ပိုင်ဖြိုးသုတစ်ယောက် သူ့အတွက် ဝမ်းနည်းစရာကောင်းတဲ့ အကြောင်းအရာတွေကို အခုလို ရင်ဖွင့်ထားပါတယ်။ သူ့အပေါ် နှမချင်းမစာမနာ၊ မိန်းမချင်း မစာမနာပြောတဲ့သူတွေကိုလည်း ချစ်စရာကောင်းအောင် တုံ့ပြန်စကားပြောခဲ့ပါသေးတယ်။
Photo: Paing Phyo Thu Facebook
ပရိသတ်အချစ်တော်မလေး သရုပ်ဆောင်ပိုင်ဖြိုးသုက ဝမ်းနည်းစရာကောင်းတဲ့ သူ့ရဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။ ဘာစား စား၊ ဘာသောက်သောက် ဝ လာလို့ စိတ်ညစ်နေတယ်လို့ ဆိုပါတယ်။ ဝမှာ ကြောက် လို့ လေရှုတာတောင် ချွေတာရှုနေရတဲ့ အကြောင်းကို လည်း ပြောပြထားပါသေးတယ်။
'' ဝမ်းနည်းစရာ အကောင်းဆုံးက ဘာလဲသိလား။ အသက်အရွယ် အရ ဘာစားစားဝ ရေသောက်လည်းဝ နောက်ဆုံးလေရှူရင် တောင် ဝမှာစိုးလို့ ချွေတာရှူနေရတဲ့ဘဝဖြစ်နေတာပဲ။ အဲ့မှာ ဘာကိုအသဲအပေါက်ဆုံးလဲသိလား။ ကွကိုယ် ဝလာလို့ depressed နေပါတယ် ဆိုမှ'' ဆိုပြီးတော့ ချစ်စရာကောင်းအောင် ရေးသားထားပါသေးတယ်။
Photo: Nay Min Tun (Amazing Grace)
လူကြမ်းတွေနဲ့ စက်မှုအဖွဲ့သားတွေကို အသက်အာမခံလုပ်ပေးမယ့်အကြာင်း ပြောပြတဲ့ ပိုင်ဖြိုးသု
အဲ့ဒီနောက် ခန္ဓာကိုယ် နည်းနည်းလေး ဝလာတာကို စကြ နောက်ကြပေမယ့် နှမချင်း မစာမနာ၊ မိန်းမချင်းမစာမနာ ပြောလာကြတဲ့ သူတွေကိုလည်း ပိုင်ဖြိုးသုက အခုလို တုံ့ပြန်စကားဆိုထားပါသေးတယ်။
''မင်္ဂလာတောင်မဆောင်ရသေးတာကို ဗိုက်ကြီးနေတာလားဟင်လို့ နှမချင်းမစာမနာ မိန်းမချင်းမစာမနာ လာလာမေးကြတဲ့လူတွေကိုပဲ
နာဝလာလည်းနင်တို့ကျွေးထားရတာမဟုတ်ဘူး လို့ပြန်ပြောမိရင်စိတ်မဆိုးနဲ့။ ဂယ်ဘဲ'' ဆိုပြီးတော့ စက်တင်ဘာလ ၂ ရက်နေ့ နေ့လည် ၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာပါ။
Photo: Paing Phyo Thu Facebook
ပိုင်ဖြိုးသု ဟာ ဆေးတက္ကသိုလ်ကျောင်းသူ ဘဝကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ ပါသေးတယ်။ အဲ့ဒီနောက် ပညာရေးကို ဦးစားပေးခဲ့လို့ ပရိသတ်တွေနဲ့ ခဏတာ အဆက် အသွယ် ပြတ်နေခဲ့တာပါ။ ကျောင်းပြီးသွား အချိန်မှာ အနုပညာ ပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ဦးအဖြစ် သရုပ်ဆောင်အလုပ်ကို ပြန်လည် ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။
Photo: Nay Min Tun (Amazing Grace)
အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာရင်း ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများလည်း ရိုက်ကူးခဲ့ပါသေးတယ်။ အဲ့ဒီနောက် ပိုင်ဖြိုးသု က ဘီလူးမ၊ သရဲမနှင့် မိန်းမပျို ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကိုလည်း ဆွတ်ခူး နိုင်ခဲ့ပါတယ်။