အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှာ ပျောက်ဆုံးနေခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ သမီးနှစ်ဦးရဲ့ အလောင်းတွေကို စုံစမ်းစစ်ဆေးရေးမှူးတွေက ယနေ့ (သြဂုတ် ၁၈ ရက်) ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ခင်ပွန်းဖြစ်သူရဲ့ အာမခံလျှောက်ထားမှုကို တရားရုံးက ပယ်ချလိုက်ပါတယ်။
ခရစ်ဝက်စ် မိသားစု (Photo: Breaking 911)
သံသယရှိသူအဖြစ် ဖမ်းဆီးထားတဲ့ အသက် ၃၃ နှစ်အရွယ် ခရစ်ဝက်စ်က အာမခံလျှောက်ထားမှုကို တရားရုံးက ယနေ့ ကြားနာပြီးနောက် ပယ်ချခဲ့ပါတယ်။ ကိုယ်ဝန် ၁၅ ပတ်ရှိနေတဲ့ ရှာနန်ဝက်စ်နဲ့ သူမရဲ့သမီးနှစ်ဦးဖြစ်ကြတဲ့ အသက်သုံးနှစ်အရွယ် ဆီလက်စ်တီနဲ့ အသက်လေးနှစ်အရွယ် ဘယ်လာတို့ဟာ တနင်္လာနေ့ (သြဂုတ် ၁၃ ရက်) မှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ခရစ်ဝက်စ် (Photo: Newsweek)
ယခုအမှုနဲ့ပတ်သက်ပြီး အမှုဖွင့်တိုင်ကြားထားမှု မရှိသေးဘူးလို့ ဆိုပါတယ်။ သို့သော် ခရစ်ဝက်စ်ဟာ လူသတ်မှုသုံးခုနဲ့ သက်သေဖျောက်ဖျက်မှုသုံးခုတို့ဖြင့် စွဲချက်တင်ခံရနိုင်ကြောင်း Weld County Jail မှ တာဝန်ရှိသူတွေက ပြောပါတယ်။
ယခုအမှုနဲ့ပတ်သက်ပြီး လာမယ့် တနင်္လာနေ့ (သြဂုတ် ၂၀ ရက်) မှာ စွဲချက်တင်ရန် တရားသူကြီး Marcelo Kopcow က အစိုးရရှေ့နေတွေက ပြောကြားထားပြီး အမှုကို သြဂုတ် ၂၁ ရက်မှာ စစ်ဆေးကြားနာသွားရန် သတ်မှတ်ထားပါတယ်။
ခရစ်ဝက်စ် မိသားစုနေအိမ် (Photo: CBS)
ရှာနန်ဝက်စ်ရဲ့အလောင်းကို Anadarko Petroleum ကုမ္ပဏီမှာ ရှာဖွေတွေ့ရှိခဲ့ရကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ ရှာနန်ဝက်စ်နဲ့ သမီးနှစ်ဦးကို ရှာဖွေရာမှာ FBI က လည်း ပါဝင်ကူညီခဲ့ကြောင်း သိရပါတယ်။
ခရစ်ဝက်စ်က အဆိုပါကုမ္ပဏီမှာ ၎င်းကို ဖမ်းဆီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (သြဂုတ် ၁၅ ရက်) အထိ အလုပ်လုပ်ကိုင်ခဲ့တယ်လို့ Denver Post သတင်းက ပြောပါတယ်။ ခရစ်ဝက်စ်က ဇနီးနဲ့သမီးနှစ်ဦးကို သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။