ဘာလို့လဲမသိဘူးနော်။

ဒါရိုက်တာ ကိုပေါက်(ရှင်ဥပသမ)က သူငယ်ချင်းဖြစ်သူ ပြေတီဦး(ရှင်ပညာနန္ဒ)ကို ကျေးဇူးတင်စကားပြောထားပါတယ်။ ရဟန်းခံခဲ့သမျှ ဒီတစ်ခါ ရဟန်းခံခြင်းမှာ စိတ်ထဲကျေနပ်မှု အရဆုံးဖြစ်လို့ ကိုပေါက်က ပြောထားပါတယ်။



Photo : ကိုပေါက် FB

 

သာ့သနာ့ဘောင်ထဲ ဝင်နေတဲ့ ဒါရိုက်တာ ကိုပေါက်က သူငယ်ချင်းဖြစ်သူ ပြေတီဦးကို ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ နိုဝင်ဘာ(၃၀) ရက်နေ့ ပြေတီဦးရဲ့ မွေးနေ့မှာ သူငယ်ချင်းနဲ့အတူ ဒါရိုက်တာ ကိုပေါက်လည်း သာသနာ့ဘောင်ထဲသို့ လိုက်ဝင်ခဲ့ပါတယ်။ သာသနာ့ ဘောင် ထဲမှာ (၅) ရက်တိတိ တရားအားထုတ်နေတဲ့ ကိုပေါက်(ရှင်ဥပသမ)ဟာ ဒီတစ်ခါ ရဟန်းခံခြင်းဟာ သူ့အတွက် စိတ်ထဲကျေနပ်မှု အရ ဆုံးဖြစ် ခဲ့တယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

Photo : ကိုပေါက် FB

 

"ရဟန်းခံခဲ့သမျှထဲမှာ ဒီတစ်ခါရဟန်းခံခြင်းမှာ စိတ်ထဲကျေနပ်မှု့အရဆုံးဖြစ်ခဲ့တယ်" ဆိုပြီး ဒါရိုက်တာ ကိုပေါက်(ရှင်ဥပသမ)ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။ ဒီနေ့(ဒီဇင်ဘာ၄ရက်)မှာ မှော်ဘီမြို့မှာရှိတဲ့ ဆရာတော် ဆေကိန္ဒရဲ့ ဓမ္မဒူတကျောင်းမှာ တရားအား ထုတ်နေကြတဲ့ ပြေတီဦး(ရှင်ပညာနန္ဒ)နဲ့ ကိုပေါက်(ရှင်ဥပသမ)တို့အပြင် အခြားသော ရဟန်းများက ရပ်ကွက်ထဲသို့ ဆွမ်းခံကြွခဲ့ ကြပါ သေးတယ်။

Photo : ကိုပေါက် FB

ရုပ်ရှင်အစည်းအရုံးကို ကျပ်သိန်း ၁၀၀ လှူခဲ့တဲ့ ပြေတီဦး 

ပြေတီဦးရဲ့ အသက်(၄၀) ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရဟန်းဝတ်တဲ့ အထဲမှာ ပြေတီဦးနဲ့အတူ သရုပ်ဆောင်ကျော်ရဲအောင်၊ ကိုပေါက်၊ ညီထွဋ်ခေါင်၊ ကျော်ကျော်၊ နေလင်းတို့အပြင်အခြားသော အနုပညာရှင်များကပါ ရဟန်းခံခဲ့ကြတာဖြစ်ပါတယ်။

ကိုပေါက်ဟာ လက်ရှိမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးလျက်ရှိပါတယ်။

Photo : ကိုပေါက် FB

 

ကိုယ်ပိုင်ရုပ်ရှင်ထုတ်ရးတစ်ခုဖြစ်တဲ့ သော်ဝန်းကြာဖြူ ရုပ်ရှင်ထုတ်လုပ်ရေး အတွက ်ဇာတ်ကားတွေ ရိုက်နေသလို မကြာခင်မှာလည်း ထုတ် လုပ်ရေးရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ '' အသည်းလေးတွေ ပေးပါ'' ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသနိုင် ဖို့အတွက် ကြိုးစားလျက်ရှိပါတယ်။

သော်ဝန်းကြာဖြူရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ဆယ်လီရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က