အဖေ့ကို အရမ်းချစ်တဲ့ ကိုကြီးအတွက် ခံစားနေရတာပါ။

ဖခင်ကို အရမ်းချစ်တဲ့ အကိုကြီးအတွက် တစ်ဘဝလုံးယူကြုံးမဆုံးဖြစ်တော့မှာကို တွေးပြီး စိတ်မကောင်းဖြစ်နေသလို အကိုမှာလိုက်သလို လုံးဝမပြို လဲပဲ ဖခင်နဲ့ နောက်ဆုံးခရီးလေးကို တောင့်ခံပြီးကြိုးစားသွားမှာပါတဲ့။

Photo : ချစ်ချစ်ဇော် FB

 

သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ ဖခင်ကို အရမ်းချစ်တဲ့ အကိုကြီး ကိုမိုက်တီးအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဖခင်ကို အရမ်းချစ်တဲ့ အကိုကြီးအတွက် တစ်ဘဝလုံးယူကြုံးမဆုံးဖြစ်တော့မှာကို တွေးပြီး စိတ်မကောင်းဖြစ်နေသလို အကိုမှာလိုက်သလို လုံးဝမပြို လဲပဲ ဖခင်နဲ့ နောက်ဆုံးခရီးလေးကို တောင့်ခံပြီးကြိုးစားသွားမှာပါဆိုပြိး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

မိုက်တီး၊ ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ရဲ့ဖခင် ဦးခင်ဇော်ကွယ်လွန် 

"ဒီအချိန်က ကိုကြီးတို့မိသားစုရဲ့'အဆိုးဆုံး'အချိန်တဲ့..ဒီအချိန်ဆိုးကြီးကိုကြိုးစားပြီး ကျော်ဖြတ်ပါကိုကြီးရယ်။ကိုကြီးကိုထည့်မတွက်နဲ့.- ကိုကြီးခံနိုင်အောင်ကြိုးစားထားတယ်။ အမေ့ကိုပဲဂရုစိုက် လို့ပြောတဲ့ ကိုကြီးရင်ထဲမှာ ဘယ်လောက်ထိဖြစ်နေမလဲ။ အဖေကအရမ်းချစ်တဲ့-အဖေ့ကိုအရမ်းချစ်တဲ့-ကိုကြီးအတွက် တစ်ဘဝလုံးယူကြုံးရလို့မဆုံးဖြစ်တော့မှာကိုတွေးပြီး.ကိုကြီးမှာလိုက်သလို လုံးဝမပြိုလဲပဲ ဖေကြီးရဲ့ နောက်ဆုံးခရီးလေးကိုဖေကြီးစိတ်ချချထွက်နိုင်အောင် ညီမလေးတို့တောင့်ခံပြီးကြိုးစားသွားမှာပါ" ဆိုပြီး လင်းဇာနည်ကျော်က ပြောထား တာပါ။

Photo : ချစ်ချစ်ဇော် FB

သူမတင်ထားတဲ့ ပို့စ်လေးကို ဖတ်ပြီး ပရိသတ်တွေနဲ့ အနုပညာမောင်နှတွေ စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင် ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော် တို့ရဲ့ ဖခင်ဖြစ်သူ ဒါရိုက်တာကြီး ဦးခင်ဇော်က ဒီဇင်ဘာလ ၃ရက်နေ့ ည ၁၁ နာရီ ၅၅ မိနစ်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ကျန်ရစ်တဲ့ ရုပ်အလောင်းကို ဒီဇင်ဘာ(၇) ရက်နေ့ ၊ နေ့လည်(၂း၀၀)နာရီမှာ ရေဝေးသုဿန်တွင် ဂူသွင်းသဂြိုလ်သွားမှာ ဖြစ်ပြီး ဒီဇင်ဘာ(၉) ရက်နေ့ မနက်(၇)နာရီကနေ(၁၂)နာရီအထိ နေအိမ်မှာ ရက်လည်ဆွမ်းကျွေးတရာနာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Photo : ချစ်ချစ်ဇော် FB

 

ဒီ့အတွက်ကြောင့်လည်း မိသားစုဝင်တွေသာမက အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေ၊ အပေါင်းအသင်း တွေကလည်း ထပ်တူ ဝမ်းနည်းခဲ့ကြ တာကို တွေ့ရပါတယ်။

လက်ရှိမှာတော့ ဒါရိုက်တာကြီး ဦးခင်ဇော်ရဲ့ သားဖြစ်သူ ဒါရိုက်တာ မိုက်တီးကလည်း  မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ) နဲ့ အရေးယူခြင်းခံထားရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဖခင်ကြီးရဲ့ ကျန်းမာရေး အခြေအနေကို သရုပ်ဆောင် ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့က အနီးကပ် စောင့်ရှောက်ပေးနေကြတာပါ။

Share

Loading Next Article...
က္က