၂ နှစ်မှ ၁၈ နှစ်အရွယ် အုပ်စုအတွက် စမ်းသပ်မှုအပေါ် သုံးသပ်ပြီးနောက် ထောက်ခံခွင့်ပြုချက်ပေးခဲ့တာ ဖြစ်ပါတယ်

အိန္ဒိယနိုင်ငံက ပြည်တွင်းကုမ္ပဏီ Bharat Biotech က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို အသက် ၁၂ နှစ်အောက် ကလေးတွေမှာ အရေးပေါ်အသုံးအဖြစ် ခွင့်ပြုထောက်ခံချက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အစိုးရထံမှ အရေးပေါ်သုံးအဖြစ် ယနေ့ (အောက်တိုဘာ ၁၁ ရက်) ခွင့်ပြုချက်ရတဲ့ Bharat Bikotech ရဲ့ ဆေးဟာ အိန္ဒိယမှာ ကလေးတွေကိုထိုးပေးရန် ပထမဆုံး ခွင့်ပြုချက်ရ COVID-19 ကာကွယ်ဆေးဖြစ်လာပါတယ်။ ထိုကာကွယ်ဆေးကို အသက် ၂ နှစ်မှ ၁၈ နှစ်အရွယ် အုပ်စုအတွက် စမ်းသပ်မှုအချက်အလက်တွေအပေါ် သုံးသပ်ပြီးနောက် ထောက်ခံခွင့်ပြုချက်ပေးခဲ့ကြောင်း သိရပါတယ်။



(Photo: Reuters)

အိန္ဒိယက နိုင်ငံလူဦးရေ ၁.၄ ဘီလီယံနီးပါးအနက် အရွယ်ရောက်ပြီးသူ သန်း ၉၅၀ ကျော်ကို ကာကွယ်ဆေးထိုးပေးပြီး ဖြစ်ပါတယ်။ Bharat Biotech က ထုတ်လုပ်တဲ့ Covaxin ဆေးဟာ အိန္ဒိယအစိုးရက အရွယ်ရောက်ပြီးသူတွေကို ထိုးပေးနေတဲ့ COVID-19 ကာကွယ်ဆေး သုံးမျိုးထဲမှာလည်း ပါဝင်ပါတယ်။

အိန္ဒိယမှာ Covaxin ကာကွယ်ဆေး သန်း ၁၁၀ ကျော် ထိုးပေးခဲ့ပြီးဖြစ်ကာ Bharat Biotech က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ထံမှ အရေးပေါ်သုံးအဖြစ် ထောက်ခံချက်ရရှိရန် ဆောင်ရွက်ထားပြီး ယခုလနှောင်းပိုင်းမှာ ဆုံးဖြတ်သွားမယ်လို့ မျှော်လင့်ထားပါတယ်။ Bharat Biotech က ပြီးခဲ့တဲ့ ဇွန်လအတွင်း Covaxin ကာကွယ်ဆေးကို ကလေးတွေမှာစမ်းသပ်မှု စတင်ခဲ့တာဖြစ်ပါတယ်။

(Photo: Reuters)

အသက် ၂ နှစ်မှ ၁၈ နှစ်အရွယ် အုပ်စုမှာ စမ်းသပ်မှုအချက်အလက်တွေကို Central Drugs Standard Control Organisation နဲ့ Subject Expert Committee တို့က သုံးသပ်ခဲ့ကြပြီး ၎င်းတို့က ထောက်ခံချက်များပေးခဲ့ကြတယ်လို့ Bharat Biotech က Reuters သတင်းဌာနကို ပြောပါတယ်။

Bharat Biotech က ၎င်းတို့ရဲ့ ကာကွယ်ဆေးကို ကလေးတွေမှာ အသုံးပြုမှုနဲ့ပတ်သက်ပြီး ထိရောက်မှုနဲ့ ဘေးကင်းမှုဆိုင်ရာ အချက်အလက်တွေကို လူသိရှင်ကြား ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ နောက်ထပ် အိန္ဒိယ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Zydus Cadila ရဲ့ DNA အခြေခံ ကာကွယ်ဆေးတစ်မျိုးကိုတော့ အနည်းဆုံး အသက် ၁၂ နှစ်အရွယ် ကလေးတွေအတွက် အရေးပေါ်သုံးအဖြစ် အိန္ဒိယက ခွင့်ပြုထားကြောင်းလည်း သိရပါတယ်။

Share

Loading Next Article...
က္က