ပပဝင်းခင်က ထီပေါက်ခဲ့တဲ့ ငွေကို မိဘကို တစ်ဝက်၊ ကုသိုလ်ရေးကို တစ်ဝက် လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ သူမက လက်ရှိမှာတော့ စီးပွား ရေးဘက်မှာ ပိုပြီး အာရုံစိုက်ဖြစ်နေတာကို တွေ့ရပါတယ်။
Photo: ပပဝင်းခင်
သရုပ်ဆောင် ပပဝင်းခင်က ၂၁ ကြိမ်မြောက် ထီကံထူးရှင်အဖြစ် ကျပ် ၁ သိန်းဆုကို ကံထူးခဲ့တယ်လို့ ဆိုပါတယ်။ ထီပေါက်ခဲ့တဲ့ ငွေ အားလုံးကိုလည်း မိဘနှစ်ပါးနဲ့ အတူ ရွှေဆံတော် ( ရှင်ကိုးရှင် ) ဘုရားမှာ အလှူလုပ်ခဲ့တယ် လို့ သိရပါတယ်။
''Sweet December1 မှာ ပပ, ထီ 100000ပေါက်တယ်ရှင့် ,ဘယ်လောက်ပေါက်ပေါက် အားလုံးကို အမြဲတမ်းလှူဖို့အတွက်ပဲ ရည်စူးထားလို့ ကြည်နူးရပါတယ်။ မင်္ဂလာရှိသော ငွေသားကို ဘုရားမှာ 50000လှူပြီး , ကျေးဇူးရှင်မိဘနှစ်ပါးကို 50000ကန်တော့ပါမည်။ များစွာ သော သာသနာ ပြုခွင့်လှူခွင့်ရပါစေ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။
Photo: ပပဝင်းခင်
ပပဝင်းခင်က အနုပညာအလုပ်တွေ မလုပ်ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ လက်ရှိမှာလည်း မိသားစုနဲ့အတူ စီးပွားရေးဘက်ကို အခြေစိုက် လုပ်ကိုင်ဖြစ်နေတာကို တွေ့ရပါတယ်။ သူမကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးပါ။ အခုချိန်ထိလည်း သူမရဲ့ ပရိသတ်တွေက ဇာတ်ကားတွေ ပြန်ရိုက်ဖို့ တောင်းဆိုနေတာတွေလည်း ရှိပါတယ်။
Photo: ပပဝင်းခင်
သုံးဆယ်ကျော်အလှနဲ့ ပရိသတ်တွေကို ဖမ်းစားနေတဲ့ ဆယ်လီမမ (၈) ဦး
အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့်လည်း သူမရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ အမြဲတမ်း အဆက်အသွယ်လုပ်နေတာကိုလည်း တွေ့ရပါတယ်။ အဲ့ဒီနောက် လူမှုကွန်ယက် စာမျက်နှာကနေ Comment လာပေးသူတိုင်းကို စကားပြန်ပြောလေ့ရှိပါတယ်။
Photo: ပပဝင်းခင်
အသက် ၃၀ ကျော်ပြီဖြစ်တဲ့ ပပဝင်းခင်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလာဟလတွေလည်း မရှိသလို ပရိသတ်ကိုလည်း ဖွင့်ဟပြော ပြလာတာမျိုး မရှိသေးပါဘူး။ စီး ပွားရေး အလုပ်တွေ၊ ဘာသာရေးအလုပ်တွေနဲ့ ပျော်ရွှင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့ အစ်ကိုဖြစ်သူ သရုပ်ဆောင် ကျော်ရှိန်းကလည်း မိသားစု စီးပွားရေးတွေမှာ ဝိုင်းဝန်းဆောင်ရွက်နေတာကို တွေ့ရပါတယ်။