ရက်ပေါင်း ၂၀ အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်း တိုးလာခဲ့ပါတယ်။

တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံရဲ့ COVID-19 ကူးစက်ခံရသူဦးရေဟာ ဩဂုတ် ၆ ရက် ညဥ့်နက်ပိုင်းမှာ ၂ သန်းကျော်လွန်သွားခဲ့ကြောင်း သိရပါတယ်။

(Photo: Getty Images)

အိန္ဒိယမှာ ရက်ပေါင်း ၂၀ အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်း တိုးလာခဲ့တာလည်းဖြစ်ပြီး စုစုပေါင်း ကူးစက်မှုပိုများတဲ့ အမေရိကန်၊ ဘရာဇီးတို့ထက် ပိုမိုလျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။ အိန္ဒိယမှာ လတ်တလော သီတင်းပတ်များအတွင်း စစ်ဆေးမှုတွေ တိုးချဲ့ဆောင်ရွက်နေပေမဲ့ ပြည်နယ်များအလိုက် အခြေအနေ ကွဲပြားမှုတွေရှိနေတယ်လို့ ဆိုပါတယ်။



ကူးစက်မှုနှုန်းမြင့်တဲ့ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဥ်ပါက အိန္ဒိယမှာ COVID-19 ကြောင့် သေဆုံးမှုနှုန်း နည်းပါးခဲ့ပြီး အစိုးရက ကူးစက်မှုအသစ်တွေ မြင်တက်နေပေမဲ့ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုနေပါတယ်။ သို့သော် ပြည်နယ်အချို့မှာတော့ ကန့်သတ်ချက်တွေ သတ်မှတ်ဆောင်ရွက်နေကြောင်း သိရပါတယ်။

(Imag: GWorldometers webpage screengrab)

ယခုအခါမှာ အိန္ဒိယက ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှု ၂ သန်းကျော်တဲ့ တတိယမြောက် နိုင်ငံလည်းဖြစ်လာပါတယ်။ ဩဂုတ် ၆ ရက်နေ့ ထုတ်ပြန်မှုအရ အိန္ဒိယမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၅၈,၁၆၈ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူဦးရေ ၂ သန်းကျော်လွန်သွားခဲ့ပါတယ်။

အိန္ဒိယမှာ လက်ရှိအချိန်အထိ COVID-19 ကြောင့် သေဆုံးသူ ၄၁,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁.၃၇ သန်းကျော်ရှိခဲ့ပါတယ်။ အိန္ဒိယဟာ ကမ္ဘာတစ်ဝန်း COVID-19 ကြောင့် သေဆုံးမှုအများဆုံး ပဥ္စမမြောက် အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ထိုသေဆုံးမှုနှုန်းဟာ လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံအတွက် အလွန်မြင့်မားခြင်း မဟုတ်ကြောင်း ပြောပါတယ်။

(Photo: Reuters)

ထိုအတောအတွင်း ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူဦးရေဟာ ဩဂုတ် ၆ ရက်နေ့မှာ ၁၉ သန်းကျော်လွန်လာခဲ့ပြီး COVID-19 ကြောင့် သေဆုံးသူဦးရေက ဩဂုတ် ၅ ရက်နေ့မှာ ၇၀၀,၀၀၀ ကျော်လွန်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူ ၁၉ သန်းကျော်အနက် ၁၂ သန်းကျော် ပြန်လည်သက်သာလာခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က