အရမ်းချစ်စရာကောင်းတဲ့အကြောင်းတွေ ပြောပြထားပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော် ထားသခင်လေး လည်လွန်း တတ်လွန်းတဲ့ အကြောင်းကို နေခြည်ဦးက ပြောပြလာပါတယ်။ အခုချိန်မှာ ပရိသတ် တွေရဲ့ အချစ်ကို ခံနေရပေမယ့် နောင်တစ်ချိန် ဝေဖန်တိုက်ခိုက်မှုတွေ ကြုံလာရမှာကိုလည်း စိုးရိမ်တယ်လို့ ဆိုပါတယ်။



 

နေခြည်ဦး ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းအများကြီးရရှိထားတဲ့ ကလေးသရုပ်ဆောင်လေး ထားသခင်ရဲ့ အကြောင်းကို ပြောပြလာပါ တယ်။ ထားသခင်လေး ဟာ အရမ်းကို သိလွယ်၊ တတ်လွယ်တာကြောင့် လည်လည်း လည်တယ်၊ ကလေး နဲ့တောင် မတူဘူး ဆိုပြီးတော့ မီဒီယာတွေကနေ တဆင့် ပြောပြလာပါတယ်။

'' သမီးလေးနဲ့က ခ သုံးလုံးရုပ်ရှင် ကန်တော့ပွဲမှာမှ ဆုံဖူးတာပေါ့နော်။ သူ့ကိုတော့ Live တွေမှာ တွေ့တွေ့ဖူးနေတယ်။ မင်းသမီးတွေရော၊ အဆိုတော်တွေရော ပြီးတော့ မဖွေးနဲ့ ကြော်ငြာရိုက်နေတာတွေ တွေ့တယ်။ သူ အသံအရမ်းအောင်တယ် အာခေါင်ကို ခြစ်ခြစ်ပြီးအော်တာ။ ကလေးနဲ့ မတူဘူး"လို့ သူကဆိုပါတယ်။

 

ထားသခင်လေးဟာ အရမ်းကို သိလွန်း၊ တတ်လွန်း၊ ချစ်စရာကောင်းလွန်းတာကလည်း သူ့ရဲ့ ဆွဲဆောင်မှု တစ်ခုပါပဲလို့ နေခြည်ဦးက ပြော ပါတယ်။ ဒါကိုလည်း ကြိုက်တဲ့ ပရိသတ်တွေရှိပေမယ့် မကြိုက်တဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကလည်း မပြင်းထန်စေဖို့ အတွက် သြဂုတ်လ ၃၀ ရက်နေ့က ထားသခင်ရဲ့ ၄ နှစ်ပြည့်မွေးနေ့ပွဲကို တက်ရောက်လာရင်း ဆက်လက်ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

'' သူ အရမ်းတတ်တယ်၊ သာမန်ကလေးတစ်ယောက်နဲ့ မတူဘူး ဒါကလည်း သူ့ရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။ ဒါကို ကြိုက်မယ့် သူလည်းရှိတယ်၊ မကြိုက်မယ့် သူလည်းရှိမယ်။ ဒီကလေးလေးက အခုမှ ၄ နှစ်ပဲ ရှိပါသေးတယ်။ Comment တွေ ဖတ်ကြည့်တုန်းကဆို တကယ် စိတ်မကောင်း ဘူး။ ၄ နှစ်အရွယ်ကလေးလေးကို နားမဆံ့နိုင်တဲ့ စကားလုံးမျိုးတွေနဲ့ မတိုက်ခိုက်ကြပါနဲ့''လို့ သူကဆိုပါတယ်။

 

နေခြည်ဦးက ထားသခင် အပေါ် ဝေဖန်တိုက်ခိုက်တာတွေ များလာခဲ့မယ် ဆိုရင်တော့ ထားသခင်အတွက် စိတ်ပူမိတဲ့အကြောင်းကိုလည်း ဆက်လက် ပြောပြထားပါတယ်။

'' ကလေးတွေ ဆိုတာက နောက်အနာဂတ်အတွက် တက်လမ်းတွေ ရှိတာကြောင့် အရမ်းအရေးကြီးပါတယ်။ သူ့ကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဝေဖန်တိုက်ခိုက်လာတာတွေရှိရင် မခံနိုင်မှာ စိုးတယ်။ သူကတော့ ဖေ့စ်ဘွတ်မသုံးတတ်သေးပေမယ့် သူ့မိဘတွေက ခံစားသွားရမှာတွေ စိုးရိမ် တယ်။ ပြီးတော့ ဒီကလေးအတွက် ဘယ်လောက်အထိ ထိခိုက်နစ်နာ သွားစေနိုင်မလဲ ဆိုတာကိုဘဲ နေခြည်က စိတ်ပူတယ်''  လို့ ဆို ပါတယ်။

နောက်ထပ် ခွဲစိတ်ပြုပြင်တာတွေ လုပ်ဦးမယ်ဆိုတဲ့ နေခြည်ဦး  

 

နေခြည်ဦးဟာ ကလေးသရုပ်ဆောင် ထားသခင်နဲ့ အတူ ခ သုံးလုံး ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲ သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အဲ့ဒီအတွက်လည်း ရင်ခုန်နေတယ်လို့ သူက ဆက်လက် ပြောပြထားပါသေးတယ်။ နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦး အနေနဲ့ စတင်အားပေးလာကြတာပါ။အခုဆိုရင် Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က