ဒီနေ့မှာတော့ ၉ ရက်မြောက်ခဲ့ပါပြီတဲ့။

ခိုင်နှင်းဝေက နိုဝင်ဘာလ ၂၀ ရက်နေ့ကနေစပြီး ညောင်(၁၀)ပင် အဓိဌာန်ဝင်နေတာ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေနဲ့ ဘာသာရေး၊ ပရဟိတအရေးတွေကို လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်နေသူဖြစ်ပါတယ်။



Photo: ခိုင်နှင်းဝေ

 

သရုပ်ဆောင်ခိုင်နှင်းဝေက လက်ရှိမှာ ညောင် (၁၀)ပင် အဓိဌာန်ဝင်နေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ကတည်းက စဝင်ခဲ့ တာဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ မှာတော့ ၉ ရက်မြောက်နေ့ကို ရောက်ခဲ့ပြီလို့ သူကဆိုပါတယ်။

'' ညောင် (၁၀)ပင် အဓိဌာန် ၉ ရက်မြောက် ပူဇော်ပါတယ်။ ကောင်းမှုကုသိုလ်အားလုံးကို အမျှပေးဝေပါတယ်ရှင်'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၁၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် သူပြုထားတဲ့ ကုသိုလ်ကောင်းမှု အစုစုတွေကိုလည်း ပရိသတ်တွေဆီ မျှဝေပေးခဲ့ပါတယ်။

Photo: ခိုင်နှင်းဝေ

 

သရုပ်ဆောင် ခိုင်နှင်းဝေက နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်နေ့ အမှတ်တရ အလှူအဖြစ် ဒလမြို့နယ်၊ သပြေကုန်းကျေးရွာမှာရှိတဲ့ သာ့သနမုခ ဘုန်းတော်ကြီးကျောင်းမှာ ကထိန်အလှူပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် တစ်ရွာလုံးမှာရှိတဲ့ ပရိသတ် တွေကိုလည်း ထမင်း၊ဟင်း ဒါနပြုခဲ့တယ်လို့သိရပါတယ်။

'' တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ ဒလမြို့နယ် သပြေကုန်းကျေးရွာတွင် မဟာဘုံကထိန်လေးမှာ ညှက်သင်္ကန်းအပြည့်အစုံ ကထိန် ပိုက်ဆံပဒေသာပင် နှင့် ရွာလုံးကျွတ် စတုဒိတာ ထမင်း,ဝက်သားတုံးကြီးလက်သီးဆုပ်သဏ္ဏန်,ငါးခြောက်ကြော်,ငါးပိကြော်,သီးစုံ ပဲကုလား ဟင်း များနှင့်ကျွေးမွေးခဲ့ပါတယ်ရှင်'' လို့ ဆိုပါတယ်။

Photo: ခိုင်နှင်းဝေ

ကိုယ်ဝန်ဆောင် မိန်းကလေးကို စောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေ  

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင် ဆောင်ရွက်ပေး ဖြစ်နေ တယ် လို့ သိရပါတယ်။

Photo: ခိုင်နှင်းဝေ

 

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က