ဘီးလင်းမြို့မှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးဆိုင်ရာ ကူညီမှုတွေပြုလုပ်ခဲ့ပြီး ကရင်ပြည်နယ်မှာရှိတဲ့ မြို့တွေက ရေဘေးသင့်ပြည်သူ တွေအတွက်ကို လည်းသွားရောက် လှူဒါန်းခဲ့ကြတာ ကို တွေ့ရ ပါတယ်။ အဲ့ဒီမြို့တွေ မှာ လည်း ဟာသသရုပ်ဆောင်အောင်သော်ကလည်း သွားရောက်ကူညီဆောင်ရွက်နေတာကို တွေ့ရပါတယ်။
Photo: ထူးအယ်လ်လင်းဖေ့စ်ဘွတ်
အဆိုတော်ထူးအယ်လင်းတစ်ယောက် ဘီလင်းမြို့မှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာအလှူတွေကို သွားရောက်လှူဒါန်း ခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီနောက် ကရင်ပြည်နယ်ဘက်မှာရှိတဲ့ မိတ္ထီလာမြို့၊ ကမောင်းမြို့ နဲ့ ခပွန်မြို့တွေက ရေဘေးသင့်ပြည်သူ တွေအတွက်ကို လည်းသွားရောက်လှူဒါန်းခဲ့ကြသေးတယ်လို့ သိရပါတယ်။
'' ကျွန်တော်တို့ ဘားအံသွားတဲ့ လမ်းမှာ တော်တော်လေးအဆင်မပြေဘူး။ ဒီဘက်တွေ တော်တော်အခြေအနေဆိုးတယ်၊ အခြေအနေ မ ကောင်းဘူး။ ဘီးလင်းမှာ ကူညီပြီးတော့ ကျွန်တော်တို့ ဘားအံဘက်ကို တက်တဲ့လမ်းပေါ့လေ။ ကျွန်တော်တို့ကားလည်း လှိုင်းပုတ်တာ ကြီး တော့ ကားလည်းစက်ရပ်သွားခဲ့တယ်'' လို့ သြဂုတ်လ ၂ ရက်နေ့ ညနေက သူ့ရဲ့ ဖေ့စ်ဘွတ် Live ကနေတဆင့် ပြောပြခဲ့ပါ တယ်။
Photo: ထူးအယ်လ်လင်းဖေ့စ်ဘွတ်
ဘားအံသွားတဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ ဟာသသရုပ်ဆောင်လူရွှင်တော် အောင်သော်ပါဝင်တဲ့ ပရဟိတအဖွဲ့တွေရဲ့ ကူညီမှုဆောင်ရွက်နေတာတွေကိုလည်း အဆိုတော်ထူးအယ်လင်းက Facebook Live ကနေတဆင့် ပြသခဲ့ပါသေးတယ်။
''ရေဘေးသင့် မိတ္ထီလာရွာ ကမာမောင်းမြို့ တစ်ဖက်မှာ လည်း ကယ်ဆယ်ရေးစခန်း ၄ စခန်းရှိတယ်'' လို့ ကိုအောင်သော်က အဆိုတော် ထူး အယ်လင်းရဲ့ Facebook Live ထဲကနေ ပြောပြလာပါတယ်။ ဒီကျေးရွာတွေက ရေဘေးသင့်ပြည်သူတွေအတွက် ကူညီပေးနေတာ ၄ ရက်ရှိ ပြီလို့လည်းပြောပြခဲ့ပါသေးတယ်။
Photo: ထူးအယ်လ်လင်းဖေ့စ်ဘွတ်
သိမ်ကျောင်းဆောက်လှူမှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်တဲ့ ထူးအယ်လင်း
မြန်မာနိုင်ငံရဲ့ နေရာတချို့မှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေနဲက ပတ်သက်ပြီး အစိုးရနဲ့ အတူ ပရဟိတအသင်းအဖွဲ့များအနေနဲ့လည်း ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်နေကြတာ တွေ့ရပါတယ်။ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူချစ် အနုပညာရှင် တွေကလည်း ပါဝင်ကူညီလို့နေပါတယ်။
Photo: ထူးအယ်လ်လင်းဖေ့စ်ဘွတ်
အဆိုတော် ထူးအယ်လင်းဟာ တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခုချိန်မှာလည်း အများအကျိုးအတွက် သယ်ဆောင်ရန် ရည်ရွယ်ချက်နဲ့ အများအကျိုးအတွက်လှူဒါန်းဖို့ ဂီတသစ်ပင် လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထုတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။