စိန်ခေါ်မှုအရမ်းကြီးပါတယ်။

ထိုင်းနိုင်ငံက အဆောင်မှူးအခြောက်မကြီးတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ဂျိုကာကို မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ ဒီကာရိုက်တာ အတွက်လည်း လေ့လာနေတယ်လို့ ဆိုပါတယ်။

 

ဂျိုကာကတော့ မကြာခင် ထိုင်းနိုင်ငံမှာ သွားရောက်ရိုက်ကူးတော့မယ့် Lady Boy ရုပ်ရှင်ဇာတ်ကားထဲမှာ ထိုင်းနိုင်ငံက အခြောက်မကြီး တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ ဒီကာရိုက်တာက ဂျိုကာအတွက် စိန်ခေါ်မှု အရမ်းကြီးတယ် ဆိုပြီးတော့လည်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ကာရိုက်တာအတွက် စိန်ခေါ်မှုကတော့ အရမ်းကို ကြီးပါတယ်။ တွေးကြည့်ရင်တောင် ကိုယ့်ကိုယ်ကို ရွံတယ် ။ ခြောက်ပြရမှာဆိုတော့ အဝတ်အစား၊ အသုံးအဆောင်၊ ဒီဇိုင်းကအစ ပေါ့နော်။ ပြီးတော့ ဒိုင်ယာလော့ အပိုင်းတွေ ပေါ့ ထိုင်းလိုပြောရမှာတွေ ပါတော့ ဒိုင်ယာ လော့တွေသာပါရင် ကျွန်တော် ကြိုလေ့ကျင့်ရမယ့် အပိုင်းတွေရှိတယ်'' လို့ သဘောကျရယ်မောလျှက် ပြောပြခဲ့ပါတယ်။

Photo: Jokker Facebook

ပရိသတ်စိတ်ဝင်စားတဲ့ လူရိုင်းကာရိုက်တာအကြောင်းဂျိုကာ 

ကာရိုက်တာအတွက် လေ့လာမှုတွေကိုလည်း ဂျိုကာက အခုလိုပြောပြခဲ့ပါတယ်။ ထိုင်းနိုင်ငံက အခြောက်နဲ့ မြန်မာနိုင်ငံရဲ့ အခြောက် ပုံစံတွေကိုလည်း သြဂုတ်လ ၂၈ ရက်နေ့က Lady Boy ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲမှာ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာပါ။

'' ထိုင်းက ခြောက်တာတွေကျတော့ သူတို့က ပွင့်တာပေါ့နော်၊ ကျွန်တော်လည်း တွေ့ဖူးတာပါ။ မြန်မာနိုင်ငံက အခြောက်တွေကျတော့ နွဲ့တယ်။ ဒါပေမယ့် ထိုင်းက အခြောက်တွေက ပိုတောင်နွဲ့နေသေးတယ်။ ကျွန်တော့်ရဲ့ ပြင်ဆင်မှုတွေနဲ့ ပေါင်းစပ်လိုက်မယ် ဆိုရင်တော့ ထူးခြားတာတစ်ခုတော့ တွေ့လာမှာပါ'' လို့ ဆိုပါတယ်။

 

ဂျိုကာဟာ ရုပ်ရှင်ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း အစ်ကိုဖြစ်တဲ့ ရဲလေးနဲ့သာမက တစ်ယောက်တည်းလည်း ပါဝင်သရုပ်ဆောင်နေရသူပါ။ ဒါပေမယ့် ဒီလို အခြောက်ကာရိုက်တာကတော့ သူ့အတွက် ပထမဆုံးပါပဲ လို့ ဆိုပါတယ်။

'' ဒီဇာတ်ကားထဲမှာတော့ ဂျိုကာ ပထမဆုံး အခြောက်ကာရိုက်တာ သရုပ်ဆောင်ထားတာပါ။ ကာရိုက်တာက ထိုင်းနိုင်ငံမှာနေပြီးတော့ အဆောင်မှူး အခြောက်ကြီးပေါ့နော်။ အခြောက်တွေပဲ လက်ခံတယ်။ မြန်မာလူမျိုးတွေဆိုရင်တော့ ချစ်တတ်တယ်။ ကျွန်တော်က အိချောပို ရဲ့ ဦးလေးနေရာက ပါဝင်သရုပ်ဆောင်ရမှာပေါ့''လို့ ပြောပါတယ်။

Photo: Jokker Facebook

 

ဂျိုကာ ကတော့ အဆိုတော်တစ်ယောက်လည်းဖြစ်သလို၊ လူမှုကွန်ယက်ပေါ်က ပရိသတ်တွေပျော်ရွှင်စေဖို့လည်း ဟာသဗီဒီယိုလေး တွေ တင်ဆက်ပေးလေ့ရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရုံတင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က