ချယ်ဆီးနဲ့ လီဗာပူး ၂ သင်းထဲက တစ်သင်းကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

ဒေါ့မွန်အသင်းရဲ့လူငယ်ကြယ်ပွင့် ခရစ်ရှန်ပူလီဆစ်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေသူဖြစ်ပြီး သတင်းတွေအရ ချယ်ဆီးအသင်းက ပူလီဆစ်ကို တရားဝင်ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ အမေရိကန်လက်ရွေးစင် တောင်ပံကစားသမားဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခြင်းမရှိသေးသူဖြစ်ပါတယ်။



sp06-Christian-Pulisic.jpg

Photos: The National

ဒေါ့မွန်ကြယ်ပွင့်ပူလီဆစ်ဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ချယ်ဆီး၊ မန်ယူ၊ လီဗာပူးနဲ့ စပါးအသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားတော့မယ်လို့ ကောလာဟလတွေ ခပ်စိပ်စိပ်ထွက်ပေါ်နေသူဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးမီက မှ ပူလီဆစ်ကိုယ်တိုင်က အင်္ဂလန်မှာ ကစားဖို့ဟာ ၎င်းရဲ့အိပ်မက်ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့သူဖြစ်ပါတယ်။

"အင်္ဂလန်ပရီးမီးယားလိဂ်ဟာ ချာတိတ်အများစု ကစားဖို့အတွက် အိပ်မက်မက်ကြတဲ့နေရာတစ်ခုပါ။ အဲဒီမှာ တစ်နေ့နေ့ ကျွန်တော် မကစားဘူးလို့ အကြောင်းပြစရာ အကြောင်းပြချက်မရှိပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ပူလီဆစ်ရဲ့အပြောင်းအရွှေ့ကို လွယ်လွယ်နဲ့ ခွင့်ပြုသွားမှာမဟုတ်တာကို အသက် ၂၀ အရွယ် ကစားသမားတစ်ယောက်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၇၀ အထိ မြှင့်တင်ထားတာကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့် ပူလီဆစ်ဟာ လီဗာပူးအသင်းနည်းပြယာဂင်ကလော့ပ် ဒေါ့မွန်အသင်းမှာ နည်းပြခဲ့စဉ်က အတူလက်တွဲခဲ့ဖူးပြီး ချယ်ဆီးအသင်းက ပထမဆုံးတရားဝင်ချဉ်းကပ်မှုကို ပြုလုပ်ခဲ့တယ်လို့ Evening Standard က ဖော်ပြခဲ့ပါတယ်။

Photos: 90 Min

 

ချယ်ဆီးအသင်းနည်းပြဆာရီက ပူလီဆစ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဖြေကြားဖို့ ငြင်းပယ်ခဲ့ပြီး တကယ်လို့ ဇန်နဝါရီလမှာ ပူလီဆစ်ကို ချယ်ဆီးအသင်းက ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းအတွက် အမြတ်ထွက်ပေမယ့် နစ်နာမယ့်သူလည်း ရှိနေပါတယ်။ အမြတ်ထွက်မယ့်သူကို ပြရမယ်ဆိုရင် နည်းပြဆာရီဖြစ်ပြီး ဆာရီဟာ နည်းပြတွေကို မထင်ရင်မထင်သလိုထုတ်ပယ်တတ်တဲ့ အေဘရာမိုဗစ်ချ်ရဲ့ ၁၃ ယောက်မြောက် ခန့်အပ်ထားတဲ့ နည်းပြဖြစ်ပါတယ်။

နည်းပြမော်ရင်ဟို ပထမဆုံးကိုင်တွယ်ခဲ့တဲ့ အစောပိုင်းကာလတွေမှာ အေဘရာမိုဗစ်ချ်ဟာ ဒရော့ဘာ၊ အက်ဆီယန်၊ ပီတာချက်၊ ရှက်ဗ်ချင်ကိုစတဲ့ ကစားသမားတွေကို ပျော်ပျော်ကြီး ပိုက်ဆံသုံးပြီး ခေါ်ယူခဲ့ပေမယ့် ယနေ့ကာလမှာတော့ Financial Fair Play ရဲ့ စည်းမျဉ်းစည်းကမ်းတင်းကြပ်မှုတွေကြောင့် ကြီးမားတဲ့ခေါ်ယူမှုမပြုလုပ်ခင်မှာ ကစားသမားတွေကို ထုတ်ရောင်းပြီးမှသာ ပြန်လည်ခေါ်ယူနေရတာဖြစ်ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

