Photo: ဟဲလေးဖေ့စ်ဘွတ်
အဆိုတော်ဟဲလေးနဲ့ ဇနီးဖြစ်သူ မြတ်သီရိလွင်တို့ရဲ့ မင်္ဂလာသက်တမ်းကတော့ ၁၀လပိုင်းဆိုရင် ၁၀နှစ်ပြည့်ပြီလို့ သိရပါတယ်။ သွားအတူ လာအတူ ဇနီးမောင်နှံ နှစ်ယောက်က ခရီးသွားတိုင်း အမှတ်တရတွေတော့ ရှိတယ်တဲ့။ မင်္ဂလာသက်တမ်း ၁၀နှစ်ပြည့်မှာတော့ အမှတ်တရ တစ်ခုခုလုပ်ဖြစ်မယ်ဆိုပြီးတော့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
'' မင်္ဂလာသက်တမ်းကတော့ ၁၀ နှစ်ပြည့်တော့မယ်။ အမှတ်တရတွေကတော့ အမြဲတမ်း သူနဲ့ကိုယ်နဲ့က အတူတူခရီးသွားတဲ့ အခါကျတော့ အမြဲတမ်းက အမှတ်တရတွေရှိတယ်။ သီးသန့်ကြီးတော့ အမှတ်တရဆိုတာတွေ မလုပ်ဖြစ်ဘူး။ မင်္ဂလာသက်တမ်းကလည်း ၁၀ နှစ်ပြည့်တော့ မယ်ဆိုတော့ အမှတ်တရ တစ်ခုခုလုပ်ဖြစ်မယ်ထင်တယ်။ ဆယ်လပိုင်းဆိုပြည့်ပြီ'' လို့ အဆိုတော် ဟဲလေးက ဇွန်လ ၂၃ ရက်နေ့ က အလှမယ် နန္ဒာလွင်ရဲ့ မွေးနေ့ပွဲကို တက်ရောက်လာရင်း မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
Photo: ဟဲလေးဖေ့စ်ဘွတ်
မင်္ဂလာသက်တမ်း ၁၀ နှစ်အတွင်းမှာ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ပိုင်ဆိုင်ထားတဲ့ ဟဲလေးနဲ့ မြတ်သီရိလင်းတို့ ဇနီးမောင်နှံ တို့ မိသားစုကလည်း ပရိသတ်တွေ အားကျရတဲ့ မိသားစုလေးဖြစ်ပါတယ်။ သားလေးတွေကို လူတန်းစေ့နေနိုင်ဖို့ နဲ့ တာဝန်ကျေတဲ့ မိဘဖြစ်ချင် တယ်ဆိုတဲ့ ဟဲလေးရဲ့ ဇနီးမြတ်သီရိလင်းရဲ့ ရင်ထဲက စကားသံကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
'' ပိုက်ဆံတွေအများကြီးချမ်းသာပြီး စိတ်တွေဆင်းရဲတာ မလိုချင်ဘူး၊ သားလေးတွေ လူတန်းစေ့နေနိုင်မယ်၊ သားလေးတွေကိုလည်း ကောင်းကောင်း မွန်မွန်ပြုစု ပျိုးထောင်နိုင်မယ်၊ တာဝန်ကျေတဲ့ မိဘဖြစ်ရင် ကျေနပ်ပြီ။ သားကြီးလေးကတော့ အခု နှစ်တန်းရောက်ပြီ။ အငယ်လေးက သူငယ်တန်းပေါ့နော်။ နှစ်ယောက်စလုံးကတော့ အင်္ဂလိပ်ကျောင်း Total School မှာ တက်တယ်။ မြန်မာစာကိုလည်း အစ်မက သူတို့ကို အိမ်မှာ သင်ပေးမယ်။ မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့အတွက် သူတို့ကိုလည်းမြန်မာစာ ကျွမ်းကျွမ်းကျင်ကျင် တက်စေချင်တယ်''လို့ သူကဆိုပါတယ်။
Photo: ဟဲလေးဖေ့စ်ဘွတ်
အဆိုတော်ဟဲလေးနဲ့ ဇနီးဖြစ်သူ မြတ်သီရိလင်းတို့ဟာ နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေဟာ ၂၄နှစ်တာရှိခဲ့ပါပြီ။ ရည်စားမဖြစ်ခင် (၆)နှစ်၊ ရည်းစားဖြစ်ပြီး (၈)နှစ်နဲ့ အိမ်ထောင်သက်က(၁၀)နှစ် ပါတဲ့။ အိမ်ထောင်သက်(၁၀)နှစ်အတွင်းမှာ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။
အဆိုတော် ဟဲလေးဟာ ယခုနောက်ပိုင်းရှိုးပွဲတွေသွားနေရသလို မကြာသေးခင်က သူ့ရဲ့ "မှည့်" သီချင်းဟာလည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ဟဲလေးဟာ ဂီတလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။