အရေပြားရောဂါကြောင့် ဆေးကုသမှုခံယူနေရတဲ့ ဆရာတော်ကြီးပါ။

တိုင်ရွန်ကတော့ နေပြည်တော်မြို့ ဇမ္ဗူသီရိဆေးရုံမှာ အရေပြားရောဂါနဲ့ ဆေးကုသမှုခံယူနေရတဲ့ ဆရာတော် ဦးကောဝိဒ ကို ဆေးကုသမှု အနုပညာလောကမှ သူငယ်ချင်းတွေနဲ့ အတူ အလှူငွေ သွားလှူခဲ့တယ်လို့ သိရပါတယ်။ သူက ပရိဟိတအလုပ်တွေ မှာလည်း စွမ်းစွမ်းတမံဆောင်ရွက်နေသူဖြစ်ပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်



 

သရုပ်ဆောင် တိုင်ရွန်ဟာနေပြည်တော်မြို့ ဇမ္ဗူသီရိဆေးရုံမှာ အရေပြားရောဂါနဲ့ ဆေးကုသမှုခံယူနေရတဲ့ ဆရာတော် ဦးကောဝိဒ ကို ဆေးကုသမှုစားရိတ်သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီအလှူမှာ Myanamar Media 7 ရုပ်ရှင်ထုတ်လုပ်ရေးက ကိုဝေမင်းမောင်နဲ့ အတူ သရုပ်ဆောင်ဂျိုကာတို့ကလည်း ပါဝင်လှူဒါန်းခဲ့ပါတယ်။ 

'' ကျွန်တော်တို့ နေပြည်တော်မြို့ ဇမ္ဗူသီရိဆေးရုံတွင် အရေပြားရောဂါတစ်မျိုးကြောင့် တက်ရောက်ကုသနေရသော ဆရာ တော် ဦးကောဝိဒ ( ကွေ့ကြီးရပ်ကွက် ဇနကာရုံကျောင်းတိုက် မုံရွာမြို့ ) ကို မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်မပြသမီအလှူအဖြစ် ထုတ်လုပ်ရေး Myanmar Media 7 မိသားစုမှ ငွေကျပ် ၅ သိန်း သွားရောက် လှူဒါန်းခဲ့ပါသည်။ ဆရာတော်ဘုရားကြီးအမြန်ဆုံးဝေဒနာမှ သက်သာ ပျောက် ကင်းနိုုင်ပြီးတရားအားထုတ်နိုင်ပါစေဗျာ'' ဆိုပြီးတော့ စက်တင် ဘာလ ၂၂ ရက်နေ့ညက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ရေးသားခဲ့ တာဖြစ်ပါတယ်။

 

တိုင်ရွန်ရဲ့ အလှူကိုလည်း ပရိသတ်တွေနဲ့ သူငယ်ချင်းတွေက သာဓုခေါ်နေကြတာလည်း တွေ့ရပါတယ်။ စားဖို့အတွက်မရှိရင်နေပါစေ လှူဒါန်းဖို့အတွက်ကိုအဓိက ထားတော့မယ်ဆိုတဲ့ သရုပ်ဆောင် တိုင်ရွန်ရဲ့ ပရဟိတ စိတ်ဓာတ်လေးကိုလည်း Duwun Media ရဲ့ အင်တာဗျူး မှာ ဖြေဆိုခဲ့ဖူးပါတယ်။

'' ကျွန်တော်လှူချင်တဲ့ နေရာလေးတွေရှိတယ်။ ပရဟိတဆိုတာ ကျွန်တော့်အဖေပြောသလိုပဲ စွဲလမ်းတယ်ပေါ့။ စွဲလမ်းတယ်ဆိုတာကလည်း ကိုယ့်မှာ စားစရာမရှိရင်နေပါစေ လှူဖို့အတွက်ကိုပဲ ပိုပြီးတော့ အဓိက စိတ်ထားတယ်ပေါ့။ ကျွန်တော်လည်း အခု အဲ့ဒီစိတ်ကဝင်နေတော့ ကျွန်တော် လှူချင်တာလေးတွေရှိတယ်။ မကြာခင်မှာလည်း လှူဒါန်းသွားမယ်၊ ဒါတွေကိုလည်း ကျွန်တော် တင်ဖြစ်ချင်မှတင်ဖြစ်မယ် အဓိက က လှူရဖို့ ရည်ရွယ်ချက်လေးရှိတယ်ပေါ့'' လို့ ဆိုပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ဆီ ဆေးဖိုး သွားရောက်လှူဒါန်းခဲ့တဲ့ တိုင်ရွန် 

တိုင်ရွန်ဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေရသလို ပရဟိတဘက်မှာလည်း အားသွန်ခွန်စိုက် အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။ သိပ်မကြာသေးခင်ကလည်း နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ဆီသို့ ဆေးဖိုး သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

တိုင်ရွန့်ကို ပရိသတ်တွေက မော်ဒယ်တစ်ယောက်အနေနဲ့ စတင်သိခဲ့ တာဖြစ်ပါတယ်။ အခုဆိုရင်တော့ အနုပညာအလုပ်တွေ ပိုလုပ်လာရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပြီလို့ သိရပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း မကြာခင် ရုံတင်ပြသသွားဖို့ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က