ဇာတ်လမ်း၊ဇာတ်ညွှန်းအလွှာ သာရေး၊နာရေးအတွက် သီးသန့်လှူခဲ့တာပါ။

ပြေတီဦးက ဇာတ်လမ်း၊ ဇာတ်ညွှန်း သာရေးနာရေး အဖွဲ့အတွက် ရန်ပုံငွေအနေနဲ့ အလှူငွေကျပ် သိန်း၁၀၀ ကို လှူဒါန်းခဲ့တယ် လို့ သိရပါ တယ်။ လက်ရှိမှာလည်း ပြေတီဦးဖောင်ဒေးရှင်း ကြီးမှာ ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။



Photo: ဦးအေးကြူလေး

 

သရုပ်ဆောင်အကယ်ဒမီပြေတီဦးက ဇာတ်လမ်း၊ ဇာတ်ညွှန်း သာရေး၊ နာရေး ရန်ပုံငွေအတွက် အလှူငွေကျပ် သိန်းတစ်ရာတိတိကို နိုဝင်ဘာ လ ၂၉ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာလှူဒါန်းခဲ့ပါတယ်။ ဒီအလှူငွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒု-ဥက္ကဌ ဦးအေးကြူလေးက လက်ခံရရှိခဲ့ပါတယ်။

''မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဇာတ်လမ်း ဇာတ်ညွှန်း သာရေး နာရေး၊ ရန်ပုံငွေအတွက်ရိုက်ကူးသော ဟီးရိုးနှင့်ဇီးရိုး ရုပ်ရှင်ဇာတ်ကား ကြီး တွင် သရုပ်ဆောင်ပြေတီဦးမှ ငွေကျပ် သိန်းတစ်ရာ တိတိပါဝင်လှူဒါန်းပါသည်'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် ၉ နာရီက ဦးအေးကြူ လေး ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

Photo: ပြေတီဦး

သာသနာ့ဘောင်ထဲ (၅) ရက် ဝင်မယ့် ပြေတီဦး  

အကယ်ဒမီပြေတီဦးဟာအနုပညာနဲ့ ပတ်သက်ပြီး အကယ်ဒမီဆုတွေလည်း ပိုင်ဆိုင်ထားသလို အနုပညာလုပ်ငန်းကနေရရှိလာတဲ့ ငွေကြေး နဲ့ တည်ထောင်ခဲ့တဲ့ ပြေတီဦး ဖောင်ဒေးရှင်းကြီးရဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်ပါတယ်။ ပြေတီဦးဟာ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူး နေရသလို ပရဟိတအလုပ်တွေလည်းလုပ်ရင်း မိသားစုကိုပါ အချိန်ပေးနေတယ်လို့ သိရပါတယ်။

Photo: ပြေတီဦး

 

ပြေတီဦးဟာ အာဒံရယ်၊ဧဝရယ်၊ဒဿရယ် ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၀ခုနှစ်အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် မှာ "လက်ပံ" ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၁၃ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ ၂၀၁၄ခုနှစ်မှာ နှလုံးသားဖြင့် ပြုလုပ်သည် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းအမျိုးသားဇာတ် ဆောင်ဆုကို ရရှိခဲ့သူတစ်ဦး ဖြစ် ပါတယ်။

Photo: ပြေတီဦး

 

ပြေတီဦးက လက်ရှိမှာလည်း ပြေတီဦးဖောင်ဒေးရှင်းကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းကို ငွေကျပ်(၁၀)သန်းနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နှစ်စဉ်ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် အတွက် ကျောင်းသားကျောင်းသူများကို ထောက်ပံ့ကြေး ပေးလျက်ရှိရာ ၂၀၁၇-၂၀၁၈ ပညာနှစ်အတွက် ဆေးတက္ကသိုလ်အတွက် (၆)ဦး စက်မှုတက္ကသိုလ် (၅)ဦးနဲ့ ဥပဒေအတွက်(၁)ဦး ဆိုပြီးတော့ ရွေးချယ်ခဲ့သေးတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က