ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။

G-Fatt ဟာ ဖခင်ဖြစ်သူအတွက် ပထမဆုံးအကြိမ် ရဟန်းခံပေးဖြစ်တဲ့ ပီတိစကားတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ အဲ့ဒီနောက် မိဘတွေကို စိတ်ချမ်းသာအောင် ထားချင်တဲ့ သူ့ရဲ့ ဆန္ဒကိုလည်း အခုလို ပြောပြလာပါတယ်။

Photo: G- Fatt

 

အဆိုတော် G Fatt တစ်ယောက် ဖခင်ဖြစ်သူ အတွက် ဝမ်းသာမဆုံးဖြစ်နေတဲ့ ပီတိစကားကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။ G-Fatt ဟာ အခုချိန်မှာ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်လည်း ဖြစ်သလို မိသားစုအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သားတစ်ယောက်ဖြစ်ပါတယ်။

''အဖေ့ဘဝမှာ ပထမဆုံး ရဟန်းခံ ခြင်းပဲ။ သားတစ်သက်လုံး မြင်ချင်ခဲ့တဲ့ သင်္ဃန်းဝတ်နဲ့ အဖေ့ကို မြင်ခွင့်ရခဲ့ပြီ ကျေးဇူးပါအဖေ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၆ ရက်နေ့ မနက် ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဖခင်ဖြစ်သူရဲ့ သင်္ကန်းဝတ် နဲ့ အမှတ်တရ ပုံကိုလည်း တင်ခဲ့ပါသေးတယ်။

Photo: G- Fatt

 

G Fatt က ၂၀၁၈ ခုနှစ် စက်တင်ဘာလထဲမှာ ကျရောက်ခဲ့တဲ့ မိခင်ဖြစ်သူရဲ့ မွေးနေ့ မှာလည်း သူ့ရင်ထဲက အတိုင်း ဆုတောင်းစကား တွေ ပြောပြခဲ့ပါသေးတယ်။

''မနှစ်က မွေးနေ့မှာ မုံရွာ ကဘုရားတွေ အတူတူဖူးပြီး ဒီနှစ်မွေးနေ့တော့ သားတစ်ယောက်တည်း မုံရွာ ရောက်နေပေါ့။  မေကြီး ဖေကြီးနဲ့ အတူတူ အသက်ရှည်ကျန်းမာပြီး စိတ်ချမ်းသာပါစေ။ မေကြီး စိတ်ဆင်းရဲမဲ့အရာ တွေ အပူအပင်တွေ အနည်းဆုံးဖြစ်အောင် သားအတက်နိုင်ဆုံးကြိုးစားပါ့မယ်လို့ကတိပေးရင်း  Happy Birthday ပါမေကြီး'' ဆိုပြီးတော့ စက်တင်ဘာလ ၃ ရက်နေ့ မနက် ၁၀နာရီခွဲက သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: G- Fatt

အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ခဲ့ပြီဆိုတဲ့ G Fatt 

G Fattဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ ချစ်သူလေး နန်းဆုရတီစိုးနဲ့ အတူ ဂီတအလုပ်တွေ လုပ်နေတာကို တွေ့ရပါတယ်။

Photo: G- Fatt

 

ပရိသတ်တွေ အားကျပြီး ချစ်စရာကောင်းတဲ့ သူတို့စုံတွဲဟာ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က နားလည်ပြီးတော့ အားသ ာချက် အဖြစ် ပြုပြင်ပြောင်းလဲမှုတွေနဲ့ Relationship တစ်ခုကို တည်ဆောက်ထားတာပါ။ ဒါပေမယ့်လည်း နန်းဆုက G Fatt ရဲ့ (၂၄)နာရီ အချိန်အပြည့် သဝန်တိုတာကိုတော့ ခံရတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

Share

Loading Next Article...
က္က