သူ့ရဲ့ သူငယ်ချင်းတွေလည်း ပါဝင်ပါတယ်။

အိစိကွေးက သံဃာတော် အပါး ၁၃၀၀ကျော်ကို သူငယ်ချင်းတွေနဲ့အတူ အာရုဏ်ဆွမ်းကပ်လှူခဲ့တယ်လို့ ဆိုပါတယ်။ အလှူအတန်းနဲ့ ပတ်သက် လာရင်တော့ အားတက်သရော ပါဝင်တတ်သူဖြစ်ပါတယ်။

Photo: အိစိကွေး

 

သရုပ်ဆောင် အိစိကွေးက ကုသိုလ်ရေးတွေနဲ့ ပတ်သက်ပြီး အားတက်သရော ဆောင်ရွက်တတ်သူဖြစ်ပါတယ်။ အခုလည်း သူငယ်ချင်းတွေ နဲ့ အတူ သံဃာတော် အပါး ၁၃၀၀ ကို ဆွမ်းကပ်အလှူ ပြုလုပ်ခဲ့တဲ့ ပီတိစကားသံကိုလည်း အခုလို ပြောပြခဲ့ဖူးပါတယ်။

'' ဒီနေ့ မနက် မဟာဝိဟာရကျောင်းတိုက်ရှိ သံဃာတော် အပါး ၁၃၀၀ ကျော် ကို အရုဏ်ဆွမ်း ကပ်လှူကုသိုလ်ယူ လုပ်အားလည်းပါဝင်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၆ ရက်နေ့ မနက် ၆ နာရီ ၄၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် ဆွမ်းလောင်း အလှူမှာရှိတဲ့ အမှတ်တရ ပုံရိပ်လေးတွေကိုလည်း တင်ခဲ့ပါသေးတယ်။

Photo: အိစိကွေး

 

အလှူအတန်းတွေနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ အိစိကွေးက အခုလိုမျိုး အလှူအတန်းတွေ ဆက်တိုက် လုပ်ဖြစ်နေတာက မိခင် ကြောင့်ပါတဲ့။ ငယ်စဉ်ကတည်းက မိခင်က ဘုန်းကြီးတွေ၊ အမေအိုတွေသာမက အလှူနဲ့ ပတ်သက်လာရင် အမြဲတမ်း လှူခိုင်းတတ်တဲ့ အကျင့် လေး လုပ်ပေးထားတာကြောင့် အခုအချိန်မှာ မလှူရရင် မနေနိုုင်တဲ့ အကျင့်လေး တစ်ခုဖြစ်နေတာလိုမီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါ တယ်။

"အလှူအတန်းဆိုတာက ငယ်ငယ်လေးကတည်းက ဝါသနာပါတဲ့အရာပေါ့။ အမေက ငယ်ငယ်လေးကတည်းက ဘုန်းဘုန်းတွေ တွေ့ရင်ပဲ ဖြစ်ဖြစ်၊ အမေအိုကြီးတွေ တွေ့ရင်ပဲ ဖြစ်ဖြစ် အမြဲတမ်းလှူခိုင်းတာလေ။ အဲ့ဒီကနေမှ တဆင့် အကျင့်ဖြစ်သွားပြီးတော့ အခုဆို တွေးလိုက်ရင် မလှူရရင် မနေနိုင်ဘူး ကျော်သွားလို့လည်း မဖြစ်နိုင်ဘူးဆိုတော့ လှူဖြစ်နေတာပါ'' လို့ အိစိကွေးက ပြောပါတယ်။

Photo: အိစိကွေး

ရုပ်ရှင်အစည်းအရုံး ကထိန်အတွက် ဘုရားဆင်းတုတော်လှူခဲ့တဲ့ အိစိကွေး  

အလှူနဲ့ ပတ်သက်ရင် အမြဲတမ်း လှူမှန်းသိတဲ့အတွက် သူ့ဆီကို အကုန်လုံးက အလှူလာခံကြတာတွေ ရှိတယ်လို့ ဆိုပါတယ်။ အဲ့လို အချိန် မျိုး မှာလည်း မငြင်းရက်ဘဲ လှူဖြစ်တယ်လို့ သူက ပြောပါတယ်။ အရင်လို အလုပ်တွေ အများကြီး မလုပ်ဖြစ်သေးတဲ့ အချိန်ဖြစ်တာ ကြောင့် လှူတာ တန်းတာနဲ့ ပတ်သက်ပြီး ချင့်ချိန်ရတဲ့ အခါလေးတွေတော့ ရှိနေတယ်လို့ အိစိကွေးက Duwun Media ကို ပြောပြခဲ့ဖူးပါတယ်။

Photo: အိစိကွေး

 

ကလေးသရုပ်ဆောင်အရွယ်ကတည်းကနေ အနုပညာအလုပ်တွေ လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။ သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က