Miss Myanmar World 2018 သရဖူကို ပူပူနွေးနွေးရရှိထားသူ အလှမယ် ဟန်တီက အသက်(၂၁) နှစ်ပြည့်မွေးနေ့ လေးကို အလှူအတန်း တွေနဲ့ ဖြတ်သန်းခဲ့ပါတယ်။ ဟန်တီဟာ နိုဝင်ဘာလမှာကျင်းပမယ့် Miss World 2018 ပြိုင်ပွဲကို မြန်မာကိုယ် စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒီနေ့ ဇူလိုင်(၂၅ရက်)က အလှမယ် ဟန်တီရဲ့ အသက်(၂၁) နှစ်ပြည့် မွေးနေ့လေးဖြစ်ပါတယ်။ ဟန်တီက မွေးနေ့လေးမှာ အလှူအတန်းတွေ ဆက်တိုက် ပြုလုပ်နေတာလည်း တွေ့ရပါတယ်။
မွေးနေ့ရဲ့ မနက်ခင်းအစလေးမှာ အလိုတော်ပြည့်ကျောင်းတွင် သံဃာအပါး (၂၅၀)ကို အာရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့သလို နေလယ်ခင်းမှာ မွေးနေ့အမှတ်တရ အလှူအနေနဲ့ ဆည်းဆာရိပ် ဂီလာန ဘိုးဘွား(၁၀၀)ကျော်နဲ့ဝန်ထမ်း များအတွက် ကော်ဖီ လက်ဖက်ရည်နဲ့ မုန့်များ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မွေးနေ့အလှူအဖြစ် ရွှေပြည်သာ ဓမ္မဂုဏ်ရည်ဆရာတော်ကို နေ့ဆွမ်းနဲ့အတူ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပါသေးတယ်။ ဟန်တီအနေနဲ့ ဒီနေ့မှာ ပြုလုပ်တဲ့ သူမရဲ့ အလှူဒါနတွေ အားလုံးကို ပရိသတ်တွေလည်း သူမနဲ့ ထပ်တူထပ်မျှ ရရှိစေဖို့ အမျှပေးဝေပေး ထားတာတွေ့ရပါတယ်။
"ဒီမနက်ဟန်တီလေးမွေးနေ့အလှူကို အလိုတော်ပြည့်ကျောင်းမှာ သံဃာအပါး (၂၅၀)ကိုအာရုံဆွမ်းကပ်ခဲ့ပါတယ်။တာချီလိတ်ကဖွားဖွားကော ဦးလေးသားငယ်ကော ဘန်ကောက်မှာကျောင်းတက်နေတဲ့ မောင်လေးခံ့ခံ့ကောပြန်လာကြတော့လူစုံတက်စုံ။ပြုလုပ်ခဲ့ဖူးသမျှ ကုသိုလ် ကောင်းမှု အစုစုကို အမျှ အမျှ အမျှ ပေးဝေငှပါကုန်၏။နတ် လူ သာဓု ခေါ်စေသောဝ်။သာဓု သာဓု သာဓု။အမျှရကြ၍ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေရှင်။" လို့ ဟန်တီ မိခင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇူလိုင်(၂၅) ရက်နေ့ မနက်ပိုင်းက ရေးသားထားတာ တွေ့ရပါတယ်။
ဟန်တီက မွေးနေ့မတိုုင်ခင် ဇူလိုင်(၂၁) ရက်နေ့ကလည်း အလိုတော်ပြည့်ကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။အဲ့ဒီတုန်းကလည်း အနုပညာမောင်နှမများ၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ We Love Han Thi အဖွဲ့ တို့ကလည်း တက်ရောက်အားပေးခဲ့ကြပါသေးတယ်။
ဟန်တီဟာ မကြာခင်ကမှ Miss Myanmar World 2018 ရဲ့ Winner Crown ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ အတွင်းမှာ ကျင်းပ မယ့် Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာပါ။ ဟန်တီက Miss Supranational 2014 (Top 10 Final list)၊ Miss Supranational Asia & Oceania နဲ့ Miss Supranational Internet ဆုတို့ကိုလည်း ပိုင်ဆိုင်ရရှိထားသူပါ။