မြင်စိုင်းသားအောင်အောင် လို့ ခေါ်ပါတယ်။

ခရစ္စတီးနားခီရိုက်ကူးမယ့် '' ထာဝရ နှောင်ကြိုး'' ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နောက်ထပ်ပါဝင်လာသူတစ်ဦး ကတော့ ဝါရင့် သရုပ်ဆောင် အက်ရှင်မင်းသားကြီး မြင်စိုင်းသားအောင်အောင် ဖြစ်ပါတယ်။ အခုချိန်ထိလည်း အနုပညာအလုပ်တွေ လုပ်နေ ရသူပါ။

Photo: ထာဝရနှောင်ကြိုး

 

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးမယ့် Now & Ever (ထာဝရနှောင်ကြိုး) ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဝါရင့်အက်ရှင်မင်းသားကြီးတစ်ယောက် ဖြစ်တဲ့ မြင်စိုင်းသားအောင်အောင်ကလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။ သူ့ကိုတော့ ဦးကိုကိုမောင် ဆိုတဲ့ ကာရိုက်တာနဲ့ မြင်ရဦးမယ်လို့ ဆိုပါတယ်။

'' ဦးကိုကိုမောင် အဖြစ် အနုပညာရှင်ကြီးမြင်စိုင်းသားအောင်အောင်။ ကျွန်တော် မြင်စိုင်းသားအောင်အောင်ပါ။ ၁၉၇၂ ခုနှစ် ကစပြီး အနု ပညာ လောကထဲစရောက်ခဲ့ပါတယ်။ ရုပ်ရှင်ကားကြီး (၈၀)ခန့် ရိုက်ကူးပြီးဖြစ်ပါတယ်။ မြင်စိုင်းသားရုပ်ရှင်ထုတ်လုပ်ရေးဖြင့်လည်း (၁၁)ကား ထုတ်လုပ်ခဲ့ပါတယ်'' ဆိုပြီးတော့ ထာဝရနှောင်ကြိုး ဖေ့စ်ဘွတ်ပေ့ချ်မှာ ဒီဇင်ဘာလ ၂ ရက်နေ့ ည ၈ နာရီခွဲက ရေးသားခဲ့ပါတယ်။

Photo: ထာဝရနှောင်ကြိုး

 

မြင်စိုင်းသား အောင်အောင်ရဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေကတော့ '' ဒူးမထောက် လက်မမြှောက်'' ရုပ်ရှင် ဇာတ် ကား၊ '' အဖေနဲ့ သားသုံးယောက်'' ဗီဒီယိုဇာတ်ကား၊ ''ကျားခင်စိန်'' ရုပ်ရှင်ဇာတ်ကားတို့အပြင် နောက်ထပ်ဇာတ်ကားတော်တော်များများ တွေ မှာလည်း အဓိက ဇာတ်ကောင်နေရာတွေက ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရ ပါတယ်။

Photo: မြင်စိုင်းသားအောင်အောင်

ခီဇနီးမောင်နှံရဲ့ တတိယမြောက် ရုပ်ရှင်မှာ ပါဝင်မယ့် ပိုင်ဖြိုးသု 

ခရစ္စတီးနားခီရိုက်ကူးမယ့် တတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ '' ထာဝရနှောင်ကြိုး'' ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ဇဏ်ခီ နဲ့ ပိုင်ဖြိုးသု တို့အပြင် တခြား သရုပ်ဆောင်သစ် တွေ လည်း ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်မယ့် သရုပ်ဆောင် အသစ်တွေ ကိုလည်း စက်တင်ဘာလ အတွင်းကတည်းက သေချာရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Photo: မြင်စိုင်းသားအောင်အောင်

 

ခရစ္စတီးနားခီဟာ အခုဆိုရင် အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်လျှက်ရှိပါတယ်။ ခင်ပွန်းဖြစ်သူ ဇဏ်ခီကလည်း အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ သူရိုက်ကူးပြီးခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်အခိုင်အမာ ရရှိခဲ့ပြန် ပါတယ်။

Share

Loading Next Article...
က္က