အလှူတွေ ဆက်တိုက်လုပ်နေတာနော်။

ဒီနေ့ဟာ အဆိုတော် အေသင်ချိုဆွေရဲ့ အသက်(၂၅) နှစ်ပြည့်တဲ့ နေ့လေးပါ။ သူမရဲ့ မွေးနေ့လေးမှာ အလှူအတန်းတွေ ဆက်တိုက် ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။ သူမက မကြာခင်မှာ ပရိသတ်တွေနဲ့ အပြင်မှာ တွေ့ဆုံဖို့လည်း စီစဉ်နေ ပါတယ်တဲ့။

Photo : အေသင်ချိုဆွေ FB

 

ဒီနေ့ သြဂုတ်လ(၁) ရက်နေ့ဟာ အဆိုတော် အေသင်ချိုဆွေရဲ့ အသက်(၂၅) နှစ်ပြည့်တဲ့ နေ့လေးပါ။ သူမရဲ့ မွေးနေ့လေးမှာ အေသင်ဟာ မွေးနေ့အမှတ်တရအနေနဲ့ အလှူတွေအများကြီး ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။မွေးနေ့မှာ မနက်အစောကစပြီး အလှူတွေ ဆက်တိုက်ပြု လုပ်ခဲ့တာပါ။

မွေးနေ့မှာ မနက်ပိုင်းတွင် ရန်ကုန်ဆေးရုံကြီး၊ ကင်ဆာဌာနမှာရှိတဲ့ လူနာများအတွက် မနက်စာ သွားရောက်လှူဒါန်းခဲ့သလို နေ့လည်ပိုင်းမှာ ကလေးဆေးရုံမှာရှိတဲ့ လူနာအယောက်(၂၀၀)အတွက်နေ့လည်စာ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ညနေပိုင်းမှာလည်း မြင့်မိုရ်မေတ္တာဂေဟာမှာရှိတဲ့ မိခင်နဲ့ ကလေးများကို သွားလှူခဲ့တယ်လို့ သိရပါတယ်။

Photo : အေသင်ချိုဆွေ FB

အထီးကျန်ခြင်းကို အနိုင်ရခဲ့တာကြာပြီဆိုတဲ့ အေသင်ချိုဆွေ 

သူမရဲ့ ဒီနှစ်မွေးနေ့မှာ အလှူအတန်းတွေနဲ့ ဖြတ်သန်းခွင့်ရတဲ့အတွက် အရမ်းကို အေးချမ်းတယ်လို့လည်း မွေးနေ့မတိုင်ခင် လွှင့်ခဲ့တဲ့ Live ထဲမှာ ပြောထားတာဖြစ်ပါတယ်။မကြာခင်မှာလည်း သူမရဲ့ ပရိသတ်တွေနဲ့အတူ တွေ့ဆုံပွဲလေးလုပ်ဖို့ စီစဉ်ထားတယ်လို့ အဲ့ဒီ Live မှာ ပြောထားပါသေးတယ်။  ပရိသတ်တွေနဲ့ တွေ့ဆုံဖို့အတွက် နေရာစီစဉ်ပြီးသွားရင်လည်း အတိအကျ ပြန်ပြောပြမယ်လို့ ဆိုပါတယ်။

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။ အခုလက်ရှိအချိန်ထိ single တစ်ယောက်ဖြစ်နေ တဲ့ အေသင်ဟာ Single is the Best ပါပဲတဲ့။

Photo : အေသင်ချိုဆွေ FB

 

"Single ပါပဲ။ အရမ်းပျော်ဖို့ကောင်းတယ်။ Single is the Best Ever အဲ့တော့ ထပ်ပြီးတော့လည်း Relationship တွေဘာတွေ ထပ်ထားဖို့ လည်း အစီအစဉ်မရှိပါဘူး။အေသင်လွတ်လွတ်လပ်လပ် ဒီတိုင်းလေး နေရတာ ပိုသဘောကျတယ်။စိတ်ပူရမယ့်သူလည်းမရှိဘူး။ သဝန်တိုရ မယ့် သူလည်းမရှိဘူး။အရမ်းအေးချမ်းတယ်" လို့ သူမက Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးထားတာပါ။

သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။

Photo : အေသင်ချိုဆွေ FB

 

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က