သားလေးကလည်း တော်လိုက်တာ။

နိုင်ငံပေါင်းစုံက ကလေး(၄၈) ယောက်ယှဉ်ပြိုင်တဲ့ ဂေါက်ရိုက်ပြိုင်ပွဲမှာ ထွန်းအိန္ဒြာဗိုလ်ရဲ့ သားလေးက စတုတ္ထရခဲ့တယ်တဲ့။ ထွန်း အိန္ဒြာဗိုလ်ဟာ သားလေးအတွက် ဂုဏ်ယူနေသလို Golf နဲ့ ပတ်သက်ပြီး ဝါသနာလွန်းတဲ့ သားလေးအတွက်လည်း ထောက် ပံ့ပေးမှုတွေ လုပ်ပေးနေတာ တွေ့ရပါတယ်။ သူမရဲ့ သားလေးဟာ Golf ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ ခဏခဏရဖူးသူ လည်း ဖြစ်ပါတယ်။

Photo : ထွန်းအိန္ဒြာဗိုလ် FB


သရုပ်ဆောင်ထွန်းအိန္ဒြာဗိုလ်က သားလေးအတွက် ဂုဏ်ယူလို့နေပါတယ်။ America ရဲ့ PGA Junior Tour တစ်ခုမှာ နိုင်ငံစုံ ကလေး(၄၈) ယောက် ယှဉ်ပြိုင်ကြတဲ့ ဂေါက်ရိုုက်ပြိုင်ပွဲမှာ သားလေးက စတုတ္ထရခဲ့တာကြောင့် ဖြစ်ပါတယ်။ Golf အားကစားမှာ ထူးချွန်တဲ့ သားလေးအအတွက် မေမေထွန်းအိန္ဒြာဗိုလ်က အပြုံးတွေနဲ့ ပီတိတွေဖြာလို့နေပါတယ်။

Photo : ထွန်းအိန္ဒြာဗိုလ် FB


သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း သားလေးနဲ့ ပတ်သက်ပြီး ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

"America ရဲ့ P G A Junior Tour တခု မှာ နိုင်ငံစုံ က ခလေး ၄၈ ယောက် ယှဉ်ပြိုင်ကြတာ .... သားလေး စတုတ္ထ ရ တယ်လေ ... ( ပြိုင်ပွဲ အတွက် အရာရာ ကူညီပေးတဲ့ ကို Raymond နဲ့ မမီး မိသားစု ကို ကျေးဇူး အများကြီးတင်ပါတယ်ရှင် )" ဆိုပြီး ဇူလိုင်လ(၂၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

မိုးကုတ်ရှုခင်းတွေနဲ့ပျော်နေတဲ့ ထွန်းအိန္ဒြာဗို  

သားလေးဟာ Goft နဲ့ ပတ်သက်ပြီး အရမ်းကို ဝါသနာကြီးသူ တစ်ဦးဖြစ်သလို မိဘများကလည်း သားလေးအတွက် ထောက်ပံ့ပေးလျက်ရှိတာ တွေ့ရပါတယ်။ ထွန်းအိန္ဒြာဗိုလ်ရဲ့ သားလေး အောင်ဗိုလ်ကောင်းသန့်ဟာ Golf ပြိုင်ပွဲတွေ တော်တော်များများမှာ ဝင်ရောက်ယှဉ်ပြိုင် ဖြစ်သလို ဆုတွေလည်း ရရှိဖူးသူပါ။

Photo : ထွန်းအိန္ဒြာဗိုလ် FB


အသက်(၁၂)နှစ်နဲ့အောက်ကျောင်းသားတွေ ပြိုင်တဲ့ ဂေါက်ပြိုင်ပွဲမှာလည်း ထွန်းအိန္ဒြာဗိုလ်သားလေးက ပထမဆုရခဲ့ဖူးပါသေးတယ်။ အဲ့ဒီဆုကတော့ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့တဲ့ ဂေါက်ပြိုင်ပွဲမှာ ရခဲ့တာပါ။ ထွန်းအိန္ဒြာဗိုလ်ဟာ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင် ထားသူ တစ်ဦးဖြစ်ပါတယ်။

Photo : ထွန်းအိန္ဒြာဗိုလ် FB


ထွန်းအိန္ဒြာဗိုလ်က လက်ရှိမှာ ဇာတ်ကားရိုက်ကူးတွေ နားထားကာ သားလေးအတွက် အချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။ ထွန်းအိန္ဒြာဗိုလ် ဟာ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုလ်ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က