တကယ့်ကို ကြည်နူးဖို့ ကောင်းပါတယ်။

ခိုင်နှင်းဝေ ဖောင်ဒေးရှင်းက လစဉ်လှူဒါန်းနေကျ အိမ်ထောင်စုအလှူမှာ နာမည်ကျော် မင်းသမီးတွေ ဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ပါဝင်လှူဒါန်းပေးခဲ့ကြတာကြောင့် ခိုင်နှင်းဝေတစ်ယောက် အရမ်းကို ဝမ်းသာပီ တိဖြစ် ခဲ့ရပါတယ်တဲ့။



Photo : ခိုင်နှင်းဝေ FB

 

မင်းသမီးပိုးထည်တိုက်ပိုင်ရှင်တွေ ဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ ညီအစ်မတွေအတွက် ခိုင်နှင်းဝေ တစ်ယောက် ဝမ်းသာပီတိ ဖြစ်လို့နေပါတယ်။ ခိုင်နှင်းဝေ ပရဟိတအသင်းက လစဉ်ပုံမှန် လှူနေကျ ဖြစ်တဲ့ အိမ်ထောင်စု အလှူလေးကို ဒီဇင်ဘာ(၅) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီတစ်ခါ ပြုလုပ်တဲ့ အလှူမှာ စိုးမြတ်သူဇာတို့ ညီအစ်မလေးယောက်က မတည်ပြီး အိမ်ထောင်စု (၃) စုစာအတွက် ပါဝင်လှူဒါန်းပေးခဲ့သလို သူတို့ကိုယ်တိုင် ယုဇနဥယျာဉ် အိမ်ယာ အ ကျော် ဘက်မှာရှိတဲ့ (၉၃) တိုးချဲ့ရပ်ကွက်သစ်၊ ဒဂုံဆိပ်ကမ်းမြို့ဘက်က မိသားစုတွေဆီသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်လံလှူဒါန်းပေးခဲ့ကြပါတယ်။

Photo : ခိုင်နှင်းဝေ FB

 

အခုလိုမျိုး နာမည်ကျော် မင်းသမီးတွေအနေနဲ့ သူမရဲ့ အလှူမှာ အတူပူးပေါင်းပါဝင်လာတဲ့အတွက် မဖော်ပြတတ်အောင်ကို အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်ဆိုပြီး  သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။

"နိုင်ငံကျော် မင်းသမီးတွေဖြစ်လျှက် ပုံမှန်အလှူငွေလေးသာပေးပြီးလှူရင်ရလျှက်နဲ့ ရပ်ကွက်လေးတွေထဲက အိမ်ကြိုအိမ်ကြားတွေထဲထိ မညည်းမငြူပဲ လှူလိုက်ရတဲ့ ပီတိ လေးကိုခံစားပြီး လိုက်လံ လှူဒါန်းပေးကြတဲ့ မကြီးစိုး မမဒါဒါ ညီမလေး ဒီးဒီ နဲ့ ညီမလေး စိုးပြည့် တို့ရဲ့ ပရဟိတစိတ် နဲ့ မင်းသမီးရယ်ဆိုတာထက် လိုအပ်နေတဲ့ လူသားတွေကို တထောင့်တနေရာက ဖြည့်စည်းပေးလိုတဲ့ လူသားတယောက် အနေဖြင့်သာ လှူဒါန်းပြီး အနုပညာညီအစ်မဖြစ်တဲ့ ကျွန်မရဲ့ ခိုင်နှင်းဝေ ပရဟိတအသင်းနှင့်လည်း ယုံယုံကြည်ကြည်နဲ့ ပါဝင်အားဖြည့်လှူဒါန်း ပေးလို့ ကျွန်မတို့အသင်းသားများမှ တကယ်ကို လေးစားပြီး အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင် " ဆိုပြီး ခိုင်နှင်းဝေက ဒီဇင်ဘာ(၆) ရက်နေ့ မနက်ပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : ခိုင်နှင်းဝေ FB

ခိုင်နှင်းဝေနဲ့အတူ အလှူအတန်းတွေ လုပ်နေတဲ့ စိုးမြတ်သူဇာတို့ ညီအစ်မ 

အနုပညာရှင်တွေအနေနဲ့ သူမရဲ့ အလှူမှာ ယခုလို ထပ်မံပူးပေါင်းလှူဒါန်းပေးဖို့ကိုလည်း သူမအနေနဲ့ မေတ္တာရပ်ခံထားပါသေးတယ်။

"ယခုလို တကယ်လိုအပ်နေတဲ့ မိသားစုရပ်တည်မှုတခုကို ထောက်ပံ့ပေးလိုက်ရတဲ့ ခံစားမှုက ဘာနဲ့မှကို မလဲနိုင်တဲ့ပီတိဖြစ်ပါတယ် အခုလို လှူဒါန်းခြင်းအားဖြင့်လည်းကိုယ့်ရဲ့ ပရိသတ်တွေအပေါ်လည်း ကျေးဇူးဆပ်ရာရောက်ပြီး တကယ့်လက်တွေ့ဘဝတွေထဲကိုလည်း အတွေ့ အကြုံ အရ လေ့လာနိုင်မှာဖြစ်ပါတယ်ရှင်" ဆိုပြီး ဆက်လက်ပြောထားပါတယ်။

Photo : ခိုင်နှင်းဝေ FB

 

ခိုင်နှင်းဝေတို့ ပရဟိတအသင်းဟာ ကရင်ပြည်နယ်ဘက်မှာ ရေကြီးနေတဲ့ ရွာတွေကို တစ်ရွာပြီး တစ်ရွာ သွားလှူနေတာတွေ့ရပါတယ်။ ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က