သူမက ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။

အိတုံက ဇာတ်ပို့၊ ဇာတ်ရံသရုပ်ဆောင် ဆိုပေမယ့် သူချစ်ရတဲ့ သမီးလေးကိုတော့ လိုလေးသေးမရှိအောင် ထားချင်တယ်လို့ ဆိုပါတယ်။ သူမဟာ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။

Photo: အိတုံ

 

ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် အိတုံရဲ့ သမီးလေးနှိုင်းတုနဒီက အခုဆိုရင် ကျောင်းနေအရွယ်တောင် ရောက်လို့နေပါပြီ။ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်အနေနဲ့ သမီးလေးကို လိုလေသေးမရှိအောင် ပံ့ပိုးပေးချင်တဲ့ အိတုံရဲ့ ဆန္ဒကိုလည်း အခုလို ပြောပြလာတာ တွေ့ရပါတယ်။

''ချစ်သမီးလေးရေ မေမေဘဝထဲကို ကံကောင်းခြင်းများစွာနဲ့ဝင်လာသူလေး မေမေသမီးလေးက မေမေအတွက်တော့ တန်ဖိုးမဖြတ်နိုင် တဲ့ ဆုလာဘ် လေးပါ။ ချစ်သမီးလေးပညာတတ်ကြီးဖြစ်ပြီး လူ့အောက်မကျအောင် ကြိုးစားမယ်။ သူများက ဒါဆို ငါ့သမီးကို လည်း ဒါ ဆိုတာ လုပ် ပေးနိုင်အောင်ကြိုးစားမယ်။ သူဌေးလည်း မဟုတ်သလို မိဘကပိုက်ဆံချမ်းသာတဲ့သူ လည်းမဟုတ်ဘူး။ ကြိုးစားမယ်Fighting တစ်ဦး တည်း သောမေမေ သဲကျော်လေးချစ်တယ်'' လို့ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လည် ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: အိတုံ

 

အိတုံကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ဇာတ်ပို့၊ ဇာတ်ရံ ကာရိုက်တာ နေရာကနေ ပရိသတ်စတင်သိရှိခဲ့ကြ တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ အနုပညာသက်တမ်းအရ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အနေအထားတစ်ခုကို ရောက် ရှိ နေ ပြီဖြစ်ပါတယ်။

သူငယ်ချင်းတွေအကြောင်း အရွှန်းဖောက် စနောက်လိုက်တဲ့ မျောက်ရှုံး 

Photo: အိတုံ

 

အိတုံက လက်ရှိမှာ ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ သူချစ်ရတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်းကိုလည်း ဇာတ် ပို့၊ ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ သိရှိထားသူပါ။ လက်ရှိမှာတော့ အနုပညာအလုပ်တွေ လုပ်ကိုင်တာကို မတွေ့ ရတော့ပါဘူး။ ဒါပေမယ့်လည်း သူတို့ မိသားစုလေးကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း အများကြီးရှိပါတယ်။

Photo: အိတုံ

 

သရုပ်ဆောင် အိတုံက လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။ ဇာတ်လမ်း တွဲတွေ၊ ရုပ်ရှင် ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေမှာလည်း ပေးလာတဲ့ ကာရိုက်တာအပိုင်းကို အကောင်းဆုံးဖြစ်အောင်၊ ပီပြင်အောင် ကြိုးစား သရုပ်ဆောင် လေ့ရှိပါတယ်။

Share

Loading Next Article...
က္က