ပရိသတ်တွေရဲ့ အချစ်တော် ယွန်းဝတီလွင်မိုးလေးက ပရိသတ်တွေ သိချင်နေကြတဲ့ သားသားလေးရဲ့ အကြောင်းကို ပြောပြလို့ လာပါတယ်။ ပရိသတ်တွေ မေးထားတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ဖြေဆိုပေးထားတာပါ။
Photo : ယွန်းဝတီလွင်မိုး IG
ငယ်စဉ်ကတည်းက ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ ယွန်းဝတီလွင်မိုးဟာ သားသားလေးရဲ့ အကြောင်းတွေကို ပရိသတ်တွေ အတွက် ပြောပြပေးထားတာတွေ့ရပါတယ်။ သူမနဲ့ ပတ်သက်တဲ့အကြောင်းတွေရော သားလေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေရော ပရိသတ် တွေ မေးထားတာကို သူမရဲ့ အင်စတာဂရမ်မှာ ဖြေဆိုပေးထားတာပါ။
ယွန်းဝတီလွင်မိုးအနေနဲ့ သားလေးကို သြစတြေးလျနိုင်ငံ ၊ မဲလ်ဘုန်းမြို့မှာရှိတဲ့ Saint Vincent ဆေးရုံမှာ သြဂုတ်လ(၇) ရက်နေ့ ညနေ(၅)နာရီလောက်က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
Photo : ယွန်းဝတီလွင်မိုး IG
သားလေးကို ရိုးရိုးပဲ မွေးခဲ့တာ ဖြစ်ပြီး သားလေးမျက်နှာကို ပထမဆုံး အကြိမ် မြင်လိုက်ရတဲ့အချိန်မှာ "သားလေးလောက် ဘယ်အရာမှ အရေး မကြီးတော့ဘူး"ဆိုတဲ့ စိတ်ခံစားချက်ကို ဖြစ်မိတယ်လို့ ပရိသတ်တစ်ယောက် မေးထားတဲ့ မေးခွန်းမှာ ဖြေဆိုပေးထား ပါတယ်။ သားသားလေး ကိုယ်ဝန်ရှိနေပြီလို့ သိလိုက်ရတဲ့ အချိန်က (၄)ပတ်မြောက်မှာပါတဲ့။ သားလေးကို မွေးချိန်မှာ ၇ပေါင်နဲ့ (၅)အောင်စရှိတယ်လို့ဆိုပါတယ်။
သားလေးက ဗိုက်ထဲမှာနေကတည်းက အရမ်းကန်တယ်ဆိုပြီး သားလေးကိုယ်ဝန်လွယ်ထားတုန်းကအကြောင်းလေးကို ပြောပြခဲ့ပါသေး တယ်။သားလေးဟာ လက်ရှိမှာ ကျန်းကျန်းမာမာရှိသလို အရမ်းကိုလည်း ထွားတယ်လို့ ယွန်းဝတီလွင်မိုးလေးက ပြောပြခဲ့ပါသေးတယ်။ သားလေးကို ယခုလက်ရှိမှာ Liam လို့ပေးထားပြီး မြန်မာနာမည်ပေးဖို့ကိုလည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။
Photo : ယွန်းဝတီလွင်မိုး IG
မိခင်တစ်ယောက်ရဲ့ ခံစားချက်ကို ရင်ဖွင့်လာတဲ့ ယွန်းဝတီလွင်မိုး
Liam လေးရဲ့ ထူးခြားလေးတစ်ခုက အရမ်းအေးတဲ့ကလေးထဲမှာ ပါတယ်တဲ့။ သူဗိုက်ဆာတဲ့အချိန်၊ ဒိုက်ဘာ ညစ်ပတ်နေတဲ့အချိန်တွေသာ အသံထွက်တတ်ပြီး ကျန်တဲ့အချိန်တွေမှာဆို ပျော်နေတတ်တဲ့ ကလေးလေးဖြစ်တယ်ဆိုပြီး ယွန်းဝတီလွင်မိုးက ပရိသတ်တစ်ယောက်ချင်းဆီရဲ့ မွေးခွန်းလေးတွေကို စိတ်ရှည်စွာ ဖြေဆိုပေးထားပါတယ်။
ယွန်းဝတီ လွင်မိုးကတော့ မင်းသားကြီးလွင်မိုးနဲ့ ဒေါ်မေသူတို့ရဲ့ သမီးကြီးလေးဖြစ်သလို ဖခင်နဲ့ မိခင်တို့ရဲ့ ချောမောတဲ့ ရုပ်ရည်လေးကို အမွေဆက်ဆံထားသူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။ခေးကို ချစ်ကြတဲ့ ခေးရဲ့ Fan တွေအတွက် မကြာခင်မှာ ခေးနဲ့ ခေးသားလေးအကြောင်း Q&A အစီအစဉ်လေးတွေ လုပ်ပေးဖို့ ရှိတယ်လို့ ဆိုပါသေးတယ်။
Photo : ယွန်းဝတီလွင်မိုး IG
ယွန်းဝတီလွင်မိုးဟာ သရုပ်ဆောင် လွင်မိုးရဲ့သမီးဖြစ်ပြီး ကြော်ငြာအချို့မှာလည်း ပါဝင်ထားတဲ့သူမဟာ ချစ်ဖို့ကောင်းပြီး လှပတဲ့အတွက် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားသူလေးပဲ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်မယ့် ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Photo : ယွန်းဝတီလွင်မိုး IG
ယခုလက်ရှိ သူမဟာ ခင်ပွင်းဖြစ်သူနဲ့အတူ သြစတြေးလျ မှာ အတူ နေထိုင်လျက်ရှိပါတယ်။အိမ်ထောင်ကျ ကလေးရပြီးပေမယ့်လည်း ယွန်းဝတီ လွင်မိုး အပေါ် ပရိသတ်တွေ က အခုထိ အချစ်ပိုနေကြတုန်းပါ။
Share