စိုးပြည့်ပြည့်စံ က တစ်ဦးတည်းသော သားလေး ဘုန်းပြည့်ပိုင်ရဲ့ မွေးနေ့မှာ သားလေးနဲ့အတူ ကုသိုလ်ရေးတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မွေးနေ့မှာ နေမကောင်းဖြစ်နေတဲ့ သားလေးအတွက် မေတ္တာသုတ်တွေ၊ ပဌာန်းတွေ ရွတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
Photo: Soe Pyae Pyae San
အဆိုတော် စိုးပြည့်ပြည့်စံဟာ သူ့ရဲ့ တစ်ဦးတည်းသောသားလေး ဖြစ်တဲ့ ဘုန်းပြည့်ပိုင်(ခ) ဘေဘီထော် လေးရဲ့ အသက် ၇ လပြည့် မွေးနေ့ မှာ သားလေးနဲ့အတူ ဘုရားသွား ကုသိုလ်အလှူတွေ ပြုလုပ်ခဲ့တယ်လု့ိ သိရပါတယ်။ မွေးနေ့မှာ နေမကောင်းဖြစ်နေတဲ့ သားလေးက ကုသိုလ် အလှူတွေကြောင့် ကျန်းမာရေးပြန်ကောင်းလာပြီဆိုပြီးတော့ Duwun Media ကို သီးသန့်ဖြေဆိုခဲ့ပါတယ်။
'' သားသား မွေးလ တိုင်းကို ဘုရားမရောက်တာ တော်တော်ကြာပြီ။ သူ့အဖေ သဘောၤတက်ကတည်းကပေါ့။ လမ်းမှာ တွေ့တဲ့ သက်ကြီးရွယ် အိုတွေကို လိုအပ်တာလှူဖို့ သူ့လက်နဲ့ လှူတယ်ပေါ့။ ပြီးတော့ ဘုရားမှာ ရွှေသင်္က္ကန်းတွေကပ်တယ်။ သူ့အတွက် မေတ္တာသုတ်တွေ၊ ပဌာန်း တွေ အစ်မ ရွတ်ပေးလိုက်တယ်။ ချက်ချင်းကို နေကောင်းသွားတယ်။ အဲ့ဒီအတွက်လည်း ဝမ်းသာနေတာ'' လို့ ဆိုပါတယ်။
Photo: Soe Pyae Pyae San
စိုးပြည့်ပြည့်စံက သားလေး ဘုန်းပြည့်ပိုင်ရဲ့ မွေးလတိုင်းမှာ သားကို ချစ်တဲ့ ပရိသတ်တွေအတွက် မိခင်နဲ့ ကလေးတွေ လိုအပ်နိုင်မယ့် ပစ္စည်း လေးတွေကို မဲဖောက်ပေးလေ့ရှိပါတယ်။ ဒီ တစ်ခေါက်မှာတော့ သားလေးရဲ့ ကျန်းမာရေးကြောင့် ဘာအစီအစဉ်မှ မလုပ်ဖြစ်ဘူး ဆိုတာကိုလည်း ဆက်လက်ပြောပြလာပါတယ်။
'' ဒီလက ကျတော့ သားလေးမွေးနေ့မှာ ကံစမ်းမဲ မဖောက်ပေးဖြစ်ဘူး။ ဒါပေမယ့် အမှတ်တရလေးဖြစ်အောင်တော့ အမှတ်တရ လက်ဆောင် လေးပေးဖြစ်တယ်။ မနေ့က သူ့ကို Wall မှာ ပထမဦးဆုံး Facebook wall မှာ လာပြီး ဆုတောင်းပေးတဲ့ ညီမလေးကိုပဲ လက်ဆောင် စီစဉ် ပေးဖြစ်တယ်။ သားသား နေမကောင်းတာရယ်၊ တခြား အလုပ်ကိစ္စတွေနဲ့ များနေတော့ ကံစမ်းမဲ မလုပ်ဖြစ်တာပါ'' လို့ သူကဆိုပါတယ်။
Photo: Soe Pyae Pyae San
ကလေးမွေးပြီးနောက် ရောဂါတွေပျောက်သွားတယ်ဆိုတဲ့ စိုးပြည့်ပြည့်စံ
စိုးပြည့်ပြည့်စံဟာ ၆ ပေါင်နဲ့ ၇ အောင်စရှိတဲ့ သားဦးလေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး ရန်ကုန်မြို့မှာ ရှိတဲ့ အကယ်ဒမီ ဆေးရုံမှာ မွေးဖွားခဲ့တာပါ။ အဆိုတော် စိုးပြည့်ပြည့်စံနဲ့ ခင်ပွန်း ကိုအောင်သူပိုင်တို့ကတော့ အောက်တိုဘာလ အတွင်းမှာ ခမ်းခမ်းနားနား မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပါတယ်။
Photo: Soe Pyae Pyae San
စိုးပြည့်ပြည့်စံအနေနဲ့ အနုပညာအလုပ်နဲ့ပတ်သက်ပြီး မော်ဒယ်လ် တစ်ယောက် အဖြစ်ရော၊ အဆိုတော် တစ်ယောက်အဖြစ်နဲ့ပါ ပရိသတ် အားပေးမှုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ စိုးပြည့်ပြည့်စံ ကတော့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိ ထားတာဖြစ်ပြီး နောက်ဆုံးအနေနဲ့ Single Lady ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ထွက်ရှိထားတယ်လို့ သိရပါတယ်။