ရွှံ့နွံထူထပ်တဲ့ တောင်စောင်းရှိ တရားမဝင် ရွှေတွင်းနေရာမှာ မြေပြိုကျမှုဖြစ်ခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ တရားမဝင် ရွှေတွင်းနေရာမှာ မြေပြိုကျမှုအတွင်း လူဦးရေ ၁၀၀ အထိ ပိတ်မိနေဆဲဖြစ်ပြီး ၎င်းတို့ သေဆုံးခဲ့ပြီလို့ ယူဆရကြောင်း အာဏာပိုင်တွေက ယနေ့ (မတ်လ ၄ ရက်) ပြောပါတယ်။


(Photo: Reuters)

ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပတ်တကုတ် လုပ်ဆောင်နေခဲ့ပေမဲ့ ပိတ်မိနေသူ ရာနဲ့ချီရှိနေဆဲဖြစ်ပြီး မြေပြိုကျမှုများအောက်မှ လူ ၁၉ ဦးကို အသက်ရှင်လျက် ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ယခု မြေပြိုမှုအတွင်း လူကိုးဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားပြီးလည်း ဖြစ်ပါတယ်။ ဆူလာဝေစီကျွန်းပေါ်ရှိ ကBolaang Mongondow ဒေသမှ ရွှံ့နွံထူထပ်တဲ့ တောင်စောင်းရှိ တရားမဝင် ရွှေတွင်းနေရာမှာ ဖေဖေါ်ဝါရီ ၂၆ ရက် ညပိုင်းက မြေပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။

အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူတွေက မတူညီတဲ့ ကိန်းဂဏန်းတွေကို ပြောခဲ့ကြတာကြောင့် မြေပြိုကျမှုဖြစ်ပြီး ပိတ်မိနေသူ အရေအတွက်ကို အတိအကျ မသိနိုင်ဖြစ်နေတယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ပြောခဲ့ပါတယ်။
(Photo: AFP)

"တချို့က ၃၀၊ ၅၀၊ ၆၀ လို့ ပြောတယ်၊ ၁၀၀ လို့တောင် ပြောတာလည်းရှိတယ်" လို့ ၎င်းကဆိုပါတယ်။ ရွှေတွင်းနေရာမှာ မြေပြိုကျမှုဖြစ်ပြီးနောက် အစောပိုင်းက မြေပြင်အခြေအနေဟာ တုန်ခါလှုပ်ရှားမှု ပြင်းထန်ပါက ပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် စက်ယန္တရားများမသုံးဘဲ ဂေါ်ပြားနဲ့ ကြိုးတွေကိုသာ အသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရကြောင်းလည်း သိရပါတယ်။

ယမန်နေ့ (မတ်လ ၃ ရက်) မှာတော့ မြေတူးစက်များသုံးပြီး ရွှေတွင်းဝင်ပေါက်နေရာမှ မြေကြီးတွေနဲ့ အပျက်အစီးတွေကို ဖယ်ရှားခဲ့ပေမဲ့ နောက်ထပ် အသက်ရှင်သူတွေကို မတွေ့ခဲ့ရဘူးလို့ AFP သတင်းမှာ ဖော်ပြပါတယ်။

(Photo: Reuters)

အင်ဒိုနီးရှားအစိုးရက ယခု မြေပြိုမှုဖြစ်ခဲ့တဲ့ ရွှေတူးဖော်ရေး အသေးစားလုပ်ငန်းတွေကို ပိတ်ပင်ထားပေမဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက အစွန်အဖျားနေရာတွေမှာ ထိုသို့ တရားမဝင် ရွှေတူးဖော်မှုတွေကို မျက်ကွယ်ပြုထားလေ့ရှိတယ်လို့လည်း သိရပါတယ်။ စည်းမျဉ်းအတိုင်း အရေးယူဆောင်ရွက်မှု လျော့နည်းတာကြောင့် တရားမဝင် မိုင်းတွင်းတွေမှာ မကြာခဏ မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိနေပါတယ်။

၂၀၁၆ ခုနှစ်ကလည်း ဆူမာတြားကျွန်း Jambi ပြည်နယ်ရှိ တရားမဝင် ရွှေတွင်းတစ်ခုမှာ မြေပြိုမှုဖြစ်ခဲ့ပြီး ရွှေတူးဖော်ရေးလုပ်သား ၁၁ ဦး သေဆုံးခဲ့ပါတယ်။ ထို့အတူ ၂၀၁၅ ခုနှစ်အတွင်း ဂျာဗားကျွန်းရှိ မိုင်းတွင်းတစ်ခုရဲ့ ဥမင်ပြိုကျမှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး Jambi ပြည်နယ်မှာလည်း မိုင်းတွင်းနေရာ မြေပြိုကျမှုကြောင့် လုပ်သား ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က