ဒါပေမယ့် အေဘရာမိုဗစ်ချ်ဟာ ဆာရီကို ယုံကြည်မှုပေးထားပုံရပြီး ယခုနှစ်နွေရာသီမှာ ကီပါနဲ့ ဂျော်ဂျင်ဟိုတို့ကို ပေါင် ၁၂၂ သန်းအထိ သုံးစွဲပြီး ခေါ်ယူပေးခဲ့ပါတယ်။ တစ်ဖက်မှာလည်း ချယ်ဆီးအသင်းရဲ့ ကြယ်ပွင့်တောင်ပံကစားသမား အီဒင်ဟာဇက်ကလည်း ရီးရဲမက်ဒရစ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ AS သတင်းက ဖော်ပြခဲ့ပြီး ချယ်ဆီးအသင်းအတွက် အချက်ပေးခေါင်းလောင်းသံတွေ မြည်လာခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းအနေနဲ့ ဟာဇက်ကို လက်လွှတ်ရဖို့ သေချာနေပြီဆိုရင် ဟာဇက်နေရာမှာ အစားထိုးဖို့အတွက် ဒေါ့မွန်ကြယ်ပွင့် ပူလီဆစ်ကို မဖြစ်မနေခေါ်ယူဖို့လိုအပ်မှာဖြစ်ပါတယ်။ ဟာဇက်မရှိပေမယ့် ချယ်ဆီးအကယ်ဒမီကနေ အသင်းကြီးအတွက် ကစားပေးနေတဲ့ ဟက်ဒ်ဆန်အိုဒွိုင်းရှိတယ်လို့ ချယ်ဆီးပရိသတ်အများစုက ယူဆကြမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟက်ဒ်ဆန်အိုဒွိုင်းဟာ ထင်သလောက် အားကိုးလို့ရတဲ့အခြေအနေမှာ မရှိသေးတာကြောင့် ချယ်ဆီးအသင်းကိုယ်တိုင်က ပူလီဆစ်ကို တရားဝင်ချဉ်းကပ်မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

Photos: 90 Min

 

နည်းပြဆာရီက ဟက်ဒ်ဆန်အိုဒွိုင်းဟာ တိုက်စစ်ပိုင်းမှာ ထက်မြက်တယ်ဆိုတာ လက်ခံပေမယ့် ခံစစ်ပိုင်းနဲ့ပတ်သက်တဲ့ ရှုထောင့်မှာ ပိုမိုတိုးတက်အောင် ပြုလုပ်ဖို့ လိုအပ်နေသေးတယ်လို့ ယူဆနေတာဖြစ်ပါတယ်။

"ဟက်ဒ်ဆန်အိုဒွိုင်းက ပရီးမီးယားလိဂ်မှာ ကစားဖို့အတွက် အသက် ၁၈ နှစ်အရွယ်မှာတင် အဆင်သင့်ဖြစ်နေပြီလားဆိုတာ ကျွန်တော် မသိပါဘူး"

"အသက် ၁၈ နှစ်အရွယ်မှာပဲ ပရီးမီးယားလိဂ်က အသင်းကြီးမှာ ကစားနိုင်လောက်တဲ့အထိ ကောင်းမွန်နေခဲ့မယ်ဆိုရင် လာမယ့် ၂ နှစ်အတွင်း ဥရောပမှာ အကောင်းဆုံးကစားသမားဖြစ်လာနိုင်ပါတယ်"

"သူ့ရဲ့ ပုံစံနဲ့ လိုက်ဖက်တဲ့ ပွဲစဉ်တွေမှာဆိုရင် သူ ကစားတာအရမ်းကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြောရမယ်ဆိုရင် ပထမပိုင်း ၇ မိနစ်လောက်မှာပဲ တစ်ဖက်အသင်းက ၁၀ ယောက်လောက်ပဲ ရှိတော့တယ်ဆိုရင်ပေါ့။ အဲဒီအခါမှာ ကျွန်တော်တို့အတွက် တိုက်စစ်နေရာမှာ ကစားဖို့ပဲ လိုတော့တာပါ။ သူက အဲဒါကို အရမ်းကို လုပ်နိုင်ပါတယ်။ ဒါပေမယ့် သူ့ကို တစ်ပွဲလောက် ခံစစ်နေရာမှာ ကစားတာကို ကျွန်တော် မြင်ချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

တကယ်လို့ ပူလီဆစ်ကိုသာ ချယ်ဆီးအသင်း ခေါ်ယူနိုင်ခဲ့ပြီး ဟာဇက်ကလည်း အသင်းမှာ ဆက်ရှိနေခဲ့မယ်ဆိုရင် ဟက်ဒ်ဆန်အိုဒွိုင်းဟာ ဘယ်တောင်ပံရော၊ ညာတောင်ပံကိုပါ ဆုံးရှုံးရမှာဖြစ်ပြီး ပွဲထွက်ခွင့်ပျောက်ဆုံးသွားတာကြောင့် အသင်းကနေပါ ထွက်ခွာရလောက်တဲ့ အဆင့်အထိ ရောက်ရှိသွားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က