သက်မွန်မြင့်ဟာ အခုလက်ရှိ သရုပ်ဆောင်လောကမှာ အွန်လိုင်းပေါ် နာမည်ကြီးနေရုံနဲ့ သရုပ်ဆောင်ဖြစ်လာကြတဲ့အပေါ် သူ့ရဲ့ သ ဘောထား ကိုပြောပြလာပါတယ်။ သူမကိုယ်တိုင်ကလည်း ကိုယ်ပိုင်အရည်အချင်းနဲ့ ကြိုးစားလာခဲ့တာ အခုဆိုရင် အနုပညာ သက်တမ်း ၁၈ နှစ်ရှိပါပြီတဲ့။
သက်မွန်မြင့်ဟာ အနုပညာလောကကို စတင်ဝင်ရောက်လာတဲ့ သက်တမ်းဟာ ၁၈ နှစ်ရှိပါတယ်။ မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်အသိ အမှတ်ပြုပြီး ဇာတ်ကားတွေ ရိုက်လာရတာကတော့ ၁၄ နှစ်ရှိပြီလို့ ဆိုပါတယ်။ သူဟာ ကိုယ်ပိုင်အရည်အချင်းနဲ့ ရပ်တည်လာတာ ဖြစ်တဲ့ အတွက် ကြိုးစားလာခဲ့ရတဲ့ ဘဝဖြတ်သန်းမှုကို ပြောပြခဲ့ပါတယ်။
'' ချင်းတောင်မှာ မော်ဒယ်ဆိုတာ ကြားဖူးတာပဲ ရှိတယ်။ ဘယ်လိုပုံစံရှိရမယ် ဘာအလုပ်တွေ လုပ်ရတယ်ဆိုတာ ကိုယ်တွေ နားမလည်ဘူး။ အဲ့လိုပုံစံကို ကိုယ်က တိုးဝင်ရတာ ကိုယ်ဝင်တယ်ဆိုတာလည်း ကိုယ်က ပြည့်စုံတဲ့သူမဟုတ်ဘူး။ မိဘဆွေမျိုးလည်း ရန်ကုန်မှာ ရှိတာ မဟုတ်ဘူး။ ရန်ကုန်ကိုကျွမ်းကျင်တဲ့သူလည်းမဟုတ်တော့ လုံးဝအစိမ်းသက်သက် ကိုယ်လုပ်ရတဲ့ အနုပညာလောကဆိုတာ လုံးဝအစိမ်း သက်သက်ကြီးကနေ ကိုယ်ဒီနေရာထိ ရောက်လာ တယ်ဆိုတော့ ဘာပဲ ဖြစ်ဖြစ် ပရိသတ်တွေလည်း ကျေးဇူးတင်တယ်'' လို့ ဆိုပါတယ်။
ဒီနေ့ခေတ်အနေအထားအရ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေရုံနဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လာကြတဲ့အပေါ် သက်မွန်မြင့်ရဲ့ သုံးသပ်ချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။ ကိုယ်ပိုင်အစွမ်းအဆနဲ့ ကြိုးစားမှသာ ဒီလောကမှ အချိန်ကြာကြာရပ်တည်လို့ရမယ် ဆိုတာကို လည်း ပြောပြခဲ့ပါတယ်။
''အခုခေတ်မှာတော့ ပေါ်ပြူလာဖြစ်ဖို့အရမ်းလွယ်တယ်။ မီဒီယာတွေလည်းအများကြီးရှိလာတယ်။ အွန်လိုင်းတွေဘာတွေနဲ့ဆိုတော့ ဖေ့စ် ဘွတ်မှာနာမည်ကြီးရင်ကို ရုပ်ရှင်ရိုက်ရတာတွေ ဘာတွေ ရှိလာတယ်။ ဆိုတော့ ပေါ်ပြူလာ ဖြစ်ဖို့တော့ အရမ်းလွယ်တယ်။ လူသိဖို့ အရမ်း လွယ်တယ်။ရပ်တည်ဖို့ကျတော့ ကိုယ့်ဘက်က အားစိုက်ဖို့ မဖြစ်နိုင်ပဲနဲ့မကြိုးစားပဲနဲ့တော့ မရဘူးပေ့ါနော်။ အဲ့ဒါလေးတော့ ကွာသွား တာ ပေါ့'' လို့ သူကဆိုပါတယ်။
သူငယ်ချင်းတွေနဲ့ ခရီးထွက်ရလို့ ပျော်နေတဲ့ သက်မွန်မြင့်
သက်မွန်မြင့်ကို ပရိသတ်တွေကရော၊ မိတ်ဆွေ အပေါင်းအသင်းတွေကပါ အိမ်ထောင်ရေးကံကောင်းတယ်လို့ ဆိုကြပါတယ်။ ခင်ပွန်းဖြစ်သူ က အရမ်းချစ်ပြီး အလို လိုက်တာကြောင့်လည်း အနုပညာအလုပ်တွေကို အေးအေးဆေးဆေးလုပ်ကိုင်ခွင့်ရနေသူပါ။ ဒီလို နားလည်မှုတွေ ပေးတတ်တဲ့ ခင်ပွန်းအကြောင်းကိုလည်း စက်တင်ဘာလ ၂၅ ရက်နေ့ မနက်က အလျှံပယ် ရုပ်ရှင်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့ပါတယ်။
''သက်မွန်က ယောကျ်ားချစ်တာခံရတယ်ဆိုတာက သူတို့မနာလိုတာပါ။သက်မွန်က သံယောဇဉ်တွယ်တက်တယ်။ သူတို့ကိုလည်း အရမ်း ချစ်တယ်။ ယောကျ်ားကျတော့ မေတ္တာပေါ့ ကျေနပ်ပါတယ်။အဓိက သက်မွန်ရဲ့ အဆိုးအကောင်းကို သူလက်ခံပေးတယ်။ ပြီးတော့ အဓိက သက်မွန်ကို ယောကျာ်းတစ်ယောက်အနေနဲ့တင်မဟုတ်ပဲ သူငယ်ချင်းတစ်ယာက် အနေန့ကော ပေါင်းလို့ရတယ်။ အစ်ကိုတစ်ယောက်လို လည်း တိုင်ပင်လို့ရတယ်။ အများကြီးကိုယ့်ကို ရပ်တည်ပေးတ်။ကိုယ့်ရဲ့ အားသာချက်တွေကို ပြောပြတယ်။ အားနည်း ချက်တွေလည်း ပြောင်းလဲဖို့လမ်းပြပေးတယ်။ ကံကောင်းတယ်လို့ ပြောရမှာ'' လို့ ဆက်လက်ပြောပြထားပါတယ်။
သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။