Bobby Soxer ကိုတော့ ဂီတနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ သိပ်မတွေ့ရတဲ့အပြင် ပရိသတ်တွေနဲ့လည်း အနည်းငယ် အဆက်ပြတ်နေခဲ့ပါတယ်. သူမကိုယ်တိုင်က Social Media ကောင်းကောင်း အသုံးမပြုနိုင်သေးဘူးလို့ ဆိုပါတယ်.
Photo: Htet Htet Aung
Rap အဆိုတော်မလေး ထက်ထက်ကိုတော့ ဂီတအလုပ်နဲ့ ပတ်သက်ပြီး သိပ်တွေ့ရလေ့ မရှိတော့ပါဘူး. ဒါပေမယ့်လည်း မကြာခင်မှာတော့ သူ့ရဲ့ သီချင်း အသစ်တွေကို ပရိသတ်တွေ နားဆင်နိုင်ဖိ့ု အကောင်းဆုံး ကြိုးစားနေတယ်လို့ Duwun Media ကို ပြောပြခဲ့ပါတယ်.
'' ညီမက ကိုယ့်စိတ်ထဲမှာ ပျော်သလိုပဲနေတယ်. သီချင်းဆိုရင်လည်း Pressure မထားဘူး. ငါ သီချင်းမဆိုတာ ၆ လရှိပြီ. ၁ နှစ်ရှိပြီ လုပ်ရမယ် ဆိုတာမျိုးလည်း မတွေးဘူး. အဓိက ကတော့ ကိုယ့်စိတ်ထဲမှာ ရှိသလို နေတယ်. သီချင်းဆိုတဲ့ အဆိုတော် ဖြစ်တဲ့အတွက် အခွေထွက်တဲ့အချိန်မှာတော့ ထွက်တဲ့ သီချင်းအပေါ် ကောင်းအောင် လုပ်မယ်ပေါ့နော်'' လို့ သူကဆိုပါတယ်.
Photo: Amazing Grace
သူမဟာ ဂီတအလုပ်တွေလည်း သိပ်မလုပ်ဖြစ်သလို ပရိသတ်တွေ နဲ့လည်း အဆက်အသွယ် အနည်းငယ် ပြတ်နေမိတယ်လို့ ဆိုပါတယ်. ဒါကလည်း Social Media ကောင်းကောင်း အသုံးမပြုတတ်သေးတာဖြစ်တယ်လို့ Balance Fitness ပွဲမှာ ဖြေဆိုခဲ့တာပါ.
'' အနုပညာရှင် တစ်ယောက်ဆိုတာ အမှန်အတိုင်းပြောရရင် ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ လိုပါတယ်. ညီမဆိုရင် ဖေ့စ်ဘွတ်တွေမှာ ဓာတ်ပုံတွေ ဘာတွေ တင်ရင် Update မဖြစ်ဘူး. အမှန်တော့ ဖြစ်သင့်တာပေါ့နော်. ကိုယ့်ကိုယ်ကိုလည်း သိပါတယ်. ဒါပေမယ့် အသက် နည်းနည်းကြီးလာတော့ ဓာတ်ပုံတွေလည်း မရိုက်ဖြစ်တော့ဘူး'' လို့ ဆိုပါတယ်.
Photo: Htet Htet Aung
Rap သီချင်းတွေ ဆိုရင် အမြဲတမ်း တက်တက်ကြွကြွ သီဆိုတတ်တဲ့ ထက်ထက် ရဲ့ အမူအကျင့်လေးတွေကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်.
'' ညီမကတော့ ကိုယ့်ကိုယ်ကို ဘယ်လိုတွေးလဲ ဆိုတော့ စကားဆိုတာ ပြောပါများရင် အမှားပါတယ်. အဲ့ဒီတော့ အပိုတော့ သိပ်မပြောဘူးပေါ့နော်. လိုသလောက်ပဲ ပြောပါတယ်. ပြီးတော့လည်း ပေါင်းသင်းဆက်ဆံရေးမှာ ပိုပြီးတော့ Social ပိုဖြစ်အောင်လို့လည်း ကြိုးစားနေပါတယ်. ညီမက အနေတော့အေးတယ်. အိမ်ထဲမှာပဲ ရုပ်ရှင်ကြည့်လိုက်. ဂိမ်းဆော့လိုက် ပဲ ပိုများတယ်'' လို့ ဆက်လက်ပြောပြထားပါတယ်.
Photo: Htet Htet Aung
အောင်မြင်လျှက်ရှိတဲ့ Rap အဆိုတော် စုံတွဲတစ်တွဲဖြစ်တဲ့ လွှမ်းပိုင် နဲ့ Bobby Soxer တို့ အတွဲဟာ အခုချိန်မှာ ဖျော်ဖြေရေးတွေ ဆိုနေရတယ်လို့ သိရပါတယ်။ ဂီတအလုပ်တွေလည်း လုပ်နေသလို နှစ်ယောက်သားပိုင်တဲ့ စီးပွားရေးလေးလည်း လုပ်နေတယ်လို့ သိရပါတယ်။ ဒါကတော့ High Skool Fashion Shop လို့ အမည်ပေးထားတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။ High Skool Fashion ဆိုင်ကိုတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။