ဒီနေ့ ရိုက်နေတာနော်။

ဖြိုးမြတ်အောင်က အကယ်ဒမီဆုရှင်လေး ပိုင်ဖြိုးသုနဲ့ ကြော်ငြာရိုက်ကူးနေတာတွေ့ရပါတယ်။ ဒါရိုုက်တာ စင်ရော်မောင်မောင် ကြေညာထားတဲ့အတိုင်း "ဧကရာဇာ" ကြော်ငြာကို ဒီနေ့မှာ ရိုက်ကူးနေတာ ဖြစ်ပါတယ်။



Photo : စင်ရော်မောင်မောင် FB

 

Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်က ဒီနေ့(စက်တင်ဘာ၅ရက်) မှာ အကယ်ဒမီဆုရှင်လေး ပိုင်ဖြိုးသုနဲ့အတူ ကြော်ငြာရိုက်ကူးနေပါတယ်။ဖြိုးမြတ်အောင်နဲ့ ပိုင်ဖြိုးသုတို့ ပါဝင်ရိုက်ကူးတဲ့ ကြော်ငြာကို ဒါရိုက်တာ စင်ရော်မောင်မောင်က ရိုက်ကူးပေးနေတာဖြစ်ပါတယ်။

Photo : စင်ရော်မောင်မောင် FB

 

ဒီနေ့ ရိုက်ကူးတဲ့ကြော်ငြာအတွက် ချိန်းထားတဲ့ နေရာကို အားလုံးအချိန်အတိအကျ ရောက်လာလို့လည်း ဒါရိုက်တာ စင်ရော်မောင်မောင်မှာ ဝမ်းသာလို့နေပါတယ်။

"ယနေ့ ရိုက်ကူးမည့် ကြော်ငြာအတွက် သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုနှင့် Myanmar Idol Winner ဖြိုးမြတ်အောင်၊ရိုက်ကူးရေးအတွက် Camera Man အဖွဲ့ Lighting အဖွဲ့ Jip Crain အဖွဲ့ စက်ဖွဲ့သားများ အားလုံး စုရပ်နေရာသို့ ချိန်းထားသည့် မနက် ၆နာရီတွင် အရောက် လာပေး သည့်အတွက် အထူးပင် ဝမ်းမြောက် ကျေးဇူးတင်ရှိ အပ်ပါသည်။" ဆိုပြီး စင်ရော်မောင်မောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာ(၅) ရက်နေ့ ရေးသားထားတာတွေ့ရပါတယ်။

Photo : စင်ရော်မောင်မောင် FB

 

ထို့အတူ ယခင်ရက်များက ရိုက်ကူးခဲ့တဲ့ ရိုက်ကူးရေးတွေမှာလည်း အချိန်အတိအကျနဲ့ ရောက်ခဲ့တဲ့ အနုပညာများကို  ချီးကျူးစကားဆိုထား တာတွေ့ရပါတယ်။

"ပြီးခဲ့သော ရက်သတ္တပတ်ခန့်က ပြေတီဦး ၊အိချောပို တို့လည်း မြို့ပြင်သို့ နံနက် ၆နာရီ သတ်မှတ်ထားသော စုရပ်ကို ရောက်ရှိခဲ့ပါတယ်။ အလားတူ သင်ဇာဝင့်ကျော်သည်လည်း သတ်မှတ်ထားသော အချိန် ရောက်ရှိခဲ့ပါသည်။ မိုးထဲ လေထဲတွင် ရိုက်ကူးနေရသော အချိန်အခါတွင် မြန်မာ့ရုပ်ရှင် လောကသားများ ယခုကဲ့သို့ စနစ်တကျ ဆောင်ရွက်လာသည်ကို အထူး ဝမ်းမြောက် ဂုဏ်ယူအပ်ပါသည်။

Photo : စင်ရော်မောင်မောင် FB

ပရိသတ်ချစ်တဲ့သူတွေနဲ့ ကြော်ငြာရိုက်မယ်ဆိုတဲ့ စင်ရော်မောင်မောင်

ဖြိုးမြတ်အောင်နဲ့ ပိုင်ဖြိုးသုတို့ ဒီနေ့ ရိုက်ကူးနေတဲ့ ကြော်ငြာက"ဧကရာဇာ" ကြော်ငြာလို့ သိရပါတယ်။ နာမည်ကြီး ဒါရိုက်တာကြီးနဲ့ သရုပ်ဆောင်တွေနဲ့အတူ ကြော်ငြာရိုက်ကူးခွင့်ရလို့ ဖြိုးမြတ်အောင် တစ်ယောက် အရမ်းကို ပျော်နေမှာပါ။ ဖြိုးမြတ်အောင်ဟာ ယခုလက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေ လုပ်နေသလို ပရဟိတလုပ်ငန်းများလည်း ဆက်တိုက်ဆိုသလို လုပ်ကိုုင်နေတာ တွေ့ရပါတယ်။

Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်က ရတဲ့ ဆုကြေးတွေထဲက မိခင်ရဲ့ အိမ်မက်တွေကို အရင်ဆုံး အကောင်အထည် ဖော်ပေးမယ်လို့ ဆိုပါတယ်။ ဘုရားထီးတင်မယ်၊ကထိန်ခင်းမယ်ဆိုတဲ့ သူ့ရဲ့ စိတ်ကူးလေးကိုလည်း ပြောပြထားပါတယ်။

"ပရိသတ်တွေကို ပြောခဲ့တဲ့ အတိုင်းပဲ ဘုရားထီးတင်ဖို့ပေါ့ ။အမေ့ရဲ့ အိမ်မက်ဖြစ်တဲ့ ဘုရားထီးတင်တာကို အရင်လုပ်မယ်။ လောလော ဆယ် တော့ မိုးတွင်ဖြစ်နေတော့ ဘုရားကို ပြင်ဖို့အတွက် အရင်လုပ်မယ်။ ပြီးရင်  ဘုရားထီးတင်မယ်။ ကထိန်ခင်းမယ် ကျောင်းဆောက်မယ် ပေ့ါ။ ပညာရေးနဲ့ ပတ်သက်တဲ့နေရာတွေသွားပြီး လှူဒါန်းမယ်။" လို့ သြဂုတ်လ (၁၁) ရက်နေ့ညကပွဲပြီးပြီးချင်း အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo : စင်ရော်မောင်မောင် FB

 

သူ့အနေနဲ့ ပြိုင်ပွဲပြီးနောက်ပိုင်းမှာလည်း သူ့ရဲ့ အနုပညာဝမ်းဆာများကို ထပ်မံဖြည့်စွက်သွားမှာ ဖြစ်ပြီး နောက်တက်လာမယ့် ညီငယ်ညီမ တွေ လေးစားအားကျရတဲ့ အနုပညာသမားတစ်ယောက် အဖြစ် ရပ်တည်နိုင်ဖို့နဲ့ လျှောက်လမ်းမယ့် ဂီတလမ်းကြောင်းမှာ  အတတ်နိုင်ဆုံး အမှားနည်းအောင် လျှောက်လှမ်းပ့ါမယ်ဆိုပြီး ပရိသတ်တွေကို ကတိပေးခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က