Miss Myanmar World 2018 Crown ကို ပူပူနွေးနွေးရရှိထားတာပါ။

အလှမယ်အသစ်ဆက်ဆက်လေး ဟန်တီရဲ့ အသက် ၂၁ နှစ်ပြည့် မွေးနေ့အကြိုအလှူကို ဇူလိုင်လ ၂၁ ရက်နေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ဟန်တီ့ကို သမီးအလိမ္မာလေး ဖြစ်စေချင်တဲ့ မိခင်ရဲ့ အမှတ်တရ မွေးနေ့ဆုတောင်းပေးခဲ့သလို အစစအရာရာ ပြည့်စုံစေချင်တဲ့ ဖခင်ဖြစ်သူ တို့ရဲ့ မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ်။



 

Miss Myanmar World 2018 အလှမယ်အသစ်ဆက်ဆက်လေး ဟန်တီ့ရဲ့ မွေးနေ့အကြို အလှူလေးကိုတော့ ကို ဇူလိုင်လ ၂၁ ရက်နေ့က အလိုတော်ပြည့်ကျောင်း တိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဟန်တီ့ရဲ့ တကယ့်မွေးနေ့ကတော့ ဇူလိုုင်လ ၂၅ ရက်နေ့ ဖြစ်ပါတယ်တယ်။ ဟန်တီ့အတွက် မိဘ နှစ်ပါးရဲ့ ဆုတောင်းစကားသံကိုလည်း မီဒီယာတွေကနေ တဆင့်ပြောပြခဲ့ပါတယ်။

'' ၂၁ နှစ်မြောက်ကြရောက်မယ့် မွေးနေ့လေးမှာ သမီးလေးဟာ မိမိအကျိုး၊ အများအကျိုး၊ သာသနာ့အကျိူး၊ နိုင်ငံအကျိုးကို သယ်ပိုးထမ်းရွက် နိုင်တဲ့ သမီးအလိမ္မာလေးဖြစ်ပါစေလို့ အန်တီက ဆုတောင်းပေးပါတယ်'' ဆိုပြီးတော့ ဟန်တီ့ရဲ့ မွေးနေ့အကြိုအလှူလေးမှာ မိခင်ဖြစ်သူ ဒေါ်တင်တင်အောင် က ဆုတောင်း ပေးခဲ့တာပါ။

 

အလှမယ် ဟန်တီ့ကိုလည်း အစစအရာရာပြည့်စုံတဲ့ ဘဝလေးကို ပိုင်ဆိုင်စေချင်တဲ့ ဖခင်ဖြစ်သူရဲ့ မွေးနေ့ဆုတောင်းလေးကလည်း တကယ် ကို ပြည့်စုံပါပေတယ်။

'' သမီးလေးရဲ့ အခုကျရောက်မယ့် ၂၁ နှစ်ပြည့်မွေးနေ့မှာစပြီးတော့ နောက်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်ချမ်းမြေ့ပြီးတော့ လိုလေ သေးမရှိ ပြည့်စုံတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်'' ဆိုပြီးတော့လည်း ဟန်တီ့ရဲ့ မွေးနေ့ အကြိုအလှူ လေးမှာ ဖခင်ဖြစ်သူ ဦးဇော်သက်လွင်က ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

ဒိုင်တွေရဲ့ဆုံးဖြတ်ချက်နဲ့ အမှန်အကန် ရွေးချယ်တဲ့ ပွဲတစ်ပွဲပါဆိုတဲ့ ဟန်တီ

ဟန်တီ့ရဲ့ အသက်(၂၀)နှစ်ပြည့်မွေးနေ့ပွဲကိုလည်း ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ကမ္ဘာအေးဘုရား လမ်းရှိ မဟာစည်သာသနာ့ ရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီတုန်းကလည်း အနုပညာမောင်နှမများ၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ We Love Han Thi အဖွဲ့ တို့ကလည်း တက်ရောက်အားပေးခဲ့ကြပါသေးတယ်။

 

ဟန်တီဟာ မကြာခင်ကမှ Miss Myanmar World 2018 ရဲ့ Winner Crown ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ အတွင်းမှာ ကျင်းပ မယ့် Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာပါ။ ဟန်တီက  Miss Supranational 2014 (Top 10 Final list)၊ Miss Supranational Asia & Oceania နဲ့ Miss Supranational Internet ဆုတို့ကိုလည်း ပိုင်ဆိုင်ရရှိထားသူပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က