ဒီဇင်ဘာလ ၃ ရက်နေ့ကတော့ သူမရဲ့ မွေးနေ့ပါ။

ပိုးကြာဖြူခင်ရဲ့ အသက် ၂၆ နှစ်ပြည့် မွေးနေ့မှာတော့ အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။ သူ့ကိုတော့ ဆိုင်းမိုင်ဆိုတဲ့ ဇာတ်ကောင်ကာရိုက်တာနဲ့ ပရိသတ်တွေ အားပေးလာခဲ့တာပါ။

Photo: ပိုးကြာဖြူခင်

 

ဆိုင်းမိုင်လို့ လူသိများလှတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်ရဲ့ အသက် ၂၆ နှစ်ပြည့် မွေးနေ့ကိုတော့ ဒီဇင်ဘာလ ၃ ရက်နေ့က ရန်ကုန် ဗဟိုအမျိုး သမီး ဆေးရုံမှာ တစ်ရက်စာ ထမင်းဟင်း အလှူပြုလုပ်ခဲ့ပါတယ်။ ဒီအလှူလေးကနေ ရရှိလာတဲ့ စိတ်ခံစားချက်ကိုလည်း အခုလို ရင်ဖွင့်ပြောပြ ထားပါတယ်။

'' ဒီနေ့ညနေ ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံမှာ ဒေါ်ဆိုင်းမိုင်လေးရဲ့ မွေးနေ့အလှူ လုပ်ခဲ့ပါတယ်။ အရမ်းကို ပျော်ရွှင်ပြီး ပီတိဖြစ်မိပါတယ် ရှင်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့ညနေ ၅ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။ သူ့ရဲ့ မွေးနေ့ အလှူလေးကိုလည်း ပရိသတ်တွေက သာဓု ၃ ကြိမ် ခေါ်ခဲ့ကြတာကို တွေ့ရပါတယ်။

Photo: ပိုးကြာဖြူခင်

 

ပိုးကြာဖြူခင်ဟာ မကြာသေးခင်က ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ အနုပညာအလုပ်ပေါ်မှာလည်း ဖခင်က အားပေးမှု အများကြီး ရှိခဲ့တယ်လို့ဆိုပါတယ်။ ပရိသတ်အားပေးမှုများစွာ ရှိခဲ့တဲ့ မိုးကောင်ကင် အိပ်မက်ဇာတ်လမ်း တွဲမှာလည်း ဘေးကနေ ရာနှုန်းပြည့် ပံ့ပိုးကူညီမှုတွေရှိတယ်လို့ သူကပြောပါတယ်။

'' အနုပညာအလုပ်ကို စလုပ်ဖြစ်တယ် ဆိုတာကလည်း ညီမအဖေ အားပေးလို့ပေါ့နော်။ အမေကကျတော့ ပညာရေးကိုပဲ ဦးစားပေးပြီး လုပ်စေချင်တယ်။ အဖေကတော့ ညီမကို အရမ်းအလိုလိုက်တယ်၊ သူကိုယ်တိုင်ကလည်း ငယ်ငယ်တုန်းက မင်းသားဖြစ်ချင်ခဲ့တာလေ။ အဲ့ဒီအတွက်ကြောင့်လည်း ညီမကို အားပေးခဲ့တာပါ'' လု့ိ ဆိုပါတယ်။

Photo: ပိုးကြာဖြူခင်

အနုပညာအလုပ်ကို နှစ်ဆပိုကြိုးစားသွားမယ့် ပိုးကြာဖြူခင် 

ပိုးကြာဖြူခင်ဟာ အခုဆိုရင်တော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့သူဖြစ်ပါတယ်။ လိုက်ဖက် တဲ့ ဇာတ်ရုပ်လေးတွေကြောင့်လည်း ပရိသတ်တွေရဲ့ အမြင်ကို စွဲစေနိုင်တဲ့ သူပါ။ သူဟာ ဖခင်ဖြစ်သူရဲ့ ဆုံးမ စကားတွေကြောင့် ဒီ့ထက်ပို တော်တဲ့သူဖြစ်အောင် ကြိုးစားမယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: ပိုးကြာဖြူခင်

 

ပိုးကြာဖြူခင်ကို ဝင်္ကဘာစံအိမ် ၊ မမသိမ့်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိ ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။သူ့ရဲ့ အနုပညာ လှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်းရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က