သူပြောနေချိန်မှာ အနားကလူတွေက ရယ်နေကြပါတယ်။

စည်ဖြိုးက မင်းသွေးနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ ''သတ်ကွင်း'' ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဘဝတစ်သက်စာ မမေ့နိုင်စရာအမှတ်တရ တွေရှိခဲ့တယ်လို့ ဆိုပါတယ်။ မင်းသွေးရဲ့ ဂရုတစိုက်ရှိခဲ့တဲ့ အကြောင်းတွေကို ပြောပြလာပါတယ်။

Photo: သတ်ကွင်း

 

သရုပ်ဆောင် စည်ဖြိုးက '' သတ်ကွင်း'' ရုပ်ရှင် ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ဘဝတစ်သက်တာ မေ့လို့မရတဲ့ အမှတ်တရ ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။ ဒီဇာတ်ကားကို တောတွေ၊ တောင်တွေကြားမှာ ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတာကြောင့်လည်း ကျန်းမာရေးအခြေအနေအရ မမေ့နိုင်တဲ့ အကြောင်းတွေရှိခဲ့တယ်ဆိုတာကို မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

''တောက်လျှောက် အအေးတွေမိထားတော့၊ အိပ်ရေးတွေလည်း ပျက်ထားတော့ ရုတ်တရက် ကျွန်တော့် ခန္ဓာကိုယ်ထဲ ထောက်ကနဲဖြစ် သွား တယ်။ ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတစ်ခုက ကိုယ်နဲ့ လွတ်ထွက် သွားသလို ခံစားရတယ်။ ဘာဖြစ်မှန်းမသိတဲ့နောက် ကျွန်တော် သိလိုက် ရတာက အူကျတာပေါ့နော်။ တော်သေးတာက ဒီလို အူကျတဲ့ ကိစ္စကြီးနဲ့ သတ်ကွင်းကို ပြီးအောင် ရိုက်နိုင်ပါ့မလား။ ရာသီဥတု ကြောင့်လည်း ပါပါတယ်။ ကျွန်တော့် ဘဝတစ်သက်စာမေ့လို့မရတဲ့ အမှတ်တရ ဖြစ်သွားတယ်'' လို့ သူကဆိုပါတယ်။

Photo: သတ်ကွင်း

 

အဲ့ဒီနောက် ဇာတ်ကားရိုက်နေတဲ့အချိန်မှာ စည်ဖြိုး ရဲ့ ကျန်းမာရေးအခြေအနေအပေါ် မင်းသွေးက ဂရုတစိုက်ရှိပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုအတွေ့အကြုံမျိုးကိုလည်း ခံစားခဲ့ဖူးတာ မရှိဘူးလို့ ဒီဇင်ဘာလ ၃ ရက်နေ့က သတ်ကွင်း ရုပ်ရှင်ဇာတ်ကား သတင်းစာရှင်းလင်းပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' ကိုမင်းသွေးနဲ့ ပတ်သက်တဲ့ အမှတ်တရကလည်း အူကျတာကို တစ်ခါမှလည်း မခံစားဖူးတော့ ကျွန်တော့်အတွက် အသစ်ဖြစ်နေတာပေါ့။ အဲ့ဒီမှာ ရိုက်ကူးတဲ့အချိန်နောက်ကျသွားမှာဆိုးလို့ ဘေးနားကနေ ဘာလုပ်ရမယ် ဆိုတာကို ပြောပြပါတယ်။ သူ အမြတ်တနိုးထားတဲ့ လက်အိတ်ထဲကို ရေခဲထည့်ပြီး ကျွန်တော့်ကို လုပ်ပေးပါတယ်။ အဲ့ဒီလောက်အထိ ကျွန်တော့်အပေါ်မှာ ဂရုတစိုက်ရှိပါတယ်'' လို့ ပွင့်ပွင့်လင်း လင်းပြောပြခဲ့ပါတယ်။

မင်းသွေးကို သတိရတဲ့စိတ်နဲ့ ဒီလို အမှတ်တရ တစ်ခုကို ပွင့်ပွင့်လင်းလင်းပြောပြလာချိန်မှာလည်း ဘေးနားမှာရှိကြတဲ့ သရုပ်ဆောင်နေရဲ၊ ဒါရိုက်တာ သားညီ၊ သရုပ်ဆောင် နေတိုး တို့က သဘောကျရယ်မောခဲ့ကြပါသေးတယ်။

Photo: သတ်ကွင်း

မိဘနှစ်ပါးကိုလည်း မမေ့သလို အဘွားကိုလည်း မမေ့ဘူးဆိုတဲ့ စည်ဖြိုး 

သရုပ်ဆောင် မင်းသွေးနဲ့  စည်ဖြိုးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ''သတ်ကွင်း'' ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၁၄ ရက်နေ့ကျရင် မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ် ဒီဇာတ်ကားကြီးကို သားညီကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပြီး သရုပ်ဆောင် မင်းသွေး၊ စည်ဖြိုး၊ နေရဲ နဲ့ ထူးခြားတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: သတ်ကွင်း

 

စည်ဖြိုးဟာ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု ပြုုလုပ်နေပေမယ့်လည်း ဇာတ်လမ်းလေးတွေကို ရွေးချယ်ရိုက်ကူးလျက်ရှိပါတယ်။ လက်ရှိမှာ လည်း "အလင်းထဲကလူ "အက်ရှင်ဇာတ်လမ်းတွဲရိုက်ကူးနေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့သော လပိုင်း လောက်ကလည်း ဒါရိုက်တာ စတီးရိုက်ကူးခဲ့တဲ့ ""နိုင်ငံကြီးသား" ရုပ်ရှင်ဇာတ်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က