မယ်လိုဒီက ချစ်သုဝေရဲ့ မိခင်ကောင်းပီသမှုကို သဘောကျမိတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ အဲ့ဒီနောက် သားလေးသိဒ္ဒိစစ်က အားကိုးနေရပြီဆိုတာကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။
Photo: မယ်လိုဒီ
သရုပ်ဆောင်မယ်လိုဒီက အဆိုတော် ချစ်သုဝေရဲ့ သားသမီးတွေအပေါ်ထားတဲ့ စည်းကမ်းတွေကို သဘောကျတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် သားလေးအပေါ်ထားမိတဲ့ သူ့ရဲ့ စည်းကမ်းလေးတွေကိုလည်း ပြောပြထားပါသေးတယ်။
'' အမေတစ်ယောက်အနေနဲ့သားသားကို တီချယ်နီလာကျောင်းနဲ့SHICHIDA ကျောင်းမှာထားမိတာ မှန်ကန်သောဆုးံဖြတ်ချက်ပါ။ အမေ တစ်ယောက်အနေနဲ့သားသားကိုတီဗွီနဲ့ဖုန်း အချိန်ပိုင်းပေးကြည့်မိတာမေမေမတော်လို့ပါ။ ချစ်သုဝေကိုကြည့်ပြီး သဘောကျမိတယ်။ ထက် မြက် တဲ့ မိခင်ကောင်းပီသ လိုက်တာ သားလေးရေ မေမေ ဘယ်လိုလုပ်ရပါ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ် ဘွတ်မှာရေးသားခဲ့တာဖြစ်ပါတယ်။
Photo: မယ်လိုဒီ
ဝိတ်ချမယ်လို့ တွေးလိုက်မိတာ နေမကောင်းဖြစ်သွားတယ်ဆိုတဲ့ မယ်လိုဒီ
သားလေး သိဒ္ဓိစစ်ဟာ ငယ်ငယ်ကတည်းက ကလေးပစ္စည်းကြော်ငြာလေးတွေရိုက်ကူးနေရတာဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာအလုပ်ကနေ ရရှိလာတဲ့ ငွေကြေးနဲ့ အလှူအတန်းတွေလည်း လုပ်နိုင်ခဲ့တယ်။ မိဘတွေကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်ခဲ့တယ်ဆိုတာကိုလည်း မယ်လိုဒီရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။
Photo: မယ်လိုဒီ
သရုပ်ဆောင်အကယ်ဒမီ မယ်လိုဒီရဲ့ သားလေးကတော့ အခုဆိုရင် ၃ နှစ်ကျော်အရွယ်ရောက်နေပါပြီ။ သားလေး သိဒ္ဓိစစ်ကတော့ ဇွန်လ ၄ ရက်နေ့ကတည်းက ကျောင်းစတတ်နေရပြီလို့ သိရပါတယ်။မွေးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။
Photo: မယ်လိုဒီ
သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ မကြာ ခဏ ဆိုသလို တင်လေ့ရှိပါတယ်။ မယ်လိုဒီက အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။