ဒီနေ့ကတော့ သူ့ရဲ့ မွေးနေ့လေးဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က ဒီနေ့(ဒီဇင်ဘာလ ၄) ရက်နေ့မှာပဲ အသက် ၃၁ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့လေးမှာတော့ သူငယ်ချင်းတွေ၊ We Love တွေရဲ့ Birthday Surprise ကြောင့် ဝမ်းသာပျော်ရွှင်နေတာကို တွေ့ရပါတယ်။



Photo: သင်ဇာဝင့်ကျော်

 

ဒီဇင်ဘာလ ၄ ရက်နေ့က သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒီမွေးနေ့လေးမှာလည်း သူငယ်ချင်းတွေဖြစ်တဲ့ ခိုင်သဇင်ငုဝါ၊ ချာလီ၊ စည်သူဟိန်းနဲ့  ဟိန်းထက်မင်းထွန်း တို့ရဲ့ Birthday Surprise လုပ်ခြင်းကို ခံခဲ့ရပါတယ်။ ဒီ့အတွက်လည်း သူ့ရဲ့ ခံစားချက်တွေကို အခုလိုပြောပြထားပါသေးတယ်။

'' Thx u all so much for surprise birthday cake & present . it means a lot to me @khaing_thazin_ngu_wah @charliekelen @sithuhein146 @hein_htet_min_htun'' ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာကို တွေ့ရပါတယ်။

Photo: သင်ဇာဝင့်ကျော်

လိုချင်တဲ့ ချစ်သူပုံစံမျိုးကို ဖွင့်ပြောလာတဲ့ သင်ဇာဝင့်ကျော် 

သင်ဇာဝင့်ကျော်က ဒီနေ့မှာတော့ အသက် ၃၁နှစ် ပြည့်တာဖြစ်ပါတယ်။ ဒီနေ့မွေးနေ့မှာလည်း သူငယ်ချင်းတွေသာမက ပရိသတ်တွေ ကလည်း Birthday Surprise လုပ်ခဲ့ကြပါသေးတယ်။ အဲ့ဒီနောက် ဖေ့စ်ဘွတ် Comment ကနေတဆင့် နောက်ထပ်ပရိသတ်များစွာတို့ ကလည်း မွေးနေ့ဆုတောင်းစကားတွေ ပြောပြထားတာတွေ့ရပါတယ်။

Photo: သင်ဇာဝင့်ကျော်

 

သူမဟာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ် ပါတယ်။ မကြာသေးခင်ကလည်း ချစ်သူနဲ့ လမ်းခွဲ ခဲ့တာကြောင့် အခုဆိုရင်တော့ သူ့ရဲ့ အချစ်ရေးက တစ်ယောက်တည်းဖြစ်နေပြီလို့ သိရပါတယ်။ Single ဖြစ်နေတဲ့ သင်ဇာကတော့ သူ့ကို နားလည်ပေးနိုင်မယ့် ချစ်သူကိုတော့ ရွေးချယ်နေတုန်းပဲ လို့ ဆိုပါတယ်။

'' ရွေးနေတုန်းဆိုတာကတော့ အမြဲတမ်း ရွေးနေရတာပဲလေ၊ ဘာကြောင့်လဲ ဆိုတော့ ရွေးချယ်စရာတွေက အများကြီးပေါ်ပေါ်လာတာကို။ အပျိုကြီးလို့ အခေါ်ခံရတာပေါ့ အသက် ၂၈ နှစ်ကတည်းက အပျိုကြီးလို့ အခေါ်ခံရတာ။ အခု ၃၀ ရောက်ပြီဆိုတော့ ပိုတောင် အခေါ်ခံရသေး တယ်'' ဆိုတာကို အောက်တိုဘာလ ၂၅ ရက်နေ့က လျှို့ဝှက်စာတမ်း ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: သင်ဇာဝင့်ကျော်

 

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှား မှုတွေ ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က