Miss Supranational 2018 ပြိုင်ပွဲကြီးရဲ့ နောက်ဆုံးနေ့ကိုရောက်ရှိလာပါပြီ။

ရွှေအိမ်စည် က Miss Supranational 2018 ပြိုင်ပွဲကြီးရဲ့ နောက်ဆုံးနေ့အတွက် စိတ်လှုပ်ရှားနေပြီလို့ ဆိုပါတယ်။ ပရိသတ် အားမငယ်ရ အောင်လည်း အကောင်းဆုံးကြိုးစားခဲ့မယ်လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: ရွှေအိမ်စည်

 

ရွှေအိမ်စည်က Miss Supranational 2018 ပြိုင်ပွဲကြီးအတွက်  ပိုလန်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးရဲ့ Final နေ့ကိုတော့ ဒီဇင်ဘာလ ၇ ရက်နေ့ မှာ karpacz မြို့မှာ ပြုလုပ်သွားမှာပါ။ ရွှေအိမ်စည်ကိုယ်တိုင်ကလည်း Miss Supranational 2018 ပြိုင်ပွဲကြီးအတွက် ရင်ခုန်နေတဲ့အကြောင်းတွေ ပြောပြလာပါတယ်။

'' နက်ဖြန် final ဆိုတော့ ဒီနေ့က full rehearsal တိုက်နေကြပြီ။ ပရိသတ်တွေရဲ့အားပေးမှုကြောင့် အိမ်စည့်အတွက် motivation အရမ်းရှိသလို pressure လဲအရမ်းများပါတယ်။ ဒီခရီးလည်းမကြာခင်မှာပြီးဆုံးတော့မှာဖြစ်သလို အိမ်စည်ရောပရိသတ်တွေရောပေါင်းပြီး အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်လို့မြင်တယ်။ အားသွန်ခွန်ဆိုက်အားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်'' ဆိုပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ် ပေ့ချ်ကနေ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီက ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: မင်းကို

 

ရွှေအိမ်စည်ဟာ ပြိုင်ပွဲ စကတည်းကနေ နောက်ဆုံးအချိန်အထိ သောင်းသောင်းဖျဖျ အားပေးကြတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း ကျေနပ်မိတယ်လို့ သူက ဆိုပါတယ်။

''အားလုံးနဲ့အတူအိမ်စည်လည်း final night ကိုရင်ခုန်နေပါတယ် နက်ဖြန်လုပ်ဆောင်ရမဲ့အပိုင်းကတော့ အိမ်စည့်အပိုင်းပေါ့ ပရိသတ်တွေ အားမငယ်စေရဘူးလို့ပြောချင်ပါတယ်။ ဒီနှစ်ဒီပွဲမှာ ပြိုင်ပွဲဝင်တွေရော နိုင်ငံတစ်ကာက ပရိသတ်တွေရော သိသွားတဲ့အချက်တစ်ချက်ကတော့ မြန်မာ ပရိသတ်တွေဘယ်လောက် အားပေးတယ် အိမ်စည့်ကိုဘယ်လောက်ချစ်တယ်ဆိုတာပါပဲ ကျေနပ်မိတယ်''လို့ ဆက်လက်ပြောပြ ထား ပါသေးတယ်။

Photo: ရွှေအိမ်စည်

ပြန်မလာချင်လောက်အောင် ပျော်နေပြီဆိုတဲ့ ရွှေအိမ်စည်  

Miss Supranational 2018 ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ သူမက အခုဆိုရင် ပရိသတ်အားပေးမှုအများဆုံးရရှိထားတဲ့ အလှမယ်တစ်ဦး ဖြစ်ပါတယ်။ Instagram မှာလည်း voting များစွာ ပိုင်ဆိုင်ထားသလို Facebook Page မှာလည်း အားပေးမှုများစွာ ပိုင်ဆိုင်လျှက်ရှိပါတယ်။ အဲ့ဒီနောက် ဒီဇင်ဘာလ ၂ ရက်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ Preliminary Evening Gown ရဲ့ Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Photo: ရွှေအိမ်စည်

 

Miss Supranational 2018 ပြိုင်ပွဲကြီးကိုတော့ နိုင်ငံပေါင်းများစွာတို့က အလှမယ် အသီးသီး တို့ကလည်း လာရောက်ယှဉ်ပြိုင်ကြတာ ဖြစ်ပါ တယ်။ ဒီ့အတွက်ကြောင့်လည်း ရွှေအိမ်စည် အတွက် အကောင်းဆုံးဖြစ်ဖို့ ပရိသတ်တွေရော၊ Organa zation က ပါ အားပေးနေကြတာကို တွေ့ရပါတယ်။ ပြိုင်ပွဲအတွက် Voting စနစ်တွေလည်း ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က