ယုတ်မာတဲ့ လူတွေရှိရင်တောင်။

စိုးမြတ်နန္ဒာက သူ့အပေါ် ယုတ်မာတဲ့သူတွေရှိရင်တောင် အမြဲတမ်း အပြုံးလေးတစ်ခုနဲ့ တုံ့ပြန်လေ့ရှိတယ်လို့ ပြောပြလာ ပါ တယ်။ လက်ရှိမှာ တော့ သူမက ကိုယ်ပိုင်စီးပွားရေးဘက်မှာ အားသန်နေသူတစ်ယောက်ဖြစ်ပါတယ်။

Photo: စိုးမြတ်နန္ဒာ

 

သရုပ်ဆောင် စိုးမြတ်နန္ဒာဟာ အနုပညာအလုပ်တွေ ဆက်မလုပ်တော့ပေမယ့်လည်း သူ့ကို ချစ်တဲ့ ပရိသတ်တွေ အခိုင်အမာ ရှိနေကြ တုန်းပါပဲ။ သူမကိုချစ်တဲ့ ပရိသတ်တွေလည်း ရှိသလို ဝေဖန်တိုက်ခိုက်ကြသူတွေလည်း ရှိပါတယ်။ ဒါကြောင့်လည်း သူကိုယ်တိုင် အမြဲတမ်း ပြုံးထားတယ် ဆိုတာကို အခုလို ပြောပြလာပါတယ်။

'' အမြဲတမ်းပြုံးနေတယ် ကိုယ့်ဘေးနားက လူတွေကိုလဲ အမြဲပြုံးခိုင်းထားတယ်။ လာယုတ်မာ တဲ့သူတွေရှိရင်လဲ မျက်လုံးကိုသာစိုက်ကြည့် သူပြန်မကြည့်ရဲရင် မရိုးသားဘူး ဆိုတာ ပေါ်လွင်မှာပဲနော့'' ဆိုပြီးတော့ ဒီဇင်ဘာလ ၇ ရက်နေ့ နေ့လည် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: စိုးမြတ်နန္ဒာ

 

စိုးမြတ်နန္ဒာက လက်ရှိမှာတော့ အနုပညာအလုပ်တွေ ရပ်နားထားပြီး ကိုယ်ပိုင်စီးပွားရေးကို ဆောင်ရွက်နေတဲ့ မင်းသမီးချော တစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာလည်း ''မင်းသမီး ပိုးထည်တိုက်'' ဆိုတဲ့ ဆိုင်ကိုတော့ အစ်မဖြစ်သူ စိုးမြတ်သူဇာ၊ ညီမလေးတွေဖြစ်ကြတဲ့ စန္ဒီမြင့်လွင်၊ စိုးပြည့်သဇင်တို့နဲ့ အတူ ပူးပေါင်းဖွင့်လှစ်ထားတာဖြစ်ပြီး ကိုယ်တိုင်လည်း ဆိုင်ထိုင်နေတယ်လို့ သိရပါတယ်။

ညီအစ်မ ၄ယောက် ရုပ်ရှင်ရိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ စန္ဒီမြင့်လွင် 

Photo: စိုးမြတ်နန္ဒာ

 

အဲ့ဒီနောက် သူမရဲ့ ချစ်သူ အဆိုတော် စိုးသူရဲ့ အနုပညာအလုပ်တွေမှာလည်း ဝိုင်းဝန်းအကြံပေးဖြစ်နေတာကို တွေ့ရပါတယ်။ နှစ်ယောက် အတူတူလည်း အလှူအတန်းတွေ၊ ကုသိုလ်ကောင်းမှုတွေ၊ ဘာသာရေးတွေ မကြာခဏဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုဆိုရင် သရုပ် ဆောင် စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ဟာ ချစ်သူသက်တမ်း (၅) နှစ်ကျော်ထဲ ရောက်ရှိနေပြီဖြစ်ပါတယ်။

Photo: စိုးမြတ်နန္ဒာ

 

စိုးမြတ်နန္ဒာဟာ သားဖြစ်သူမြတ်သောမောင်ရဲ့ ရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ မြတ်သောမောင်က အခုလက်ရှိမှာ အသက် ၁၀ နှစ်ကျော်လာပြီဖြစ်ပါတယ်။ IT နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတာကြောင့် ကြီးလာရင် Game တွေထုတ်ဖို့၊ Software တွေရေးဖို့ကိုပဲ အားသန်တဲ့ ကလေးလေး ဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က