ပန်းတနော်မှာရှိတဲ့ ကောင်မလေးဆီကို ပါ။

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဇေရဲထက်ဟာ သူ့ကို အရမ်းတွေ့ချင်နေတဲ့ အမာခံ ပရိသတ်တစ်ယောက်ဆီ သွားတွေ့ဖို့ စီစဉ်နေပါတယ်။ အဲ့ဒီ မိန်းကလေးဟာ ဇေရဲထက်ကို တွေ့ချင်လွန်းလို့ ဇေရဲထက် အလာကို မျှော်လင့်နေသူလည်း ဖြစ်ပါတယ်။

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဇေရဲထက်ဟာ သူ့ကို အရမ်းတွေ့ချင်နေတဲ့ အမာခံ ပရိသတ်တစ်ယောက်ဆီ သွားတွေ့ဖို့ စီစဉ်နေပါတယ်။ အဲ့ဒီမိန်းကလေးဟာ ပန်းတနော်မြို့နယ်မှာ နေထိုုင်တာ ဖြစ်ပြီး ဇေရဲထက်ကို အရူးအမူး အားပေးတဲ့ အမာခံပရိသတ်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဇေရဲထက်က ထိုမိန်းကလေးရှိရာ ပန်းတနော်မြို့သို့ ဖေဖော်ဝါရီ(၅) ရက်နေ့မှာ သွားရောက်ဖို့ အတွက် စီစဉ်ထားတယ်လို့ ဆိုပါတယ်။



“ကျွန်တော့်သူ့ကို ငါးရက်နေ့မှာ သွားတွေ့ဖို့ စီစဉ်ထားတယ်။ အခုလောလောဆယ်မှာ သူ့အတွက် လိုအပ်တာက ပိုက်ဆံထက် ကျွန်တော့်ကို အရမ်းတွေ့ချင်နေတာဆိုတော့ကျွန်တော်ကိုယ်တိုင် သွားတွေ့မယ်။ ပြီးတော့ လိုအပ်တာလေးတွေ ရှိရင်လည်း လုပ်ပေးမှာပါ။ “ လိုု့ ဇန်နဝါရီ(၂၉) ရက်နေ့က Duwun Media သို့ ဖြေဆိုပေးခဲ့တာပါ။


သူ့ကို အားပေးတဲ့ မိန်းကလေးရဲ့ ဗီဒီယိုကို မြင်လိုက်ချိန်မှာလည်း အရမ်းကို ခံစားရတယ်လို့ ဆိုပါတယ်။

“ဗီဒီယိုကို မြင်လိုက်တဲ့အချိန်မှာ ဘယ်လိုပြောရမလဲ မခံစားနိုင်အောင် ဖြစ်ရတယ်။ ကိုယ်တွေလည်း မပြည့်စုံတဲ့ ဘဝက လာရတာ ကိုယ်ချင်းစာတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သရုပ်ဆောင်တွေကို အရမ်းသဘောကျခဲ့တာလေ။ မင်းသားမင်းသမီး မပြောနဲ့ ဇာတ်ပို့ဇာတ်ရံ လူကြမ်းတွေ့တာတောင် အရမ်းပျော်တယ်။ အရမ်းမက်မောတယ်။ အပြင်မှာတွေ့ရင်လည်း ရင်တွေခုန်ပေ့ါ။ ကိုယ့်တုန်းကလည်း အဲ့လိုရှိခဲ့တာ။ အခုသူလည်း ကျွန်တော့်ကို တွေ့ချင်တယ်ဆိုတော့ သူ့နေရာမှာ ကျွန်တော်ခံစားမိတယ်။ အစကတော့ သူ့ကို Surprise လုပ်ဖို့ပဲ ဒါပေမဲ့ မလုပ်တော့ဘူး ၅ရက်နေ့ လာမယ်လို့ပဲ ပြောလိုက်တယ်” လို့ ဇေရဲထက်က ဆက်လက်ပြောပြခဲ့ပါသေးတယ်။

ဇေရဲထက်ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက် ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေကြားကနေ အခုဆိုရင် အောင်မြင်တဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က