Miss Supranational 2018 ပြိုင်ပွဲ ကြီးက သိပ်မကြာခင်ပြီးတော့မှာပါ။

ရွှေအိမ်စည်ကတော့ ပိုလန်နိုင်ငံရဲ့ karpacz မြို့မှာ ပျော်နေပြီလို့ ဆိုပါတယ်။ လက်ရှိယှဉ်ပြိုင်နေရတဲ့ Miss Supranational 2018 ပြိုင်ပွဲ ကြီးအတွက်လည်း အကောင်းဆုံးပြင်ဆင်ထားတဲ့အကြောင်း ဆက်လက်ပြောပြထားပါတယ်။

Photo: ရွှေအိမ်စည်

 

ရွှေအိမ်စည်က Miss Supranational Myanmar 2018 ပြိုင်ပွဲကြီးအတွက်  ပိုလန်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။ နိုင်ငံတကာ ကနေ လာရောက်ယှဉ်ပြိုင်ကြတဲ့ အလှမယ်တွေနဲ့ အတူ karpacz မြို့ထဲကို လျှောက်လည်ကြရင်း ပျော်ရွှင်နေတဲ့အကြောင်းတွေကိုလည်း အခုလို ပြောပြလာပါတယ်။

'' နားချိန်လေး gym ကစားပီးတော့ karpacz မြို့ထဲ လမ်းပတ်လျှောက်လိုက်တယ် ရာသီဥတုလေးလည်းသာယာတော့ ကွက်တိ ခါတိုင်းဆို နှင်းကျလိုက် မိုးရွာလိုက် ထွက်လို့သိပ်မကောင်းဘူး။ ပြန်မလာချင်တော့ဘူးကွာ ဒီမှာပဲနေတော့မယ် Christmas နဲ့ဆိုကွက်တိပဲ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့ ည ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: ရွှေအိမ်စည်

 

Miss Supranational 2018 ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ သူမက အခုဆိုရင် ပရိသတ်အားပေးမှုအများဆုံးရရှိထားတဲ့ အလှမယ်တစ်ဦး ဖြစ်ပါတယ်။ Instagram မှာလည်း voting များစွာ ပိုင်ဆိုင်ထားသလို Facebook Page မှာလည်း အားပေးမှုများစွာ ပိုင်ဆိုင်လျှက်ရှိပါတယ်။ အဲ့ဒီနောက် ဒီဇင်ဘာလ ၂ ရက်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ Preliminary Evening Gown ရဲ့ Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

ကိုယ်ပိုင်အရည်အချင်းနဲ့ အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့ ရွှေအိမ်စည် 

Photo: ရွှေအိမ်စည်

 

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီး ယှဉ်ပြိုင်နေရစဉ်အတွင်းမှာပဲ စိတ်ဖိစီးမှုတွေ များခဲ့တာကြောင့် ကျန်းမာရေး မကောင်း ဖြစ်ခဲ့ပါတယ်။ ဒီ့အတွက်လည်း ပြိုင်ပွဲသွားမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ရတဲ့ သတင်းတွေကြောင့် စိုးရိမ်စိတ်များနေကြတဲ့ ပရိသတ်တွေကိုလည်း နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက Miss Supranational 2018 ပြိုင်ပွဲသွားခါနီး စကားလက်ဆောင်ပါးခဲ့ပါသေးတယ်။

'' ကိုယ်က အခုလည်း နည်းနည်းနွေးနေတုန်းပဲ လူက နည်းနည်းယိုင်ချင်သလိုဖြစ်နေတာ တကယ်တော့လေ။ ဒါပေမယ့် အဆင်ပြေပါတယ်။ အိမ်စည်ပြန်လာလို့ရှိရင်တော့ အားလုံးကို စုံစုံလင်လင်တွေ့ချင်တယ်။ အဲ့ဒီအတွက်ကြောင့် အိမ်စည်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစား ခဲ့မယ်၊ ပြန်လာရင် အားလုံးနဲ့ ဆုံချင်ပါတယ်'' လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: ရွှေအိမ်စည်

 

Miss Supranational 2018 ပြိုင်ပွဲကြီးကိုတော့ နိုင်ငံပေါင်းများစွာတို့က အလှမယ် အသီးသီး တို့ကလည်း လာရောက်ယှဉ်ပြိုင်ကြတာ ဖြစ်ပါ တယ်။ ဒီ့အတွက်ကြောင့်လည်း ရွှေအိမ်စည် အတွက် အကောင်းဆုံးဖြစ်ဖို့ ပရိသတ်တွေရော၊ Organa zation က ပါ အားပေးနေကြတာကို တွေ့ရပါတယ်။ ပြိုင်ပွဲအတွက် Voting စနစ်တွေလည်း စတင်နေပြီလု့ိ သိရပါတယ်။ ဒီပြိုင်ပွဲကြီးကို ဒီဇင်ဘာလ အတွင်းမှာ Final ပွဲကျင်းပ သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က