သြဂုတ်လ ၁၅ ရက်နေ့မှာ အာရှအားကစားပွဲအဖြစ် မြောက်ကိုရီးယားအသင်းနဲ့ စတင်ကစားပါမယ်။

အာရှအားကစားပွဲတော်အတွက် နောက်ဆုံးပြင်ဆင်မှုဖြစ်ပြီး အာရှအားကစားပွဲတော်မတိုင်ခင် အပြီးသတ် ၂၀ ယောက်စာရင်းကို ထုတ်ပြန် ကြေညာသွားမယ်လို့ သိရပါတယ်။



Photo - MFF

 

အာရှအားကစားပွဲတော်အတွက် ရည်ရွယ်ပြင်ဆင်နေတဲ့ မြန်မာ ယူ-၂၃ အသင်းကတော့ ဒီကနေ့ ညနေပိုင်းက ထိုင်းကလပ် Police Tero အသင်းနဲ့ ခြေစမ်းကစားခဲ့ရာမှာတော့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပါတယ်။

တတိယနေရာလုပွဲမှာ မလေးရှားအသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ 

ခြေစမ်းပွဲဖြစ်လို့ နည်းပြ ချုပ် အန်တွန်နီဟေးက မျက်နှာသစ်ကစားသမားတွေကို ပွဲထုတ်ခဲ့ပြီး အတွေ့အကြုံကို ဦးစားပေးကစားစေခဲ့တာကို လည်းတွေ့မြင်ခဲ့ရပါတယ်။

Photo - MFF

 

နည်းပြချုပ် အန်တွန်နီဟေးလက်ထက်မှာ မြန်မာ ယူ-၂၃ အသင်းအနေနဲ့ Alpine Cup ဖိတ်ခေါ်ဖလားပြိုင်ပွဲအဖြစ် မန္တလေးမြို့မှာကစားခဲ့ပြီး တောင်ကိုရီးယား ယူ-၁၉ အသင်းကို ၄-၃ ဂိုး၊ဘာရိန်းယူ-၂၃ အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီသရေ၊ထိုင်းယူ-၂၃ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါ တယ်။

အခု ထိုင်းခရီးစဉ်အပြီးမှာတော့ အာရှအားကစားပွဲတော်ကျင်းပမယ့် အင်ဒိုနီးရှားနိုင်ငံကို တိုက်ရိုက်ထွက်ခွာမှာဖြစ်ပြီး ပဏာမရွေးထားတဲ့ ၂၄ ယောက်စာရင်းထဲကနေ ၂၀ ယောက်ကို ရွေးထုတ်သွားမယ်လို့လည်းသိရပါတယ်။

Photo - MFF

မြန်မာအသင်းအနေနဲ့ အာရှအားကစားပွဲတော်မှာ အာရှအင်အားကြီးအသင်းတွေဖြစ်တဲ့ မြောက်ကိုရီးယား၊အီရန်၊ဆော်ဒီအသင်းတို့နဲ့ တစ်အုပ်စု တည်းကျရောက်နေပါတယ်။

Photo - MFF

 

ပြိုင်ပွဲမှာတော့ မြောက်ကိုရီးယားအသင်းကို သြဂုတ်လ ၁၅ ရက်နေ့မှာလည်းကောင်း၊ဆော်ဒီအသင်းကို သြဂုတ်လ ၁၇ ရက်နေ့မှာလည်းကောင်း ၊ အီရန်အသင်းကို သြဂုတ် ၂၀ ရက်နေ့မှာလည်းကောင်းအသီးသီးရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။

Photo - MFF

 

ဒီကနေ့ ကစားသွားတဲ့ Police Tero အသင်းနဲ့ ခြေစမ်းပွဲကိုတော့ ထိုင်းရောက်မြန်မာပရိသတ်အများအပြားလာရောက်အားပေးခဲ့သလို မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကိုယ်တိုင် လိုက်ပါအားပေးတာကိုလည်းတွေ့မြင်ရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က