ချစ်သုဝေ တစ်ယောက် ခေါင်းလျှော်၊ ဆံပင်လုပ်နေတဲ့ ဓာတ်ပုံနဲ့ လင်းလင်းကတော့ အခုလို စနောက်လိုက်ပါတယ်။ ဒီ ဇနီး မောင်နှံ နှစ်ယောက် ကလည်း ပရိသတ် အချစ်ကို အပြည့်အဝ ရရှိပြီးသားသူတွေပါ။
Photo: လင်းလင်းဖေ့စ်ဘွတ်
အလှပြင်ဆိုင်မှာ ခေါင်းလျှော်၊ ဆံပင်အလှပြင်နေတဲ့ ချစ်သုဝေနဲ့ လင်းလင်းတို့ ဇနီးမောင်နှံကတော့ သာသာယာယာပါပဲ။ အဲ့ဒီမှာ ဆံပင်အလှ ပြင်နေတဲ့ ချစ်သုဝေကို ခင်ပွန်းဖြစ်တဲ့ လင်းလင်းရဲ့ စနောက်လိုက်တဲ့ စကားလေးကတော့ တကယ်ကို ပျော်စရာကောင်းလှပါတယ်။
'' ယောင်္ကျားချော rocker တစ်ယောက်ကို လိုက်မှီအောင်ကွယ်ရာမှာ သူဘယ်လိုပြင်ဆင်ရသလဲဆိုတာ ချစ်ပရိတ်သတ်ကြီးတွေသိရင် သိပ်ကောင်းမှာဘဲ။ ခွိခွိခွိ'' ဆိုပြီးတော့ စက်တင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၁ နာရီက လင်းလင်းရဲ့ ဖေ့စ်ဘွတ်ကနေ ချစ်သုဝေ အကောင့်ကို Tag တွဲပြီး တင်ခဲ့တာဖြစ်ပါတယ်။
Photo: လင်းလင်းဖေ့စ်ဘွတ်
ဖေဖေနဲ့အပြိုင် စန္ဒယားတီးပြီး သီချင်းတွေအော်ဆိုနေတဲ့ ခေတ်နဲ့သစ်
အဆိုတော်လင်းလင်းဟာ ဂီတဘက်ထူးချွန်သူတစ်ယောက်ပါ၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတွေကလည်း ပရိသတ်အကြိုက် နဲ့ ထပ်တူ ကျခဲ့တဲ့ သီချင်းတွေပါပဲ။ လင်းလင်း ကတော့ အဆိုတော်ချစ်သုဝေရဲ့ ခင်ပွန်း၊ ပရိသတ်တွေရဲ့ အချစ်တွေအများကြီးကို ပိုင်ဆိုင် ထားတဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ရဲ့ ဖေဖေ ဖြစ်ပါတယ်။
Photo: လင်းလင်းဖေ့စ်ဘွတ်
လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။
Photo: လင်းလင်းဖေ့စ်ဘွတ်
လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။