ပြီးပြည့်စုံတဲ့ မိသားစုလေးပါ။

မယ်လိုဒီအတွက်တော့ ပြီးပြည့်စုံတဲ့ မိသားစုလေးတစ်ခုဖြစ်ဖို့အတွက် အကြောင်းအရာတွေ များစွာနဲ့ တည်ဆောက်ထားတဲ့ အကြောင်းတွေကို ရင်ဖွင့်ပြောပြထားပါတယ်။ လက်ရှိမှာတော့ မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်က ၃ နှစ်ကျော်အရွယ်ကို ရောက်ရှိလာပါပြီ။



Photo: Amazing Grace

 

သရုပ်ဆောင် မယ်လိုဒီက အနုပညာအလုပ်တွေ လုပ်နေတဲ့ကြားက မိသားစုကိုလည်း အချိန်ပေးတတ်သူတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ ဇနီးကောင်းတစ်ယောက်၊ မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ပြီးပြည့်စုံတဲ့ မိသားစုလေးကို တည်ဆောက်ရတဲ့ အကြောင်းတွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

'' မိသားစု  ကျွန်မအတွက်မိသားစုဆိုတာ ချစ်ခြင်းမေတ္တာ၊ ကိုယ်ခြင်းစာတရား၊ နားလည်မူ၊ အကျင့်သိက္ခာထိန်းသိမ်းခြင်း၊ သစ္စာစောင့်သိခြင်း များဖြင့် တည်ဆောက်ရပါသော မိသားစု ။ ၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်'' ဆိုပြီး တော့ ဒီဇင်ဘာလ ၂ ရက်နေ့ ည ၈ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: မယ်လိုဒီ

ချစ်သုဝေကို သဘောကျတဲ့အကြောင်းတွေပြောလာတဲ့ မယ်လိုဒီ 

မယ်လိုဒီဟာ လက်ရှိမှာ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူချစ်ရတဲ့ ခင်ပွန်းကတော့ စီးပွားရေးသမားတစ် ယောက်ဖြစ်ပါတယ်။ သူချစ်ရတဲ့ သားလေး သိဒ္ဓိစစ်ကတော့ ကျောင်းတက်နေတဲ့အရွယ်ဖြစ်ပြီး ပရိသတ်များစွာတို့ရဲ့ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင် ထားတဲ့ ကလေးလေး ဖြစ်ပါတယ်။

Photo: မယ်လိုဒီ

 

သရုပ်ဆောင်အကယ်ဒမီ မယ်လိုဒီရဲ့ သားလေးကတော့ အခုဆိုရင် ၃ နှစ်ကျော်အရွယ်ရောက်နေပါပြီ။ သားလေး သိဒ္ဓိစစ်ကတော့ ဇွန်လ ၄ ရက်နေ့ကတည်းက ကျောင်းစတတ်နေရပြီလို့ သိရပါတယ်။မွေးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။

Photo: မယ်လိုဒီ

 

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ မကြာ ခဏ ဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်ကို မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က