ဒီဒီးတော့ အရမ်းကိုပျော်နေတာပဲ။

အဆိုတော် စန္ဒီမြင့်လွင်ဟာ သူ့ရဲ့ ဘဝမှာ မရှိမဖြစ် အလိုအပ်ဆုံးသူတွေရဲ့ အကြောင်းကို ရင်ဖွင့်ထားပါတယ်။ ဒီးဒီ တစ်ယောက် အပေါ်ယံပကာသန တွေမပါတဲ့ အချစ်နဲ့ ချစ်ခင်ကြတဲ့ အပေါင်းအသင်းမိတ်ဆွေတွေလည်း ပိုင်ဆိုင်ထားပြီလို့လည်း ပြောထား ပါသေးတယ်။



မာမီချက်ကျွေးတဲ့ အစားအသောက်တွေကြောင့် ဝမှာစိုးရိမ်နေတဲ့ စန္ဒီမြင့်လွင်  

စန္ဒီမြင့်လွင်က မိဘနှစ်ပါးရဲ့ ချစ်ခြင်းတွေအပြင် ညီအစ်ကိုမောင်နှမတွေ၊ ပရိသတ်တွေရဲ့ ချစ်ခြင်းတွေ နဲ့အတူ သူ့ကို အရမ်းချစ်တဲ့ ခင်ပွန်းဖြစ်သူ တို့ကိုလည်း ပိုင်ဆိုင်ထားပြီလို့ ဆိုပါတယ်။

'' ဒီဒီ ရဲ့ဘဝမှာအလိုအပ်ဆုံးက မရှိမဖြစ် မြတ်စွာဘုရားရယ်၊ မိဘနှစ်ပါး၊ ညီအကိုမောင်နှစ်မဆွေမျိုးများ၊ ချစ်တဲ့ပရိတ်သတ်၊ ကိုယ့်ကို အရမ်းချစ်တဲ့ ကိုယ့်ယောကျာ်း။ အပေါ်ယံပကာသနတွေမပါတဲ့အချစ်နဲ့ချစ်ပေးတဲ့သူငယ်ချင်းမိတ်ဆွေတွေရှိရင်ရပါပြီ ရှိလည်းရှိနေပါပြီ'' ဆိုပြီးတော့ ဇူလိုင်လ ၃ ရက်နေ့ မနက် ၁၀ နာရီ ၀၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။

 

စီးပွားတွက် တွက်ပြီးတော့လည်း အပေါင်းအသင်းမလုပ်တတ်တဲ့ စန္ဒီမြင့်လွင်က အခုလို နေနေရတဲ့ ဘဝမှာ စိတ်ချမ်းသာတယ်၊ ချစ်တဲ့ သူတွေ အများကြီးနဲ့ ပျော်နေတယ်လို့ ဆိုပါတယ်။

''အပေါ်ယံပကာသနနဲ့တော့ ပေါင်းသင်းတဲ့သူတွေ မလိုအပ်ဘူးလေနော် ကိုယ်ကအစစ်ပဲပေးတက်တာဆိုတော့ လူတိုင်းလည်း မချစ်နိုင်ဘူး။ စီးပွားတွက် တွက်ပြီးလဲမပေါင်းတက်ဘူး။ လူတွေကို ဆိုတော့ခုနေရတဲ့ဘဝမှာသိပ်စိတ်ချမ်းသာတာပဲ ချစ်တဲ့သူတွေအများကြီးနဲ့အစစ်အမှန် တွေနဲ့ပျော်စရာကောင်းလိုက်တာ'' ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားပါတယ်။

 

စန္ဒီမြင့်လွင်ဟာ အိမ်ထောင်ပြုပြီးတဲ့နောက်ပိုင်းဖျော်ဖြေရေးတွေလည်း ဆက်တိုက်သွားနေရတယ်လို့ သိရပါတယ်။ စန္ဒီမြင့်လွင်နဲ့ ခင်ပွန်း ဖြစ်သူ ကိုသီဟလွင်တို့က မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်လ်မှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်ပြီးနောက် နိုဗိုတယ်လ် ဟိုတယ်လ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ Lotte Hotel မှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က