ပရိသတ်တွေကိုလည်း တောင်းပန်စကားပြောခဲ့ပါသေးတယ်။

မေသန်းနုကတော့ အကျဉ်းထောင်ထဲမှာ နေခဲ့ရတုန်းက အပြင်ကနေရော၊ အထဲမှာရော အကူအညီပေးခဲ့ကြသူတွေကို သူမရဲ့ ရင်ထဲကနေ ကျေးဇူးတင်ကြောင်းပြောလာပါတယ်။ 

Photo: MIn Thant Mg Mg



သရုပ်ဆောင် မေသန်းနုကတော့ ထောင်က လွတ်လာပြီးတဲ့ အချိန်မှာ သူမကို ချစ်ခင် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုလာပါတယ်။ သူမဟာ ငွေကြေးလိမ်လည်မှုနဲ့ အကျဉ်းကျနေတာဖြစ်ပြီး ဇူလိုင်(၁) ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။ 

“ ပရိသတ်ကြီးနဲ့ ခေတ္တခဏ ဝေးကွာသွားတဲ့ အတွက် မဆင့် အနူးညွှန့်တောင်းပန်ပါတယ်။ အမှားအယွင်းများရှိရင်လည်း ခွင့်လွှတ်ပါ။ မဆင့်ဖြတ်သန်းလာတဲ့ ကာလတစ်လျှောက်မှာ အမှားအယွင်းရှိရင်လည်း ထပ်ပြီးတော့ တောင်းပန်ပါတယ်။ မဆင့် အကျဉ်းကျနေတဲ့ အချိန်မှာ မေတ္တာ၊ စေတနာ ရှေ့ထားပြီးတော့ ငွေရေး၊ ကြေးရေးကအစ ကူညီခဲ့သူတွေ၊ ပြီးတော့ ချစ်ခြင်း မေတ္တာအပြည့်နဲ့ မဆင့်ကို ချစ်ပေးကြတဲ့ ပရိသတ်တွေ အားလုံးကို မဆင့်ကျေးဇူးတင်ပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: MIn Thant Mg Mg

မဆင့်ဟာ အကျဉ်းကျခဲ့စဉ်က ထောင်ထဲမှာ မိသားစုသဖွယ် စောင့်ရှောက်ပေးခဲ့ ကြသူတွေ ကိုလည်း ကျေးဇူးတင် စကား ဆိုထားပါသေးတယ်။ 

“ မဆင့် အကျဉ်းထောင်ထဲမှာတုန်းက အကျဉ်းဦးစီးမှူး မမနေ မိသားစု၊ ဆရာမတွေရော၊ မဆင့်နဲ့ အတူတူ အကျဉ်းကျတဲ့ ညီမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မဆင့်ကို စိတ်ရင်း စေတနာနဲ့ စောင့်ရှောက်ပေးခဲ့ကြလို့ ရင်ထဲ၊ အသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” ဆိုပြီးတော့ ဇူလိုင်လ (၁) ရက်နေ့ ညက မင်းသန့်မောင်မောင် ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ တဆင့် တင်ခဲ့တဲ့ ဗီဒီယို ဖိုင်လေးမှာ ပြောခဲ့တာဖြစ်ပါတယ်။ 

Photo: MIn Thant Mg Mg

မေသန်းနုဟာ အခုဆိုရင်တော့ သူမရဲ့ တစ်ဦးတည်းသော သားလေး မင်းသန့် မောင်မောင် ရဲ့ အနုပညာအလုပ်တွေ အတွက် ဘေးကနေ ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။ 

“ မဆင့် ဘဝအသစ်တစ်ခုကို လျှောက်မယ့် ကာလမှာ သားလေးရဲ့ အနုပညာခရီးမှာ မဆင့်က အမေ တစ်ယောက်အနေနဲ့ အကောင်းဆုံး ကူညီပံ့ပိုးပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ပရိသတ်တွေလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ” ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: MIn Thant Mg Mg

မေသန်းနုကဟာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ အင်းစိန်အကျဉ်း‌ထောင်မှာ ပြစ်ဒဏ်ခံယူခဲ့ရတာ ဖြစ်ပါတယ်။နှစ်ဆန်းတစ်ရက်နေ့တုန်းက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ သရုပ်ဆောင် မေသန်းနု ပါဝင်ဖို့ အားလုံးက ဆုတောင်းပေးခဲ့ကြပေမယ့်လည်း အကျဉ်းသား(၂၄,၈၉၆)ဦး လွတ်မြောက်တဲ့ အထဲမှာ သရုပ်ဆောင် မေသန်းနု မပါဝင်ခဲ့နိုင်ပါဘူး။ မေသန်းနုရဲ့ ခင်ပွန်းဟောင်း ဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင်အနေနဲ့လည်း သရုပ်ဆောင်မေသန်းနု ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် အစွမ်းကုန် ဆောင်ရွက်ခဲ့သလို မေသန်းနု အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာရင် နေနိုင်ဖို့အတွက် အိမ်လုံးချင်းတစ်လုံးပြင်ဆင်ပေးထားတာကို တွေ့ရပါတယ်။ သရုပ်ဆောင် မေသန်းနုကို ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ထောင်ဒဏ် တစ်နှစ် ကျခံဖို့ ဇန်နဝါရီ (၂) ရက်နေ့ ရန်ကင်းတရားရုံးမှ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှာတော့ ပြန်လည် လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က