Liam လေးက (၆)လသားလေးအရွယ်ကို ရောက်ရှိလာပါပြီ။

ယွန်းဝတီလွင်မိုးလေးက သားလေးကို တစိမ့်စိမ့်ကြည့်ရင်း ချစ်မဝဖြစ်လို့နေပါတယ်။ (၆)လပြည့်သွားပြီဖြစ်တဲ့ Liam လေးအတွက် မွေးနေ့ဆုတောင်းစကားလေးလည်း ယွန်းဝတီလွင်မိုးက ယခုလိုပြောထားပါသေးတယ်။

Photo : ယွန်းဝတီလွင်မိုး



ပရိသတ်တွေရဲ့ အချစ်တော် ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam လေးက (၆)လသားအရွယ်ကို ရောက်ရှိလို့လာပါပြီ။ အားလုံးရဲ့ မျက်စိအောက်မှာတင် တဖြည်းဖြည်း ကြီးလာတဲ့ Liam လေးဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ကလေးလေးလည်း ဖြစ်ပါတယ်။ သားလေးအတွက် ယွန်းဝတီလွင်မိုးက ယခုလို မွေးနေ့ဆုတောင်းစကားလေး ပြောထားတာတွေ့ရပါတယ်။

“၆ လပြည့် မွေးနေ့မှာ ပျော်ရွှင်ပါစေ သားလေးရေ.. သားက မေမေ့ကို ပိုကောင်းတဲ့သူတစ်ယောက် ဖြစ်လာအောင် လုပ်ပေးတယ်၊ တို့မိသားစုလေး တောင်းဆိုနိုင်တာထက်ကိုပိုတဲ့ ပျော်ရွှင်မှုတွေကို သားလေးက ပေးတယ်။ သားက အရမ်းငယ်သေးပေမဲ့ ဉာဏ်ကောင်းပြီး အရမ်းကြင်နာတတ်တယ်။ သားကို မေမေချစ်တယ်။ မေမေရဲ့အရာရာတိုင်းကို သားအတွက် ပေးဆပ်သွားမှာပါ။“လိုု့ အဓိပ္ပါယ်ရတဲ့ စာသားလေးကို သူမရဲ့ အင်စတာဂရမ်မှာ ဖော်ဖော်ဝါရီ(၇) ရက်နေ့ မနက်က ရေးသားထားတာဖြစ်ပါတယ်။

Photo : ယွန်းဝတီလွင်မိုး

ယွန်းဝတီလွင်မိုးရဲ့ သားလေးကို သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ရှိတဲ့ Saint Vincent ဆေးရုံးမှာ ၂၀၁၈ခုနှစ် သြဂုတ်လ(၇) ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သားလေးကို အိမ်ခေါ်နာမည် Liam လို့ မှည့်ထားပြီး မြန်မာနာမည်ကိုတော့ “လွင်ထက်” လို့ ပေးထားပါတယ်။

သားလေးကို ရိုးရိုးပဲ မွေးခဲ့တာ ဖြစ်ပြီး သားလေးမျက်နှာကို ပထမဆုံး အကြိမ် မြင်လိုက်ရတဲ့အချိန်မှာ "သားလေးလောက် ဘယ်အရာမှ အရေး မကြီးတော့ဘူး"ဆိုတဲ့ စိတ်ခံစားချက်ကို ဖြစ်မိတယ်လို့ ၂၀၁၈ခုနှစ်၊ စက်တင်ဘာ(၂) ရက်နေ့က ပရိသတ်တစ်ယောက် မေးထားတဲ့ မေးခွန်းမှာ ဖြေဆိုပေး ထားတာတွေ့ရပါတယ်။

Photo : ယွန်းဝတီလွင်မိုး

ယွန်းဝတီ လွင်မိုးကတော့ မင်းသားကြီးလွင်မိုးနဲ့ ဒေါ်မေသူတို့ရဲ့ သမီးကြီးလေးဖြစ်သလို ဖခင်နဲ့ မိခင်တို့ရဲ့ ချောမောတဲ့ ရုပ်ရည်လေးကို အမွေဆက်ဆံထားသူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။ ယွန်းဝတီလွင်မိုးဟာ ကြော်ငြာအချို့မှာလည်း ပါဝင်ထားတဲ့သူမဟာ ချစ်ဖို့ကောင်းပြီး လှပတဲ့အတွက် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားသူလေးပဲ ဖြစ်ပါတယ်။

Photo : ယွန်းဝတီလွင်မိုး

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်ခဲ့တဲ့ ယွန်းဝတီလွင်မိုးဟာ သူမရဲ့ချစ်သူ ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က