ဒီနေ့မှာ သွားလှူကြတာပါ။

မင်းသမီး ပိုးထည်တိုက်ပိုင်ရှင်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်နဲ့စန္ဒီမြင့်လွင်တို့က ဒီနေ့နံနက် မှာ ယုဇနဥယျာဉ် အိမ်ယာ အ ကျော် ဘက်မှာရှိတဲ့ (၉၃) တိုးချဲ့ရပ်ကွက်သစ်၊ ဒဂုံဆိပ်ကမ်းမြို့ဘက်က မိသားစုတွေကို သွားလှူခဲ့ တာ ဖြစ်တယ်လို့ သိရပါတယ်။



Photo : စန္ဒီမြင့်လွင် FB

 

စိုးမြတ်သူဇာတို့ ညီမလေးယောက်က ဒီနေ့(ဒီဇင်ဘာ၅ရက်)မှာ ခိုင်နှင်းဝေ ပရဟိတအသင်းနဲ့အတူ အလှူတွေ သွားလုပ်ခဲ့ပါတယ်။ မင်းသမီး ပိုးထည်တိုက်ပိုင်ရှင်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်နဲ့စန္ဒီမြင့်လွင်တို့က ဒီနေ့နံနက် မှာ  ယုဇနဥယျာဉ်အိမ်ယာ အ ကျော် ဘက်မှာရှိတဲ့ (၉၃) တိုးချဲ့ရပ်ကွက်သစ်၊ ဒဂုံဆိပ်ကမ်းမြို့ဘက်က မိသားစုတွေကို သွားလှူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Photo : စန္ဒီမြင့်လွင် FB

 

စိုးမြတ်သူဇာတို့ ညီမလေးယောက်ဟာ ပရိသတ်တွေရှိရာ နေရာအထိ ကိုယ်တိုင်ကိုယ်ကျ သွားလှူခဲ့တာဖြစ်ပြီး ဒီနေ့အလှူအတွက် အရမ်းကို ဝမ်းသာပီတိဖြစ်လို့ နေကြပါတယ်။

သူတို့နဲ့အတူ လှူဒါန်းမှုမှာ ဦးဆောင်သွားတဲ့ ခိုင်နှင်းဝေကလည်း အခုလိုမျိုး အလှူအတန်းပြုလုပ်ပေးတဲ့ မင်းသမီးလေးယောက်စလုံးကို ကျေးဇူးတင်ကြောင်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ "အလှူရှင် မင်းသမီးပိုးထည်တိုက်မှမင်းသမီး ညီအမ ၄ ယောက်လုံးကိုကျေးဇူးတင်ပါတယ်ရှင် " ဆိုပြီး ပြောထားပါတယ်။

Photo : စန္ဒီမြင့်လွင် FB

ဆောင်းရာသီအတွက် ဒီဇိုင်းအသစ်ထွက်လာတဲ့ မင်းသမီးပိုးထည်တိုက် 

စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ဟာ "မင်းသမီးပိုးတည်"  ဆိုင်ကို အတူတူဖွင့်ထားကြတာပါ။ မင်းသမီးပိုးထည်ဆိုင် ကို အောက်တိုဘာလအတွင်းက စတင်ဖွင့်လှစ်ခဲ့ တာဖြစ်ပါ တယ်။ သူတို့ ညီအစ်မတွေဟာ အနုပညာလောကမှာ အောင်မြင်မှု ကိုုယ်စီ ရရှိနေသူတွေပဲ ဖြစ်ပါတယ်။

သူတို့တွေထဲမှာ အကြီးဆုံး အမဖြစ်တဲ့ စိုးမြတ်သူဇာဟာ ဆိုရင် သရုပ်ဆောင်လောကမှာ  ဆယ်စုနှစ်များစွာ အောင်မြင်မှု ရရှိနေတဲ့ ဝါရင့်အနုပညာရှင်ကြီး တစ်ယောက်ဖြစ်ပါတယ်။ မကြီးစိုးလို့ အနုပညာလောကသားတွေရဲ့ ချစ်စနိုးခေါ်ခြင်းခံရတဲ့ စိုးမြတ်သူဇာဟာ ၁၉၉၄ခုနှစ်က နော်ရင်မွှေး ၊ ၁၉၉၈ခုနှစ်က ရွှေနံ့သာစံအိမ် ဇာတ်ကားတို့နဲ့ အကယ်ဒမီဆုတွေကို ရရှိခဲ့သူတစ်ဦးပါ။

Photo : စန္ဒီမြင့်လွင် FB

 

မကြီးစိုးလိုပဲ အနုပညာလောကမှာ အချိန်အတိုင်းအတာ တစ်ခုထိ အောင်မြင်ခဲ့သူက စိုးမြတ်နန္ဒာပါ။ ဒါဒါလို့ သူ့ကိုယ်ကို ပြောတတ်သူ တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူ တစ်ယောက်ပါ။

ယခုလက်ရှိမှာတော့ သားဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်လျက်ရှိပါတယ်။ သူမဟာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပဲ စီးပွားရေးဘက်ကို ဦးစားပေးလုပ်ဖြစ်နေသူလည်း ဖြစ်ပါတယ်။

Photo : စန္ဒီမြင့်လွင် FB

 

သူတို့လေးယောက်ထဲမှာ အငယ်နှစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်တို့က ယခုလက်ရှိအချိန်ထိ ပရိသတ်အားပေးမှု ရရှိနေတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။

ဒီးဒီဟာ ဂီတလောကမှာ ပရိသတ်အားပေးမှု ရရှိနေသူ တစ်ဦးဖြစ်ပြီး စိုးပြည့်က ဂီတကော သရုပ်ဆောင် ပိုင်းမှာပါ အောင်မြင်နေသူပါ။ စိုးပြည့်ဟာ အသက်(၁၈)နှစ်နဲ့ အကယ်ဒမီဆုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ အကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ် မက်မြူ" ရုပ်ရှင်ဇာတ်ကားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က