အနုပညာအလုပ်တွေနားထားပြီး မိသားစုကို အချိန်ပေးဖြစ်နေတဲ့ သရုပ်ဆောင်ချောရတနာက တစ်ခါတလေမှာ သူမရဲ့ အနုပညာ အလုပ်တွေ ကို သတိရနေတတ်သူ ဖြစ်ပါတယ်။ အခုလည်း မိခင်မေတ္တာကို ဖော်ကျူးတဲ့ ဇာတ်မျိုလေး ရိုက်ချင် တယ်ဆိုပြီး ပြောထားပါတယ်။
Photo : ချောရတနာ FB
မိသားစုကို အချိန်ပေးဖြစ်နေတဲ့ ချောရတနာဟာ အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့တာ ကြာပါပြီ။ ဒါပေမယ့်လည်း အနုပညာကို ဝါသနာပါသူ တစ်ယောက် ဖြစ်တဲ့ သူမဟာ လက်ရှိမှာ အရမ်းရိုက်ချင်နေတဲ့ ဇာတ်လမ်းတစ်ခုရှိတယ်လို့ ဆိုပါတယ်။ ချောရ တနာက သူမရဲ့ ဖေ့စ်ဘွတ်က နေ မိခင်တစ်ယောက်ရဲ့မေတ္တာ ဖော်ကျူးတဲ့ ဇာတ်မျိုးလေး ရိုုက်ချင်လာသလိုပဲ ဆိုပြီး ပြောထားပါတယ်။
Photo : ချောရတနာ FB
"အမေတစ်ယောက်ရဲ့ မေတ္တာ ကိုဖော်ကျူးရတဲ့ ဇာတ်မျိုးလေး ရိုက်ချင်လာသလိုပဲ ပိုးကလဲ သတ်မရ " ဆိုပြီး ဒီဇင်ဘာ(၅) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။ ပရိသတ်တွေကလည်း သူမကို ဇာတ်ကားတွေ ပြန်ရိုက်စေချင်ကြတာလည်း တွေ့ရပါတယ်။ သူမရဲ့ ဇာတ်ကားတွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေကလည်း ဇာတ်ကားပြန်ရိုက်ဖို့အတွက် အားပေးထားကြတာလည်း သူမတင်ထားတဲ့ ပို့စ်အောက်မှာ အပြည့်ပါ။
Photo : ချောရတနာ FB
ကြိုးစားချင်စိတ်တွေကို ရိုက်ချိုးနေကြတယ်လို့ ပြောလာတဲ့ ချောရတနာ
ချောရတနာဟာ သားလေးနဲ့ သမီးလေးအတွက် အချိန်ပေးဖြစ်နေပါတယ်။ ဒုတိယသမီးလေးကို ၂၀၁၈ ခုနှစ် မေလ(၁၂) ရက်နေ့က ဝိတိုရီယဆေးရုံမှာ မွေးခဲ့တာဖြစ်ပါတယ်။ သမီးလေးကိုယ်ဝန်စရှိကတည်းက အကျႌကြော်ငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးတဲ့ အခါမှာလည်း ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။
ချောရတနာမှာ အကြီးဆုံးသားလေးတစ်ယောက်ရှိပါတယ်။သားလေးကတော့ လက်ရှိမှာ (၃)နှစ်ကျော် လေးနှစ်အရွယ်ကို ရောက်နေပြီဖြစ် ပါတယ်။အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။
Photo : ချောရတနာ FB
ချောရတနာဟာ ၂၀၁၅ ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဥ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ် ပါတယ်။