သမ္မတကြီးထံ ပေးစာ အဖွဲ့သားတွေကို ချီးမြှင့်ခဲ့ကြတာပါ။

ဖွေးဖွေး တစ်ယောက် '' သမ္မတကြီးထံ ပေးစာ'' ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ဂုဏ်ပြုဆု ချီးမြှင့်ခြင်း ခံခဲ့ရတဲ့အပေါ် ဝမ်းသာပီတိဖြစ်လို့ နေပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း အများကြီး ကြိုးစားထားတဲ့ အကြောင်းတွေ ပြောပြ လာ ပါသေးတယ်။



Photo: Amazing Grace

 

သရုပ်ဆောင်အကယ်ဒမီ ဖွေးဖွေးဟာ '' သမ္မတကြီးထံ ပေးစာ'' ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ဂုဏ်ပြု ဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ဒီ့အတွက်လည်း သူ့ရင်ထဲက ပီတိစကားတွေကို အခုလို ပြောပြခဲ့ပါတယ်။

'' မြန်မာနိုင်ငံသတင်းစာဆရာများအသင်း မှ ကျွန်မတို့ သမ္မတကြီးထံပေးစာ အဖွဲ့သားများကို ခုလို ဂုဏ်ထူးဆောင်အသင်းသားများအဖြစ် အသိအမှတ်ပြုဂုဏ်ပြုပွဲ လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ အခက်အခဲတွေ အတိုက်အခိုက်တွေကြားက ချစ်တဲ့သူတွေနဲ့ အတူ ဆက်ပြီးကြိုးစား ဖို့ အားအင်တွေ တက်ခဲ့ရပါတယ် လို့'' ဆိုပြီးတော့ ဒီဇင်ဘာလ ၇ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၂ မိနစ်က တင်ခဲ့တာ ဖြစ်ပါတယ်။

 

သရုပ်ဆောင်ဖွေးဖွေးဟာ သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သတင်းထောက်ရှေ့နေမလေး ခက်ခက်ခိုင်နေရာက ပါဝင်သရုပ် ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာ ခက်ခက်ခိုင်ဟာ စိတ်ဓာတ်ဖြောင့်မတ်ပြီး အမှန်တရားကို ဇွဲရှိရှိ၊ သတ္တိရှိရှိနဲ့ ဖော်ထုတ်တတ်တဲ့ ကောင်မလေးအဖြစ်ပါဝင်သရုပ်ဆောင်တဲ့အကြောင်းကို မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' သတ္တိဆိုတာ ဖွေးသိထားတဲ့ သတ္တိအကြောင်းကိုပြောရမယ်ဆိုရင် အမေစုပြောတာရှိတယ်၊ သတ္တိဆိုတာ မွေးကတည်း မကြောက်တာ မဟုတ်ဘူး ကြောက်ကြောက် ကြောက်ကြောက် နဲ့ပဲ လုပ်သင့်တာ၊ ဖြစ်သင့်တာကို ပြောရဲဆိုရဲတာကို သတ္တိလို့ ခေါ်တယ်တဲ့။ အဲ့ဒီအတွက် ဖွေး လည်း သတ္တိတွေ အများကြီးမွေးပြီး ကြိုးစားထားပါတယ်'' လို့ သူကဆိုပါတယ်။

Photo: Amazing Grace

သတင်းထောက်ပညာလေ့လာဦးမယ်ဆိုတဲ့ ဖွေးဖွေး 

သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာဝိုင်းက ပုံဖော်ရိုက်ကူးထားတာ ပါ။ ဒီဇာတ်ကားထဲမှာ အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ အရိုင်း၊ ထွန်းထွန်းဝင်း၊ ဇော်ဦး၊ ဖွေးဖွေးနဲ့ မေဆူးမောင်တို့က အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားကို အောက်တိုဘာလ ၁၉ ရက်နေ့က စပြီးရုံတင်ပြသခဲ့တာဖြစ်ပါတယ်။

 

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားတဲ့ ဖွေးဖွေးဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ် ဆောင်ဆု ကို ရရှိခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က