ရန်ကုန်ကို ပြန်လာတဲ့ ခြေလှမ်းတွေက နှေးကွေးနေခဲ့တယ်တဲ့။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ဘုန်းမင်းနေလကို မေမေကိုယ်တိုင် စင်ကာပူသို့ လိုက်ပို့ပြီး လိုအပ်တာတွေ စီစဉ်ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ သားဖြစ်သူကို နိုင်ငံရပ်ခြားမှာ ထားခဲ့ရလို့လည်း ခင်ဇာခြည်ကျော်တစ်ယောက် စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo : ခင်ဇာခြည်ကျော် FB



မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သားလေး ဘုန်းမင်းနေလက စင်ကာပူမှာ ကျောင်းသွားတက်နေရပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ဘုန်းမင်းနေလကို မေမေကိုယ်တိုင် စင်ကာပူသို့ လိုက်ပို့ပြီး လိုအပ်တာတွေ စီစဉ်ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။

Photo : ခင်ဇာခြည်ကျော် FB

ခင်ဇာခြည်ကျော်ဟာ နိုင်ငံရပ်ခြားမှာ နေခဲ့ရမယ့် သားဖြစ်သူအတွက် အားလုံးကိုယ်တိုင် ကိုယ်ကျ လိုက်လုပ်ပေးခဲ့တာပါ။ သားဖြစ်သူကို နိုင်ငံရပ်ခြားမှာ ထားခဲ့ရလို့လည်း ခင်ဇာခြည်ကျော်တစ်ယောက် စိတ်မကောင်းဖြစ်လို့နေပါတယ်။

ရန်ကုန် ပြန် မယ့် မေ မေ့ ခြေ လှမ်းတွေဟာ အရမ်းကို နှေးကွေးနေတယ် သားရေ သား ရှေ့ ရေး အတွက် မေ မေ့ နှလုံး သား တွေ ရင်း ပြီး သား ကို ထား ခဲ့ ရ တယ် ။သား ရယ် ...အသက် ၁၇ နှစ် အရွယ် မှာ အ မေ နဲ့ခွဲ ရလို့ရှိုက် ကြီး တငင် ငို တဲ့ သား ရဲ့ငို သံ ဟာ မေ မေ့ နလုံး သား ထဲ မှာ ပဲ့ တင် ထပ် လို့နေ တယ်မေ မေ သား ကို အား ပေး နေ ပေ မယ့် မေ မေ့ ရဲ့ရင် ဘတ် ထဲ မှာ အတိုင်းအဆ မရှိ ခံစား နေ ရပါ တယ် သား ကြီး ရယ် ။သား ရဲ့ ဘေး မှာ မေ မေ အမြဲ တမ်း ရှိ သလို ...မေ မေ့ရဲ့ဘေး မှာ လည်း သား အမြဲ တမ်း ရှိ နေ မယ် ဆို တာ ယုံ ပါ တယ် “ ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇန်နဝါရီ(၉) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ခင်ဇာခြည်ကျော် FB

မေမေ့ကို ချစ်ရင်လည်း မေမေဖြစ်စေချင်တဲ့ သားတစ်ယောက်ဖြစ်အောင် လုပ်ပေးပါနော်ဆိုပြီး ခင်ဇာခြည်ကျော်က ပြောထားပါသေးတယ်။ခင်ဇာခြည်ကျော်ရဲ့ သားကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားလည်း ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်မှာ သားတစ်ယောက် သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

သားဖြစ်သူဟာ သရုပ်ဆောင်ကို ဝါသနာပါပြီး သမီးဖြစ်သူကတော့ သီချင်းဆိုတာ ဝါသနာပါတယ်လို့ ခင်ဇာခြည်ဇော်က Duwun Media ကို ဖြေဆိုဖူးပါတယ်။ခင်ဇာခြည်ကျော်ကတော့ ဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က