဆိုတဲ့ Mary 

ငယ်ငယ်ကတည်းက ဂျပန်မှာ ကျောင်းတက်ရင်း ကြီးပြင်းလာတဲ့ Mary က လက်ရှိမှာတော့ စကောလားရှစ် တက်နေသူဖြစ်ပါတယ်။ သူမ တတ်ကျွမ်းတဲ့ ပညာနဲ့ မြန်မာနိုင်ငံမှာ အလုပ်လုပ်ဖို့ကိုလည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

'' Mary ဂျပန်မှာကြီးတယ်ဆိုပေမယ့်၊ ဂျပန်မှာ အလုပ်မလုပ်ချင်ဘူး။ မြန်မာပြည်ပြန်ပြီးတော့ ဂျပန်-မြန်မာအကျိုးရှိတဲ့အလုပ်တွေ လုပ်ချင် တယ်။ ဒီနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့အလုပ်တွေ လုပ်ချင်တယ်။ ငယ်ငယ်လေးကတည်းက မြန်မာပြည်ကို ပြန်လာချင်တာ။ တစ်ယောက် တည်းပြန်လာဖို့လည်း စိတ်ကူးခဲ့ဖူးပါတယ်'' လို့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

 

ထူးခြားတဲ့ အသံပိုင်ရှင်လေး အဆိုတော် Mary ဟာ သူ့ရဲ့အသံက ငယ်ငယ်လေးကတည်းကလည်း ဒီအသံ အတိုင်းပါပဲတဲ့။ သူ့ရဲ့ ကိုယ်ပိုင် အသံ နဲ့ သီဆိုထားတဲ့ ဝဲ ၊ Mask ၊ 3 AM သီချင်းတွေကိုလည်း ပရိသတ်တွေက အားပေး လက်ခံကြလို့ သူ့ကိုယ်သူ ကံကောင်းသွားတာပါလို့ ဆိုပါတယ်။ Mary ရဲ့ သီချင်းအသစ်လေးတွေကလည်း မကြာခင် ပရိသတ်အရှေ့ရောက်လာတော့မှာပါ။

 

Share

Loading Next Article...
က္က