ဒီဇာတ်ကားက ဘာဇာတ်ကားလေးဖြစ်မလဲ။

ဖွေးဖွေးက လွန်ခဲ့တဲ့ ၄ နှစ်တုန်းကရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ခွင့်ရတော့မှာဖြစ်လို့ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ လက်ရှိ မှာတော့ သူမက ရိုက်ကူးရေးတွေ နားထားတယ်လို့ ဆိုပါတယ်။



Photo: စိုင်းစိုင်း

 

ဖွေးဖွေးတစ်ယောက်  ငယ်ဘဝကို အလွမ်းပြေစေမယ့် ရုပ်ရှင်ဇာတ်ကားလေးအကြောင်းပြောပြလာပါတယ်။ ဒီဇာတ်ကားကိုတော့ '' ရည်းစား တစ်ဝမ်းကွဲ'' လို့ နာမည်ပေးထားတာဖြစ်ပြီး မကြာခင် ပရိသတ်အရှေ့ရောက်လာတော့မှာဖြစ်လို့ သူကိုယ်တိုင်လည်း ဒီဇာတ်ကားလေးကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေတဲ့အကြောင်း ပြောပြလာပါတယ်။

''လွန်ခဲ့ တဲ့ လေးနှစ်ခွဲက ငယ်ဘဝ အလွမ်းပြေ အချစ်ကားလေး ခုတော့ရုံတင်ဖြစ်ပါပြီ 'ရည်းစားတစ်ဝမ်းကွဲ'ဟာသ ပေါ့ပေါ့ပါးပါး လေးတွေ လျှော့ရိုက်ဖြစ်တဲ့ကြားက ရှားရှားပါးပါး ကားလေး'' ဆိုပြီးတော့ ဒီဇင်ဘာလ ၄ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသား ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့ဆိုရင် မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မယ်လို့ သိရပါ တယ်။

Photo: ဖွေးဖွေး

ဖွေးဖွေးကိုယ်တိုင် သင်ခန်းစာတွေအများကြီးရခဲ့တယ်ဆိုတဲ့ မုန်းစွဲ 

ဒီဇာတ်ကားမှာ ဇာတ်ကားကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ရိုက်ကူးထားတာ ဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေးနဲ့ မြနှင်းရည်လွင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။ စိုင်းစိုင်းနဲ့ ဖွေးဖွေးဟာ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီ ရရှိထားတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ဖွေးဖွေးနဲ့ အတူသရုပ်ဆောင်ထားတဲ့ စိုင်းစိုင်းရဲ့ ဇာတ်ကားအတွက် ပရိသတ်တွေ ရင်ခုန်နေကြပါပြီ။

 

ဖွေးဖွေးက လက်ရှိမှာ ရိုက်ကူးရေးတွေ နားထားတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလထဲမှာတော့ ၂၀၁၉ခုနှစ်တွင် ရိုက်ကူးမယ့် အက်ရှင် ဇာတ်ကား တစ်ကားအတွက် အတိုက်အခိုက်ပိုင်းနဲ့ ပတ်သက်ပြိး လေ့ကျင့်မှုတွေ လုပ်ရတော့မယ်လို့ ပရိသတ်တွေနဲ့ ပြောထားတဲ့ Live မှာ ပြောခဲ့ဖူးပါတယ်။

Photo: Amazing Grace

 

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို ရရှိခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က